🍁41🍁

4.6K 254 52
                                    

Yeol : babe ! ထတော့ မနက်ပိုင်း
လမ်းလျှောက်ရဦးမယ်လေ ....

Baek : အင်းးးးး

ကလေးမွေးတဲ့အခါ လွယ်လွယ်ကူကူ
မွေးနိုင်အောင်... လမ်းများများလျှောက်ပေး
ရမည် ဟု စာအုပ်ထဲတွင် ဖတ်ဖူးသည်ကြောင့်
မနက်စောစောထ လမ်းလျောက်ရမှာ ...
ပျင်းလွန်းသည့် Baek ကို နှိုးနေရသည်..။

အခု လည်း yeol ကသာ နှိုးနေတာ
စောင်ပုံကြားထဲ မြုပ်နေသည့် baek က
အင်း တစ်ချက်သာပြုပြီး... လူကတော့
မလှုပ်လာ.... ။ ဟိုတစ်ခါ ...
စကားများပြီးထဲက... Baek အား
အလိုလိုက် အလျော့ပေးပြီး..
ဆက်ဆံလာခဲ့သည်ကြောင့်.. baek က
နည်းနည်းဆိုးလာသည်.... ။

သူမ မလုပ်ချင်တာ မစားချင်တာတွေများ
လုပ်ခိုင်း ကျွေးခိုင်းမိလို့ကတော့....
အဲ့နေ့ တစ်နေ့လုံးအခန်းတံခါးလော့ချပြီး
စိတ်ကောက်နေတတ်သည်.... ။
သူမ စိတ်ကောက်တာ ချက်ချင်း
လိုက်မချော့ရင်လည်း ... Yeol အား
တစ်ပတ်လောက် လုံးဝစကားမပြောဘဲ
သူမ လုပ်ချင်တာတွေ စားချင်တာတွေ
လုပ်ပြီး စားပြီး နေ,နေတတ်သည်... ။

သားကလည်း သူ့အဖွားတို့က ...
ခေါ်ထားပြီး ..ကျောင်းပိတ်ရက်မှသာ
အိမ်ကိုပြန်လာသည်.... ။
သားတက်နေသည့် ကျောင်းက
omma တို့နဲ့ ပိုနီးသည်လည်း
ပါသည်..။ သားပြန်လာသည့်အခါတိုင်း
baek က သားကိုအကြောင်းပြပြီး..
သူမနှင့် မတည့်သောအစားအစာများကို
စားလေ့ရှိသည်.... ။ Yeol လည်း
မနိုင်တော့သည်ကြောင့် မပြောတော့ဘဲ
သူမ မတည့်တာတွေစားပြီးသည့်အခါတိုင်း
ဆေးသာ တိုက်ရတော့သည်...... ။

တဖြေးဖြေး ဆူထွက်လာသည့် ဗိုက်ကလေးနဲ့
baek ဟာ yeol သေချာရွေးဝယ်ပေး
ထားသည့် ဗိုက်ဖုံးအကျီင်္လေးနဲ့ ...
အတော်ကို ချစ်စရာကောင်းလာသည်...။
Baek ၏ အသားအရေသည်
ကိုယ်ဝန်ကြောင့် အသွေးအသား
ပြောင်းလဲကာ အရင်ကထက်ဖြူဖွေးဥ
လာသည်..... ။

အခုလည်း အိပ်ရာ မထချင်သေးသည့်
baek အား အတင်းမနှိုးရဲ... ။
တော်ကြာ ကောက်သွားမှာစိုးလို့....
သို့ပေမယ့် ဒီနေ့ OG နဲ့ ရက်ချိန်းလည်း
ရှိတာကြောင့်.... နောက်မကျအောင်
လုပ်နေရသည်..... ။ OG နဲ့
ရက်ချိန်းသွားရသည့်နေ့တိုင်း Baek
က အမျိုးမျိုးအကြောင်းပြပြီး...
မသွားချင်..... ။ မေးကြည့်တော့...
သူမ ကို ဆေးထိုးလို့တဲ့ .... ။

Moonlight Dawn By Cloud (Completed)Where stories live. Discover now