🍁20🍁

3.1K 241 49
                                    

" baekkie ​ရေ ဒီမှာ လူ​တွေအရမ်းကျ​နေလို့
စားပွဲ​ထိုး​လေး လုပ်​​ပေးပါဦး! ပန်းကန်​​တွေကို
Sumi နဲ့ခဏထားခဲ့လိုက်​.... "

Baek ဆိုင်​ရဲ့ အကူ​နောက်​တစ်​​ယောက်​ဖြစ်​သည့်
Sumi နှင့်​အတူ ပန်းကန်​​တွေ​ဆေး​နေရင်း..
ဆိုင်​ရှင်​ဖြစ်​သူ arjima က ​ရှေ့မှာ စားပွဲထိုး​ပေးဖို့
ခေါ်​နေသည်​​ကြောင့်​...လက်​ထဲမှ ​ဆေးလက်​စ
ပန်းကန်​​တွေချကာ......

Baek : Nae!! Arjima !! လာပြီ !!
Sumi ဒါ​လေး​တွေ ဆက်​​ဆေးထားလိုက်​​နော်
Sumi unnie ပြီးရင်​ ပြန်​လာခဲ့မယ်​......

လို့​ပြော​တော့.... Sumi က ​ခေါင်း​လေးငြိမ့်​ပြသည်​..။

Sumi : ရတယ်​ unnie  ဒီကိုပြန်​မလာနဲ့​တော့
ညီမ ပဲ ဒါ​တွေ​ဆေးထားလိုက်​​တော့မယ်​....

Baek : omm အဲ့ဒါဆို unnie သွားလိုက်​ဦးမယ်

Baek မီးဖိုခန်းထဲမှ ဆိုင်းထဲပြန်​၀င်​လာ​တော့..
လူအ​တော်​ကျ​နေသည်​..... ။ ဆိုင်​မှာရှိသည့်​..
စားပွဲထိုး​လေး​တွေကလည်း... လက်​ကိုမလည်​...။
ထို့​ကြောင့်​ အမြန်​ ​ကောင်​တာ ​ပေါ်မှာတင်​ထားသည့်​.. Menu စာအုပ်​နှင့်​အတူ ဗန်းတစ်​ချပ်​ကိုယူကာ...
နီးရာ စားပွဲဝိုင်းသို့ သွားလိုက်​သည်​..... ။

💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞

Yeol.Nana က အဲ့ဆိုင်​က အသားကင်​က
အရမ်းစားလို့​ကောင်းလို့ စားချင်ပါတယ်​ ဆိုတဲ့
စကား​ကြောင့်​ .. Nana အလိုကျ yeol
လိုက်​လာခဲ့ရသည်​.... ။
ရောက်​​တော့ အင်း ဆိုင်​​လေးက.မဆိုးဘူးလို့
ပြောရမှာပဲ သပ်​သပ်​ရပ်​ရပ်​ နှင့်​ လာစားကြသူ​တွေ
လည်း အ​တော်​များသည်​..... ။

ထို့​ကြောင့် အပြင်​မှာ မိနစ်​အနည်းငယ်​​လောက်
စောင့်​ပြီး စားပွဲအလွတ်​ကို​တွေ့​တော့....
Nana မှ yeol လက်​ကိုဆွဲကာ
ထိုစားပွဲအလွတ်​​လေးမှာ... ၀င်​ထိုင်​လိုက်​သည်​...။

" ဧည့်​သည်​ ဘာများသုံး​ဆောင်​မလဲရှင့်​ "

ဆိုတဲ့စကား​နှင့်​အတူ Menu စာအုပ်​ကို
Yeol တို့ထိုင်​​နေရာစားပွဲသို့ချ​ပေးလာသည်​...။

Moonlight Dawn By Cloud (Completed)Where stories live. Discover now