Part 13

999 59 0
                                    

Part {13}
    ဒီနေ့ စာမေးပွဲဖြေရမယ်​နေ့ပါ မနက်​စောစောထပီး စာတွေပြန်​နွှေးထားပီးပီမို့ ကျတော်​ စိတ်​မပူတော့ပါဘူး ကားပေါ်ကနေ ဦးခြံဘက်​ လှည့်​ကြည့်​လိုက်​ပေမယ့်​ အရိပ်​အယောင်​အတောင်​ မမြင်​ပါဘူး

အေးလေ စာမေးပွဲအတွက်​ အခန်းစောင့်​ရမှာဆိုတော့ ကြိုသွားတာနေမှာပဲါ ကားမောင်းပီး ကျတော်​ထွက်​လာခဲ့တယ်​ စာမေးပွဲက ၉နာရီမှစမှာဆိုပေမဲ့ အခန်းရှေ့မှာ ကျောင်းသားတော်​တော်​များများ ကြိုရောက်​နေကြပီ ဟိုတစ်​စု ဒီတစ်​စုနဲ့ လက်​ထဲမှာ စာအုပ်​တေကိုင်​ပီး ဆွေးနွေးနေကြပါတယ်

မသာယာနိုင်​သူကတော့ ကျတော်​ပါ ဦးကို အရိပ်​အယောင်​တောင်​မမြင်​ရသေးဘူး တစ်​ကျောင်းလုံးလည်း နံ့နေပါပီ ရှာတာ စာမေးခန်းထဲမဝင်​ခင်​ ဦးမျက်​နှာလေးကိုကြည့်​ပီး အားပေးစကားပြောတာလေးတော့ ကြားချင်​သေးတယ်​  ဖုန်းခေါ်တော့လည်းမကိုင်​ပါဘူး ၉နာရီထိုးဖို့ ၅မိနစ်​ဘဲ လိုပါတော့တယ်

်​ နောက်​ဆုံးတစ်​ခေါက်​အနေနဲ့ ဖုန်းဆက်​လိုက်​ပေမဲ့ ဖြေသူမရှိတာမို့ စိတ်​လျှော့ပီး ဝင်​မယ်​အလုပ်​မှာ အကျီ င်္စကို အဆွဲခံလိုက်​ရပီး

"Singtuan မင်းအကောင်းဆုံးဖြေနိုင်​မှာပါ ငါယုံတယ်​"

ဦးအသံ ကျတော်​ဝမ်းသာအားရ ဖက်​မယ်​အလုပ်

"Hey ဟိုမှာ အခန်းစောင့်​ဆရာမတေရှိတယ်​လေ  သွားဝင်​တော့ မြန်​မြန်​"

"ဟုတ်​ကဲ့ပါ ဦး" ဦးက ကျတော့ကိုပြုံးပြလိုက်​တယ်​ ရပါပီ ဒီလောက်​ဆို ကျတော်​ခွန်​အားတေရပီ ကျေနပ်​စိတ်​တေနဲ့အတူ စာမေးပွဲခန်းထဲ ကျတော်​ဝင်​ခဲ့ပါတယ်

၁၀ နာရီလောက်​လည်းရောက်​ရော ဠာနမှူးနဲ့အတူ ဆရာ၃ယောက်​လောက်​ပါလာပီး စာမေးပွဲခန်းထဲကို လှည့်​စစ်​ဆေးပါတယ်​ သိလိုက်​ပေမဲ့ အာရုံမစိုက်​မိပါဘူး

"ဆရာမ ကျတော်​ Design Aidစာအုပ်​လိုချင်
"
ကျတော့စကားဆက်​မပြောနိုင်​တော့ပါဘူး Round Check ထဲမှာ ဦးလည်းပါတယ်​လေ

"အေးအေး သားလေး ရော့"တောင်းလိုက်​တဲ့ စာအုပ်​လေး ကျတော့ဆီ ရောက်​လာပေမဲ့ ဆက်​မဖြေသေးပါဘူး

U { ဦး }Where stories live. Discover now