🍁40🍁

4K 294 46
                                    

Kris : ကဲ မင်္ဂလာပွဲလည်း ပြီးပြီဆိုတော့
ငါတို့ kie လေး နဲ့ shin လေး ကို
ပြန်ခေါ်သွားတော့မယ်....

Yeol : ဗျာ!!!

မင်္ဂလာပွဲပြီးပြီးချင်း ဟန်းနီးမွန်းထွက်ဖို့ အားခဲ
ထားသည့် yeol တစ်ယောက် ....
အဖေဖြစ်သူစကား ကိုကြားကြားချင်း....
ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်လိုက်သလို
ဖြစ်သွားသည်.... ။ အခုပုံစံက မသိရင်
သူကပဲ မင်္ဂလာအငှားဆောင်နေသလိုလို..။
အခုမှ လက်ထပ်ပြီးတဲ့ သူ့သတို့သမီးအား
ခေါ်သွားတော့မယ်ဆိုတော့... သူက
တစ်ယောက်တည်း အိမ်ပြန်ပြီး ...
ဘာလုပ်နေရမှာလဲ....။

baek ကိုကြည့်တော့လည်း သူနဲ့
မျက်စောင်းထိုး စားပွဲဝိုင်းလေးမှာ...
Omma ရော သား ရောနဲ့အတူ ...
ရေခဲမုန့် အားရပါးရ ထိုင်စားနေသည်...။
ကြိတ်ပြီး ရန်ဖြစ်နေသည့် သူတို့သားဖ ကို
မြင်ဟန်မပေါ်.... ။

Yeol : appa ဘာတွေပြောနေတာလဲ?
appa တို့ရဲ့ kie လေးက အခုသားနဲ့
လက်ထပ်ပြီးလို့ သားမိန်းမဖြစ်သွားပြီလေ
အဲ့တော့ appa တို့နဲ့ ဘာမှမဆိုင်တော့ဘူး
baek ကို သားနဲ့ပဲ ခေါ်ထားမှာ ....
Shin လေး ကိုရောပဲ...

Kris : ဟေ့ကောင် ဘာဖြစ်လို့ ငါတို့နဲ့
kie က မဆိုင်ရမှာလဲ မင်းက ငါသားလေ
အဲ့တော့ မင်းနဲ့လက်ထပ်လိုက်တဲ့...
kie လေးက ငါ့ချွေးမ ပေါ့ ...
shin လေး ကလည်း ငါမြေး ...
ငါ့ ချွေးမ နဲ့ ငါ့သားကို ငါ့ဆီမှာ
ခေါ်ထားထာတာ ဘာဖြစ်သလဲ...
မင်းလို မယား မယားမှန်းမသိ...
သား သားမှန်းမသိတဲ့ ကောင် လက်ထဲ
ဘယ်လိုလုပ် ငါ့ချွေးမ နဲ့ မြေး ကို
စိတ်ချလက်ချ ထည့်ပေးနိုင်ပါ့မလဲ

Yeol : appa အဲ့ဒါက ဟိုမိန်းမ
ဝင်ရှုပ်လို့လေ .. မဟုတ်ရင် သားက
Appa တို့ထက်တောင် အစောကြီးသိမှာ..
မသိဘူးဗျာ သားကတော့ သားမိန်းမ နဲ့
ကလေးကို သားအိမ်ပဲခေါ်သွားမှာ.....

Yeol appa ရဲ့ အကြောင်းကို
သိသူမို့ ... ခပ်မြန်မြန်ပဲ appaရဲ့
အနားကနေ ထွက်ကာ baek
ထိုင်နေရာသို့သွားပြီး... သားကိုချီ
baek လက်ကိုဆွဲပြီး... ခန်းမထဲမှ
မြန်မြန်ထွက်လာခဲ့သည်.... ။
အနောက်မှ omma ရဲ့ ခေါ်သံကို
ကြားသော်လည်း... လှည့်မကြည့်နိုင်...။
ဘေးနားက Baek ရဲ့ ဘာဖြစ်လို့လဲ
ဆိုသည့် မေးခွန်းကိုလည်း ပြန်မဖြေနိုင်..။
သူ့အိမ်မြန်မြန်ရောက်ဖို့သာ စိတ်လောနေသည်။

Moonlight Dawn By Cloud (Completed)Where stories live. Discover now