Part 1

4.3K 120 2
                                    

Season 1 လေးပါ

Part{1}
လေနုအေးလေတွေ တသုန်​သုန်​ တိုက်​ခတ်​နေသော နံနက်​ခင်း
နေရောင်​ခြည်​သန်းစအချိန်​မှာ ပတ်​ဝန်းကျင်​ရဲ့ တိတ်​ဆိတ်​မှုကို
ခံစားရင်း  သာယာစွာ ပန်းပင်​လေးတေကို ရေလောင်းပေါင်းသင်
ပေးနေစဉ်​ မျက်​နှာချင်းဆိုင်​က ခြံရှေ့ကို   ကားတစ်​စီးထိုးရပ်​သွား
တာမို့ လှမ်းကြည့်​လိုက်​သည်
အင်း ပစ္စည်းတေကြည့်​ရတာ နောက်​ဆုံးပေါ်တေချည်းဘဲ ဒီရှေကတိုက်
နဲ့ခြံက ဝယ်​နိုင်​မယ့်​သူမရှိလို့ ပစ်​ထားတာကြာပီဘဲ ဟိုတစ်​နေ့ကတော့
ခြံရှင်းနေတာတွေ့လိုက်​တယ်​ ပိုင်​ရှင်​ပေါ်လာပီထင်​ပါရဲ့
Krist တျောက်​တွေးပီး ရေသာ ဆက်​လောင်းနေလိုက်​သည်
မကြာ ကားတစ်​စီးရပ်​သံကြားလိုက်​ရပီး
"ဟာ ဦးလေးမြ အဲ သတ္တာကို မလေ အထဲက ပစ္စည်းတေ ပျက်​စီးကုန်
တော့မှာဘဲ "ဆူညံပီး မောက်​မာလှသော အသံကြောင့်​ လှမ်းကြည်
့​လိုက်​တော့ အသားညိုညို နဲ့ ကောင်​လေးတျောက်​ ဆံပင်​တေကလည်း
ရောင်​စုံ အနီတေရော အဝါတေရော အပြာတေရော သက်​တန့်​တစ်
ခုလုံး ခေါင်းပေါ်ရောက်​နေတဲ့အတိုင်းဘဲ အကျီ င်္ကလည်း
ဘို့ယို့ဘားယား နဲ့ ဘောင်းဘီကလည်း ကြိုးတေရှုပ်​ရှက်​ခတ်​လို့
သူ့မျက်​လုံးထဲတော့ လုံးဝ ×ဘဲ 
"ဦးလေး ကျွန်​တော်​ကူမပေးမယ်​ "ယောကျာ်းတစ်​ယောက်​အားနဲ့တောင်​ မမနိုင်​သော သေတ္တာကြီးကို အဘိုးကြီးတျောက်​တည်းက မခိုင်းတယ်​ဆိုတော့ Krist မနေနိုင်​တော့ဘဲ ကူမပေးလိုက်​သည်
"ကျေးဇူးပါကွယ်​ ငါ့တူလေးက သဘောကောင်းတာဘဲ ဒါနဲ့ ဘယ်​လို"
"ဟုတ်​ကဲ့ ကျွန်​တော့နာမည်​က Krist ပါ ဦးလေး ဒီခြံရဲ့ မျက်​နှာချင်းဆိုင်​ကပါ ပန်းပင်​တေရေလောင်းနေရင်း အမြင်​မတော်​လို့ ဝင်​ကူတာပါ "
"အင်း ရုပ်​လေးကြည့်​လိုက်​တာနဲ့ အေးချမ်း​သွာားတာဘဲကွယ်​ အသားလေးဖြူသလို စိတ်​ထားလေးကလည်း ဖြူလိုက်​တာ"
ဦးလေးမြစကားကြောင့်​မျက်​နှာတစ်​ခုလုံး ရဲတွက်​နေသော လူကြီးကို သူလှမ်းကြည့်​လိုက်​ပီး
"ရော့ ဒါက သေတ္တာမပေးလို့ လုပ်​အားခပေးတာ "သူ့ရှေ့ကို ထိုးပေးလာသော ပိုက်​ဆံတစ်​အုပ်
"ဘာကွ ငါ့စေတနာကို စော်​ကားတာလား ငါက အမြင်​မတော်​လို့ ဝင်​ကူညီတာကွ ငါ့မှာလည်း ငါ့လုပ်​အားခနဲ့ စားနိုင်​နေနိုင်​တယ်​ မင်းလို မိဘ အရှိန်​အဝါနဲ့ မောက်​မာနေတာမဟုတ်​ဘူးကွ တောက်​ မင်းကွာ "
အင်း သူ့ကို ခုလိုဘယ်​သူမှပြန်​မပြောရဲ  သတ္တိကိုတော့ ကြိုက်​သွားပီ ပြောပီး ချာခနဲလှည့်​ထွက်​သွားသော လူကြီးကို လှမ်းကြည့်​လိုက်​ပီး
ပုခုံးတွန့်​လိုက်​သည်
"နေပေါ့ ရော့ ဦးလေးမြဘဲ ယူလိုက်​ မလိုလည်း သိမ်းထားလိုက်​ပေါ့ နောက်​လိုလာလိမ့်​မယ်​"
ပိုက်​ဆံပေးပီး တိုက်​ထဲဝင်​သွားသော Singto ကို ကြည့်​ပီး ဦးလေးမြ သက်​ပြင်းချလိုက်​သည်
ဒီကလေးဘယ်​တော့များမှ လိမ်​မာပါလိမ့်​ အင်းလေ ခုလိုဆိုးနေရတာလည်း ကလေးအပြစ်​မှ မဟုတ်​တာ ဒါတေအစက
"ရော့ အကို သုံးချင်​တာ သုံးရအောင်​ မေ Golden Card လုပ်​ပေးထားတယ်​ ပီးတော့ ဗီရိုထဲမှာ အဝတ်​စားတေအပြည့်​ ဝယ်​ထည့်​ပေးထားတယ်​လေ တစ်​နေ့တစ်​မျိုး ဝတ်​စမ်းပါ ပါမောက္ခ တစ်​ယောက်​ဖြစ်​နေပီး အဝတ်​စားကို ဖြစ်​သလို ဝတ်​နေတာ လူမြင်​မကောင်းပါဘူး ပီးတော့ မေတို့ အဆင့်​အတန်းနဲ့ တူအောင်​နေစမ်းပါ "မှန်​တင်​ခုံရှေ့မှာ လက်​သည်းနီဆိုးရင်း ပြောနေသော မိန်းမကို သူလှမ်းကြည့်​လိုက်​သည်
"ငါအခုလို ဝတ်​ထားတာကို လိပ်​ပြာလုံတယ်​ကွ မင်းနဲ့မရခင်​ကတည်းက ဒီလို ဝတ်​လာတာ မိန်းမဆင်​ပေးတာ ဝတ်​နေရတယ်​လို့ ငါ  အပြောမခံနိုင်​ဘူး ပီးတော့ အဲလိုတန်​ဖိုးကြီး အဝတ်​စားတေဝတ်​ရမှာ ငါရှက်​တယ်​ "ဤသို့ ဤနှယ်​စခဲ့ကြသော သူတို့အိမ်​ထောင်​ရေး တျောက်​ကပညာတတ်​ တျောက်​ကဥစ္စာပေါ ရုပ်​ချော နေနှင့်​လလို လိုက်​ဖက်​ပီး သာယာပြည့်​စုံလိမ့်​မည်​ဆိုတဲ့ အတွေးနဲ့ မိဘတေက ပေးစားခဲ့ကြသည်
အစပိုင်းမှာ သာယာခဲ့ကြပေမဲ့ Singto ကိုယ်​ဝန်​ရလာချိန်​မှ ပြသနာတေကစခဲ့သည်​ အလှပမက်​မောသော ခင်​မမမေ သည်​ ကိုယ်​ဝန်​ မဆောင်​ချင်​ခဲ့ နောက်​ပိုင်း Singto မွေးပီးတော့ တုန်​နေအောင်​ချစ်​ခဲ့ပေမဲ့ နောက်​ထပ်​ကလေးယူဖို့ကို မစဉ်းစားတော့ဘဲ Singtoလေးသာ  တစ်​ဦးတည်းသော သားဖြစ်​လာခဲ့သည်​ မိသားစုသိုက်​ဝန်းနဲို့  နေချင်​သော  ဦးPrayacha က မကျေနပ်​ ထိုကတည်းကစခဲ့သော အိမ်​ထောင်​ရေး အဖုထစ်​ကြောင့်​ နောက်​ဆုံး လမ်းခွဲခဲ့ကြသည်​ Singto ကို တော့ အမေဖြစ်​သူက ခေါ်ထားခဲ့ပီး စည်းစိမ်​နောက်​သာ လိုက်​ခဲ့တော့  ဆုံးမမည့်​သူမရှိ အလိုလိုကခံရ်​ပီး ငွေကို ရေလိုသုံးခဲ့ရသော Singto က တစ်​ဇွတ်​ထိုး ဂျစ်​ကန်​ကန်​ဖြစ်​လာတော့သည်

U { ဦး }Where stories live. Discover now