Part 3

1.4K 71 0
                                    

Thesis Titleတေနဲ့နပန်းလုံးနေရလို့ Update မလုပ်​နိုင်​ဘူးဖြစ်​သွားတယ်​😉
စိတ်​ကို ဆွဲဆန့်​ပီး ဖတ်​ပေးကြတဲ့သူတေ ကျေးဇူးပါ😁

Part{3}
  တစ်​ဝန်းလုံးက အမှိုက်​တေအကုန်​လုံးကို ပျော်​ပျော်​ပါးပါး  ဝိုင်း ကောက်​လိုက်​ကြတာ တစ်​မှုန်​မှမရှိတော့တဲ့အချိန်​မှာ တော်​တော်​လေးမောနေကြတာမို့ အပန်းဖြေနေကြပါတယ်
"ဟား အမောပြေသွားpကွ အပြုံးလေးမြင်​လိုက်​ရတာ အကုန်​ပျောက်​သွားpကွာ"
"ဘာလဲ အသက်​ရောပါလား ဟားဟားဟား"ဘေးနားက ထိုင်​နေတဲ့ ကောင်​တေရဲ့ စကားကြောင့်​ သူတို့ကြည့်​ရာကို လှမ်းကြည့်​လိုက်​တော့
လက်​ထဲမှာ မုန့်​တေနဲ့ အအေးဘူးတေထည့်​တားသော အိတ်​ကိုဆွဲလာကာ ကျောင်းသားတေကို ပြုံးပြပီး လိုက်​ဝေနေသော ဦး
ညနေစောင်း ရော့သွားသော အပူရှိန်​အောက်​မှာ တောက်​ပနေသော နေမင်းတစ်​စင်း Singto ကြည့်​ကောင်းကောင်းနဲ့ ဦးရဲ့ လှုပ်​ရှားမှုတေအကုန်​လုံးကို လိုက်​ကြည့်​မိသည်​ ကျောင်းသားတစ်​ယောက်​က ဘာပြောလိုက်​လို့မှန်းမသိ ရဲခနဲဖြစ်​သွားသော မျက်​နှာလေး ပြုံးပြုံးလေး ပြောနေသော ပါးစပ်​လေး ရယ်​လိုက်​တိုင်း ထင်းခနဲပေါ်လာသော ပါးချိုင့်​လေး အရာလေးဘဲကျန်​ခဲ့သော မျက်​လုံးလေး ကြည့်​ရင်းကြည့်​ရင်း သဘောကျလာသည်​ ရင်​ထဲမှာလှိုက်​ခနဲ ငြိမ့်​ခနဲဖြစ်​လာသည်​ ဒါဘာခံစားမှုလဲ တွေးရင်းနားမလည်​ဖြစ်​လာသည်
"ကလေး ကလေး"
"ဟျောင့်​ Singto ဆရာကမုန့်​ပေးနေတယ်​လေကွာ"
"အမ်​ "သူ့ပခုံးကို လှုပ်​လိုက်​မှသူအသိဝင်​လာသည်​ သူ့ကို အအေးနဲ့မုန့်​ထုတ်​ လှမ်းပေးနေသော ဦး သူလှမ်းယူလိုက်​သည်
"ဘာတေများ တွေးနေလို့လဲ ကလေး ဆရာ မုန့်​ပေးတာတောင်​ မသိလောက်​အောင်​"
"ဦး အကြောင်း"
"ဘယ်​ကဦး လဲကွ မင်းဦးလေးလား"
"ဟို ဆရာ မုန့်​တေဆက်​ဝေလိုက်​ဦးမယ်​နော်​"သူပြောလိုက်​တော့ရဲခနဲ ဖြစ်​သွားပီး မျက်​နှာပျက်​သွားသော ဆရာ
"ဟျောင့်​ ဆက်​ပြောလေ မင်းဦးလေးလားလို့"
"မဟုတ်​ပါဘူးကွာ ဒါနဲ့ခုနက ဦး အဲဆရာက ငါ့ကို ကလေးလို့ ခေါ်သွားလားလို့"
"ဟားဟား ဟုတ်​တယ်​လေကွာ ဆရာက ငါတို့ထက်​ ၁၀နှစ်​လောက်​ဘဲ ကြီးပေမယ့်​ ငါတို့ကို ကလေးလို့ ခေါ်တယ်​ကွ မင်းကခုမှရောက်​တာဆိုတော့ ဘယ်​သိမလဲ"
ဘယ်​လိုဘဲဖြစ်​ဖြစ်​ သူ့နားထဲမှာတော့ ဦးရဲ့ ကလေးခေါ်သံလေးက စွဲနေလျက်
ကားမောင်းနေရင်းမျက်​လုံးထဲမှာ မြင်​လိုက်​ရသော ပုံရိပ်​လေးတစ်​ခု Bus ကား ဂိတ်​မှတ်​တိုင်​မှာ အချိန်​ကို ကြည့်​လိုက်​တော့ ငါးနာရီကျော်​p သူတောင်​ကျောင်းကပြန်​လာလို့ အပြင်​ကို အလည်​ထွက်​လာp ကြည့်​ရတာ ဒီချိန်​ထိ အိမ်​ပြန်​ရပုံမပေါ်သေး ခပ်​လှမ်းလှမ်းမှာ ကားရပ်​လိုက်​ပီး အခြေနေကို စောင့်​ကြည့်​နေလိုက်​သည်
ငါ သွားခေါ်ရမလား အဲလိုခေါ်တော့ရော ဦးက လိုက်​ပါ့မလား
တွေးနေဆဲမှာ ခြောက်​နာရီထိုးသွားသည်​ လှမ်းကြည့်​လိုက်​တော့ Taxiတစ်​စီး ရပ်​သွားတာကို တွေ့လိုက်​ရသည်​ အချိန်​ကမှောင်​စပြုလာသည်​ အင်းငါမလိုတော့ဘူးဘဲ အတွေးနဲ့ ကျော်​အတက်​ ကားထဲမှာ တခြားလူတေလည်းတွေ့လိုက်​ရသည်​ ကြည့်​ရတာ မသင်္ကာစရာ သူ့စိတ်​ထဲမရှင်းတာနဲ့ အရှိန်​လျှော့လိုက်​ပီး လမ်းသွယ်​တစ်​နေရာမှာ ရပ်​စောင့်​လိုက်​ပီး ကျော်​သွားမှ နောက်​ကအသာလေး လိုက်​ခဲ့သည်​ မကြာပါ Taxiလေး ထိုးရပ်​သွားပီး ရုန်းကန်​သံတေထွက်​လာတော့ သူစိတ်​တေပူသွားပီး ကားပေါ်မှဆင်းကာ အပြေးထွက်​ခဲ့သည်​ ကားနားရောက်​တော့ တံခါးဆွဲဖွင့်​ပေမဲ့မရ ကားမှန်​ကနေကပ်​ကြည့်​လိုက်​တော့ ဦးကို တျောက်​ကချုပ်​ထားပီး တျောက်​က အကျီ င်္ချွတ်​နေပီ
ဟာ သူပြာသွားပီး ကားမှန်​ကို လက်​သီးနဲ့ ထိုးလိုက်​တော့ ခွမ်းကနဲအသံနဲ့အတူ ကွဲသွားမှ လက်​နိုက်​ကာ လော့ဖွင့်​လိုက်​သည်​ ထိုသူတေမှာကြောင်​ပီးကြည့်​နေကြသည်
"ဦး လာ လာ"သူ့အသံကြားမှ အတင်းရုန်းထလာသော ဦးကို သူဆွဲပီး ကားအပြင်​ကို  ထုတ်​လိုက်​သည်​ ကျန်​တဲ့၂ယောက်​ပါဆင်းလာပီး
"ဟ ကယ်​တင်​ရှင်​ကြီးကလည်း လကိတောက်​လောက်​လေးဘဲ ရှိပါလား ဒီမှာ ကောင်​လေး အိမ်​ပြန်​ပီး ကစားနေလိုက်​ပါကွာ "
"အေး အကောင်​ငယ်​ပေမဲ့ အဆိပ်​ပြင်းတယ်​ဗျ ခွပ်​ ခွပ်​"ပြောရင်းနဲ့ Singto နှစ်​ချက်​ဆင့်​ ထိုးပြစ်​လိုက်​သည်
"ကွာ ဒီကောင်​လေး ဟျောင့်​ မင်းချုပ်​စမ်းကွာ" ဗလတောင့်​၂နဲ လူကြီးက သူ့ကို လာချုပ်​တော့ သူရုန်းပေမဲ့မရ ဆင်​ကျီစားရာ ဆိတ်​မခံသာ ဖြစ်​နေစဉ်​ ခွပ်​ကနဲအသံနဲ့အတူ သူ့ပါးချိတ်​ နာသွားသည်
"ဟာ ကလေး မထိုးပါနဲ့ ကျွန်​တော်​တောင်းပန်​ပါတယ်​"
"ဘာမှတောင်းပန်​စရာမလိုဘူး ဦး နှစ်​ယောက်​တစ်​ယောက်​ကို မရှက်​လို့ ထိုးတာဘဲ နေပလေးစေ"
"aww မင်းကလည်း အကြောမာလေးဘဲကိုး ကဲကွာ"
"ရပ်​ ဘယ်​သူတေလည်း "အသံနဲ့အတူ ဓာတ်​မီးရောင်​က သူတို့ဘက်​ ကျလာသည်
"ဟာ ကင်းလှည့်​ရဲတေကွ ပြေးဟျောင့်​ပြေး"ကားပေါ်တက်​ပီး အလျင်​မြန်​မောင်းပြေးကြတော့ Krist ကောင်​လေးကို ပြေးထူလိုက်​သည်
"တော်​တော်​နာသွားလား ကလေး ဟာ လက်​မှာလည်း သွေးတေနဲ့ ဆေးခန်းသွားပြရအောင်​ လာလာ"
"ဘာဖြစ်​သွားကြသေးလဲဗျ"
"ဟုတ်​ကဲ့ ကျွန်​တော်​တို့ကို အနိုင်​ကျင့်​နေကြလို့ပါ အချိန်​မီရောက်​လာပေးတဲ့အတွက်​ ကျေးဇူးပါဗျ"
"ဟုတ်​ကဲ့ အာ့ဆို ခုနက ထွက်​ပြေးသွားတဲ့ လူတေပုံစံကို ပြောပြပါလား အမှုဖွင့်​ရအောင်​"
"ထားလိုက်​ပါ မဖွင့်​တော့ဘူး ဒီမှာကလေးက သွေးတေတော်​တော်​ထွက်​နေပီ ဆေးခန်းပြမှရမယ်​ သွားလိုက်​ပါဦးမယ်​ခင်​မျ "
စကားဖြတ်​ပီး ထွက်​ခဲ့သည်​ အားနာပေမဲ့လည်း Singtoကို စိတ်​ပူတာကပိုသည်​မို့ ပါ
"ကလေး ကားမောင်းလို့ ဖြစ်​ပါ့မလား ဆရာကလည်းမမောင်းတတ်​"

"ရပါတယ်​ လက်​ကအပေါ်ယံဘဲ ဒါနဲ့ ကျွန်​တော်​ အိမ်​မပြန့်ဘူး ဆရာ  ဒီနားက ဟိုတယ်​မှာဘဲ နေတာ ဦးကို လိုက်​ပို့ပေးမယ်​နော်​"
"အာ့ဆိုလည်း နီးတဲ့ဆီသာ အရင်​မောင်းပါ ဒဏ်​ရာက သွေးတေတအားထွက်နေp"
"ဟုတ်​ကဲ့ ဦး ရှေ့နားဆို ရောက်​ပါp"အခု ဦးက သူ့ကို စိတ်​ပူနေတာလား ငယ်​ငယ်​က သူဆေးရုံတက်​တဲ့အထိဖျားတာတောင်​ အမေတစ်​ချက်​ကလေးလာမကြည့်​ခဲ့ Company အလုပ်​တေနဲ့ ရှုပ်​နေလို့ဆိုဘဲ ခု ဦးကသူ့ကို ဂရုစိုက်​နေတာလား ဟာကွာ ရင်​ထဲမှာ လှိုက်​ခနဲဖြစ်​င်္ပး မျက်​ရည်​တောင်​ ဝဲလာမိသည်​ ဂရုစိုက်​ကြင်​နာမှုဆိုတာ ဒါမျိုးလား
#####
ရှည်​သွားလို့ ပီးတော့အိပ်​ချင်​နေလို့ တန်းလန်းမှာ ရပ်​ပစ်​လိုက်​သည်​ 😁
"

U { ဦး }Where stories live. Discover now