Part 10

1K 57 0
                                    

Part {10}
    ခုမှခက်​နေပီ ကျွန်​တော်​နဲ့ဦးနဲ့ ချစ်​သူတေဖြစ်​ပီးနောက်​ပိုင်းမှာမှ ဦးကပိုလက်​ပေါက်​ကပ်​လာတယ်​ ညတိုင်းစာရှင်းပြပေးပီး ပြန်​ခါနီးမှာ ဦးကိုအရမ်းချစ်​တယ်​နော်​ လို့ပြောတိုင်း အေးလို့ဘဲပြန်​ပြောတတ်​တယ်​  ဖုန်းဆက်​လည်းအတူတူဘဲ မရဘူး ပြန်​ပြောလို့ဆိုတိုင်း ငါလည်းမင်းနဲ့အတူတူဘဲတဲ့ ကဲ ကျွန်​တော်​ဘာဆက်​ပြောရတော့မှာလဲ ချစ်​တယ်​လို့ပြောတာလေး ကြားချင်​တာဆိုတော့ မင်းသိရဲ့သားနဲ့ ဘာလို့မေးနေတာလဲတဲ့ ဆက်​မေးရင်​ ကျွန်​တော်​ဘဲ လူဆိုးကြီးဖြစ်​တော့မယ်​ ခုလည်းကြည့်​ ဦးအိမ်​ကို ကျွန်​တော်​ညတိုင်းလာာ့်​တာကို ဘယ်​လိုပြောတယ်​မှတ်​လဲ
"မင်း စာလာကြည့်​တာမှတ်​လား အာ့ဆိုစာဘဲကြည့်​ ငါ့မျက်​နှာဘာလို့ ကြည့်​နေတာလဲ"တဲ့ ကျွန်​တော်​က
"စာလည်းကြည့်​တယ်​ ဦးမျက်​နှာကိုလည်းကြည့်​ချင်​လို့"ဆိုတော့
"အရူးထမနေနဲ့ စာမေးပွဲနီးနေပီကို စာဘဲကြည့်​ စာမေးပွဲပီးမှ ငါ့မျက်​နှာအဝကြည့်​ ဟုတ်​ပီလား"အာ့လိုပြောတတ်​တဲ့ ကျွန်​တော့ချစ်​သူပါ
အော်​ ဒါနဲ့ ကျွန်​တော်​ပြောစရာတစ်​ခု ကျန်​ပါသေးတယ်​ အာ့က ကျွန်​တော်​ ဦးလို့ဘဲ ဆက်​ခေါ်တာပါ ကျွန်​တော်​တွေးသေးပါတယ်​ ဘယ်​လိုခေါ်ရမလဲလို့ Baby လို့ခေါ်ရအောင်​လည်း ကျွန်​တော့ထက်​ အသက်​ကြီးတယ်​လေ ကိုကိုလို့ဆိုလည်း ကျွန်​တော်​က ချွဲသလိုဖြစ်​သွားမှာဗျ ဟီး ကျွန်​တော်​က Seme ဘဲဖြစ်​ချင်​တာ ဒါပေမဲ့ မသိသေးပါဘူး ခုချိန်​ထိ ကျွန်​တော်​တို့နှစ်​ယောက်​ roleတေကို ဒါပေမဲ့ အာ့တေက အရေးမကြီးပါဘူး အဓိက က ကျွန်​တော်​တို့နှစ်​ယောက်​ချစ်​နေကြဖို့ဘဲကို ထားပါတော့ အဲခုနကပြောလက်​စ ပြောရဦးမယ်​ အာ့နဲ့ ကျွန်​တော်​ ဦးလို့ဘဲ ဆက်​ခေါ်ဖြစ်​တယ်​ ဦးကတော့ကျွန်​တော့ကို ဘယ်​လိုပြော တယ်​ထင်​လဲ မင်းနဲ့ငါနဲ့ဘဲ ပြောတယ်​ တခြားကျောင်းသားတေကိုကျ ဆရာလို့ပြောပီး ကလေးတေလို့ခေါ်တတ်​တယ်​ အာ့နဲ့ကျတေ်​လည်း ဦးကျွန်​တော်​တို့နှစ်​ယောက်​က ချစ်​သူတေလေ အဲလိုမပြောနဲ့ တခြားနာမည်​လေးခေါ်ဆိုပီး ၂ရက်​လောက်​တင်းပြလိုက်​မှ "အာ့ဆို Singtuan လို့ခေါ်မယ်​ကွာ ထပ်​မပြောတော့နဲ့"ဆိုပီး ပြောတယ်​ ဘာဘဲဖြစ်​ဖြစ်​ ကျတော်​ကျေနပ်​တယ်​လေ ၂ရက်​ထက်​ပိုပီးလည်း ကျတော်​တင်းမခံနိုင်​ပါဘူး အရမ်းချစ်​တာကိုး ဦးဘယ်​လိုခေါ်ခေါ်ပါ ထားလိုက်​တယ်​ နောက်​ပီး ကျွန်​တော်​ ဦးကို တစ်​ခုမေးဖူးတယ်
"ဦး တခြားစုံတွဲတေဆို ကိုယ့်​ကောင်​လေးကို ချွဲလိုက်​ကြတာ အသံလေးကလည်း ချိုအီပီးတော့ ပြောကြတယ်​ ဦးကတော့ အာ့လိုမဟုတ်​ဘူးနော်​"ဆိုတော့
"ဟားဟား ငါ့အသက်​ရွယ်​နဲ့ ချွဲနေရမှာလား ဟားဟား မဖြစ်​နိုင်​တာ ငါမချွဲတတ်​ဘူး ပီးတော့ စကားကိုလည်း အီပီးတော့မပြောတတ်​ဘူး အရှိတိုင်းဘဲပြောတတ်​တယ်​ Singtuan က အာ့လိုပြောတာကို သဘောကျတယ်​ဆိုရင်​တော့ နောက်​ကောင်​မလေး ရှာလိုက်​လေ"တဲ့ အတည်​ပေါက်​ကြီးပြောချတာ ကျတော်​ မျက်​လုံးပြူးသွားပီး ပျာပျာသလဲနဲ့
"မဟုတ်​ပါဘူး ကျတော်​လည်း အဲလိုပြောတာတေမကြိုက်​ပါဘူး ဦးရဲ့အရှိတိုင်းပြောတာကိုဘဲ သဘောကျတယ်​ မဟုတ်​ရင်​ ဦးကို အစကတည်းက ချစ်ခဲ့ပါ့မလား"လို့ပြောတော့ ကျတော်​မျက်​လုံးတေကို စိုက်​ကြည့်​လာပီး 
"ငါ မင်းကို ချစ်တယ်​ အာ့တာ စိတ်​ထဲမှာ ရှိတဲ့အတိုင်းပြောတာဘဲ ယုံတာမယုံတာက မင်းသဘောပေါ့"
"ဟာ ကျတော်​ယုံတာပေါ့ ဦး ကျတော့ကို ချစ်​လို့လည်း ဘာမှမတွေးဘဲ ကျတော့လက်​ကို တွဲခဲ့တာပေါ့ အာ့ကြောင့်​ ကျတော်​ကလည်း ဦးကို ပိုပီး ချစ်​နေရတာပေါ့"ဆိုပီး အနားကပ်​ကာ ဦး နဖူးလေးကို နမ်းလိုက်​တယ်​ အင်း နဖူးကိုနမ်းတာက မြတ်​နိုးခြင်းတေပြည့်​ဝနေတဲ့ သဘောဖြစ်​တယ်​လေ ကျတော်​ဦးကို မြတ်​မြတ်​နိုးနိုးနဲ့ကို ချစ်​တာပါ ဦးကိုချစ်တဲ့ အချစ်​ထဲမှာ ဥယျာဉ်​မှူးတစ်​ယောက်​အနေနဲ့ ပန်းပေါင်းများစွာကို လှပဝေဆာအောင်​ ပျိုးထောင်​ပေးနေတဲ့ ဆရာမို့ လေးစားခြင်းရယ်​ ကဗျာမဆန်​တတ်​ပေမဲ့ချစ်​ခြင်းတေကို မြင်​နေရတဲ့အတွက်​ မြတ်​နိုးမှုတေရယ်​ ပီးတော့ နှလုံးသားထဲကနေ ဖြစ်​ပေါ်လာတဲ့ ချစ်​ခြင်းတေရယ်​ ပါတာပေါ့လေ အဲ နေဦး ကျတော်​တို့အမှတ်​တရနေရာလေးဖြစ်​ခဲ့တဲ့ ကျောင်းနောက်​က နေကြာပန်းခင်းလေးကို ခင်​များတို့ မှတ်​မိကြတယ်​ဟုတ်​ အဲနေရာမှာ ဦးကကျွန်​တော့ကို စည်းကမ်း၃ချက်​ ချမှတ်​ခဲ့သေးတယ်​ဗျ အဲနေ့က ချစ်​သူစဖြစ်​တဲ့နေ့ကပေါ့
၁အချက်​က ကျောင်းမှာ အခန်းထဲမှာ ကျောင်းသားတေရှေ့မှာ သူ့ကို ရိုသေရမယ်​တဲ့ ငါ့ချစ်​သူဆိုတဲ့ မျက်​နှာပေး မထားရဘူးပေါ့ အာ့လိုဆိုတာ
၂အချက်​က သူ့မားရှေ့မှာ ဒါမှမဟုတ်​ စာလာကြည့်​တဲ့အခါမှာ ချစ်​သူလိုအပြုမူတေ မလုပ်​ရဘူးတဲ့ အနေထိုင်​ဆ်​င်​ခြင်​ရမယ်​တဲ့
အဲ၂ချက်​ကို ကျွန်​တော်​လိုက်​နာနိုင်​ပါတယ်​ ဦးရဲ့ ဂုဏ်​သိက္ခာနဲ့ သက်​ဆိုင်​နေတယ်​လေ ကျတော်​ လက်ခံပေးရမှာပေါ့ အဲနှစ်​ချက်​ပြောတုန်းက အဆင်​ချောနေတာဘဲ  အဲ နောက်​ဆုံးအချက်​ကြောင့်​ ကျွန်​တော်​နင်​သွားရတယ်​ဗျ ဘာလဲ ခင်​များတို့ သိချင်​လား
၃က ဘာလဲဆိုတော့ တစ်​လပြည့်​တဲ့နေ့မှ တစ်​ခါဘဲ နမ်းခွင့်​ရှိတယ်​တဲ့
ူ့သူရဲ့ နှုတ်​ခမ်းကိုတဲ့လေ ခင်​များတို့ဘဲ စဉ်းစားကြည့်​လေ ကိုယ့်​ချစ်​သူလေးကို စကားပြောနေရင်းနဲ့ ချစ်​မိလာလို့ဘဲဖြစ်​ဖြစ်​ တစ်​ခုခုကို သဘောကျလို့ဘဲဖြစ်​ဖြစ်​ နမ်းချင်​လာတာပေါ့ နှုတ်​ခမ်းလေးကို ဒါပေမဲ့ ခုတော့ကြည့်​ကြဗျာ ကျွန်​တော်​ဘာမှမပြောဘဲ ငြိမ်​နေတော့
"မင်းက အဲလိုထိတွေ့ရမှ ချစ်​တာလို့ သတ်​မှတ်​ရင်​လည်း နေလေ ငါတို့ မတွဲကြတာပေါ့"တဲ့ ကဲဗျာ
"ကျတော်​ ဦးကို ဖြူစင်​တဲ့ချစ်​ခြင်းတေနဲ့ ချစ်​တာပါ ဦးပြောတာတေအကုန်​လုံး လက်​ခံပါတယ်​ ပီးတော့ လိုက်​နာပါ့မယ်​"ကျတော်​အဲလို ကတိပေးလိုက်​မှ ပြုံးလာတာဗျ ဦးမျက်​နှာက ဟူး ကျတော့အတွက်​ကတော့ စိတ်​ညစ်​စရာပေါ့ဗျာ ဒါပေမဲ့လည်း သိကြလား ချစ်​တာကိုးဗျ
############

U { ဦး }Wo Geschichten leben. Entdecke jetzt