🍁Final🍁

5.1K 274 22
                                    

ဗြဲးးးးးးးးးးး

Baek : အင်း.... ကိုကို ယူလေး
ငိုနေတယ်.... ထ ကြည့်လိုက်ဦး....

သန်းခေါင်ယံအချိန် ကုတင်ဘေးက
ပုခက်ပေါ်တွင် ထွက်ပေါ်လာသည့်
ကလေးငိုသံကြောင့်... Baek
အိပ်ချင်မူးတူး နှင့် ဘေးနားက yeol
အား လှုပ်နှိုးပြီး သွားကြည့်ခိုင်းလေသည်။

Yeol ကလည်း အိပ်ပျော်နေရာမှ သူ့သမီး
ငိုနေတယ်လည်းဆိုရော ... ထ ပြီး
ငိုနေသည့် ယူလေး ကို ချီပြီး
ချော့နေရှာသည်..... ။ အခြားအချိန်တွေ
နှိုးရင် တော်တော်နဲ့ အိပ်ရာမထတတ်သော
yeol သည် သူ့သမီးငိုနေတယ် ဆိုတာနဲ့
တန်း ထသည်..... ။

၇ လကျော် ယူဂျင်းလေး ဟာ နေ့တိုင်း
ညဘက် ဒီလိုချိန်ဆို ထ ငိုတတ်သည်..။

Yeol : agioo တိတ်ပါ သမီးရယ်
နော် appa သီချင်း ဆိုပြမယ်လေ....
နော်.....

Yeol ဘယ်လိုချော့ချော့ ယူလေးက
အငိုမတိတ်.... ။ ဗိုက်ဆာ နေလို့လားဆိုပြီး
အသင့်ဖျော်ထားသည့် နို့ဘူးလေးကို
တိုက်တော့လည်း မဟုတ်.... ။

Yeol : Babe !! သမီးက အငိုမတိတ်သေးဘူး
ထ ကြည့်ပါဦး!

ဟု...ယူလေး စပြီးငိုကတည်းက..
နိုးပြီး ပြန်အိပ်လို့မရသေးဘဲ....
.ကြိတ်မှိတ်အိပ်နေသည့် baek ကို
လှမ်းပြောလိုက်သည်..... ။

Baek : ဟင်း လာ ဒီနားကိုချီလာခဲ့....

yeol baek ပြောသည့်အတိုင်း...
ယူလေးကို baek အိပ်နေသည့်
ဘေးနားသို့ ချပေးလိုက်သည်.... ။

Baek သူမ ဘေးနားသို့ ယူလေး
ရောက်လာသည့်အခါ ...သူမ. ၀တ်ထားသည့်
တီရှပ်လေးကို လှန်တင်လိုက်ပြီး....
ယူလေးကို ရင်ခွင်ထဲ....
ဆွဲသွင်းလိုက်သည်...... ။

ထိုအခါ ခုနက မျက်လုံးဝိုင်းပြီး
အာခေါင်ခြစ် ငိုနေသော...
ယူလေး က တိခနဲ ဆိုသလို ...
အငိုတိတ်သွားပြီး... မျက်လုံးများ
ကလည်း မှေးစင်းသွားလေသည်...။

ယူလေး အငိုတိတ်သွားတော့မှ
Yeol သက်ပြင်းတစ်ချက်ချပြီး
နာရီကြည့်တော့ တစ်နာရီပဲ ရှိသေးသည်။
ထိုကြောင့်.... baek ဘေးနားမှာပဲ..
ပြန်ဝင်အိပ်လိုက်သည်..... ။

💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞

ဖတ်~ခစ်~ဖတ်~ခစ်~ဖတ်~ခစ်~~

Moonlight Dawn By Cloud (Completed)Where stories live. Discover now