Part 9

1K 65 0
                                    

Part {9}
    မနေ့ညကစမလာခိုင်းခဲ့တာ ခုဆို ၂ ရက်​ရှိပီ ကျောင်းမှာတွေ့တော့လည်း စာသင်​ချိန်​မှာမို့ မပြောရ စာသင်​ပီးတာနဲ့တန်းထွက်​သွားတတ်​သော ဦးကို သူလိုက်​ပေမဲ့ မမှီ ကျောင်းဆင်းပြန်​တော့လည်း သူ့အရင်​ ပြန်​သွားသည်​ ဖုန်းဆက်​တော့လည်းမကိုင်​ Singto ဘယ်​လိုမှမနေနိုင်​တော့ ဦး သူ့ကိုဘာလို့ရှောင်​နေတာလဲ   ဒီနေ့လည်း စာသင်ပီးတာနဲ့ အခန်းထဲက အလျင်​အမြန်​ထွက်​သွားသော ဦးနောက်​ကို သူအပြေးတပိုင်းလိုက်​ခဲ့သည်
"ဦး"သူခေါ်သံကြောင့်​ ခြေလှမ်းတုံ့သွားပေမဲ့ မရပ်​သွား
"ဦး ကျွန်​တော်​ခေါ်နေတယ်​လေ"စိတ်​မရှည်​တော့သည်​မို့ လက်​မောင်းတစ်​ဖက်​ကို ဆွဲလှည့်​လိုက်​သည်
"ငါ လုပ်​စရာတေရှိသေးတယ်​ "ခေါင်းမော့မလာဘဲ မျက်​နှာလွှဲရင်း ပြောလာသောဦး
"ခနဘဲ ကျွန်​တော်​နဲ့လိုက်​ခဲ့ပေးပါ"
"Singto ငါ"စကားတောင်​ဆက်​မပြောလိုက်​ရ ကြမ်းတမ်းစွာဆွဲခေါ်သွားသူနောက်​ကို ပါသွားရသည်​ ကျောင်းနောက်​ဘက်​ရှိ နေကြာခင်းတေအစပ်​ရောက်​မှ သူ့လက်​ကို လွှတ်​တော့သည်​ လက်​ကောက်​ဝတ်​ဆီက နာကျင်​မှုကို သိလိုက်​ပီး မျက်​ရည်​ဝိုင်းလာသည်
"ပြောပါဦး ကျွန်​တော့ကို ဦး ဘာလို့ရှောင်​နေတာလဲ ဖုန်းဆက်​တော့ရော ဘာလို့မကိုင်​တာလဲ ဘာလို့လဲ ဦး ဘာလို့လဲ ကျွန်​တော်​ဘယ်​လောက်​ နေရခက်​တယ်​ဆိုတာ ဦး မသိဘူးလား ညတိုင်းစာလာသင်​ပီး ဦးမျက်​နှာကို တဝကြည့်​ပီးမှ ကျွန်​တော်​အိပ်​လို့ပျော်​တာရော ဦး မသိဘူးမို့လား
ညနေတိုင်း အတူတူ  ကျောင်းဆင်းလို့ပြန်​တိုင်း ကျွန်​တော့ရင်​ထဲ ဘယ်​လောက်​ကြည်​နူးရတယ်​ဆိုတာရော ဦးမသိဘူးမို့လား နောက်​ဆုံး ကျွန်​တော်​ ဦးကို"
"တော်​တော့ တော်​ပါတော့ ငါ့ကိုသနားရင်​ တော်​ပါတော့ဟီးဟီး"ကျွန်​တော့ကိုအော်​ရင်း ငိုချလိုက်​သော ဦး
"မင်းရော သိလား ငါတို့ နှစ်​ယောက်​လုံးက ယောကျာ်းလေးတေဆိုတာ ပတ်​ဝန်းကျင်​က ကဲ့ရဲ့ကြမယ်​ဆိုတာရော မင်းသိလား နောက်​ဆုံး ဒီကိစ္စက်​က ဘယ်​လိုမှ မဖြစ်​သင့်​ဘူးဆိုတာရော မင်းသိလား အရူးလေးရဲ့ ဟီးဟီး"ကျွန်​တော့ရင်​ဘတ်​ကို ထုရင်းငိုနေသော ဦးလက်​ကလေးတေကို ကျွန်​တော်​ဆွဲယူလိုက်​တော့ ငိုနေရင်းမှ' အ'ခနဲညည်းသံလေးကြားလို့ ကြည့်​လိုက်​တော့
လက်​ကောက်​ဝတ်​မှာ ရဲပီး အရေပြားတေပွန်းနေသည်​ သူ့လက်​ရာကြီးက အတိုင်းသား
" ဦး တော်​တော်​နာနေတာလား ကျွန်​တော်​ ဒေါသထွက်​မိသွားတာကြောင့်​ပါ ဟာကွာ တော်​တော်​အသုံးမကျတဲ့ကောင်​ဘဲ တောက်​ ဒုန်းဒုန်း "
"တော်​ပါတော့ Singto မထိုးပါနဲ့ မထိုးပါနဲ့ တော့"ဘေးနားက အုတ်​တံတိုင်းကို နှစ်​ချက်​ဆင့်​ လက်​သီးနဲ့ထိုးလိုက်​တော့ နောက်​ကနေ သူ့ခါးကို ဖက်​ကာ ပြောလာသောဦး
သူပြန်​လှည့်​ကာ ဖက်​လိုက်​ပီး
"ကျွန်​တော်​မလုပ်​တော့ဘူး ဦး မငိုနဲ့တော့ တိတ်​တော့နော်​"ပါးပြင်​ထက်​မှမျက်​ရည်​တေကို လက်​မနဲ့အသာသုတ်​ပေးလိုက်​တော့
"မင်းလက်​မှာသွေးတေ ခနနေဦး ငါကျောင်းက Storeဆိုင်​မှာ ဆေးသွားဝယ်​လိုက်​ဦးမယ်​ "
"ဟို ဦးမှာ လုပ်​စရာရှိ"
"ထားလိုက်​ပါ အဲတာက ခုလောက်​ အရေးမကြီးတော့ဘူး"ပြောပီးပြေးထွက်​သွားသော ဦးကျောပြင်​ကို ကြည့်​ပီး ကျွန်​တော်​ပြုံးလိုက်​မိသည်​ ဦးကို ချစ်​တယ်​လို့တောင်​မပြောလိုက်​ရဘူး ပြန်​လာရင်​ပြောရမယ်​ ဘာတေပြောရမလဲဆိုတာတေ စဉ်းစားနေတုန်း လက်​ထဲမှာအထုတ်​လေးဆွဲကာ အပြေးလာနေသော ဦး
"ဘာလို့ပြေးလာတာလည်း ဦးရယ်​ မောနေပါ့မယ်​ ဖြေးဖြေးလာရောပေါ့"
"မင်းလက်​က သွေးထွက်​လွန်​နေမဆိုးလို့ ကဲပါ လာ လက်​ပေး"ဝါဂွမ်းလေးနဲ့သွေးတေကိုသုတ်​ပေးလိုက်​ပီး အရက်​ပျံပုလင်းလေး ထုတ်​လိုက်​သည်
"နည်းနည်းတော့ စပ်​မယ်​နော်​ "လက်​ပေါ်လောင်းလိုက်​တော့ စပ်​သွားပေမယ့်​ သူအံကြိတ်​ခံလိုက်​သည ဦးက်​ ပါးစပ်​မှတဖူးဖူးမှုတ်​ရင်း ပတ်​တီးစီးပေးတော့ သူပြုံးမိသည်​ ဦးသူ့အပေါ်မှာသံယောဇဉ်​ ရှိသေးသားဘဲ
"ဘာပြုံးတာလဲ မင်း"
"ဦး မှတ်​မိလား အရင်​တစ်​ခါ ကျွန်​တော်​လက်​ထိခိုက်​တုန်းက လည်း ဦး ဒီလို့ဆေးထည့်​ပေးခဲ့တာလေ"
"အင်း မှတ်​မိတယ်​"
"အာ့ဆို အဲတုန်းက ကျွန်​တော်​ ဦး နဖူးကို နမ်းခဲ့တာရော မှတ်​မိလား"
"မှတ်​မိ အမ်​ မင်း"ရှက်​သွားသော ဦးမျက်​နှာလေး
"ကျွန်​တော်​ ဦးရဲ့ မျက်​နှာပေါ်က အစိတ်​အပိုင်းတေအကုန်​လုံးကို နမ်းချင်​မိတာ ကျွန်​တော့အပြစ်​ရှိလား ဦး"
"မင်း မင်း ဘာတေလာမေးနေတာလည်း ငါသွားတော့မယ်​"
"နေပါဦး ဦးလက်​ကို ဆေးထည့်​ပေးမယ်​လေ ကျွန်​တော်​"ကျွန်​တော့ကြောင့်​ဖြစ်​သွားသော လက်​ကလေးကိုကြည့်​ရင်း စိတ်​မကောင်းဖြစ်​လာတာနဲ့ ငုံ့နမ်းလိုက်​သည်
"မင်း ဘာလုပ်​လိုက်​တာလဲ"
"အာငွေ့ပေးလိုက်​တာလေ သက်​သာအောင်​လို့ ကျွန်​တော်​ ဦးရဲ့ နဖူးနဲ့ပါးကို နမ်းဖူးတယ်​ဆိုတော့ ခုတစ်​ခါကျ"စကားကို ဆက်​မပြောတော့ဘဲ မျက်​လုံးတေက ကျွန်​တော့ နှုတ်​ခမ်းဆီရောက်​လာသည်
"ကျွန်​တော်​ ဦးကိုချစ်​တယ်​ မဟုတ်​ဘူး ချစ်​တယ်​ဆိုတာထက်​ မြတ်​နိုးတယ်​ နေကြာပန်းလေးတေက နေမင်းရှိရာကို လှည့်​ပီး နေရောင်​ခြည်​နဲ့  ဖူးပွင့်​ ရှင်​သန်​ကြသလို ဦးဆိုတဲ့ နေမင်း ကြီးရဲ့ အချစ်​တေနဲ့ နေကြာပန်းလေး ကျွန်​တော့ကို ရှင်​သန်​ခွင့်​ပေးပါ"မထင်​မှတ်​ထားသော စကားတေကြောင့်​ ကျွန်​တော်​ကြောင်​ပီး ကြည့်​မိစဉ်​ နှုတ်​ခမ်းပေါ်ကို ကျရောက်​လာသော နွေးထွေးမှုတစ်​ခု ကျွန်​တော်​မငြင်းမိ  ထိုအနမ်းလေးထဲမှာ သန့်​စင်​မှု မြတ်​နိုးမှုတေနဲ့ ဖွဲ့သီထားတဲ့ ချစ်​ခြင်းတေအပြည့်​ဆိုတာကိုတော့ ကျွန်​တော်​ယုံကြည်​မိသည်​ ဒါပေမဲ့ ခနလေးပါဘဲ စက္ကန့်​ ၂၀စာလောက်​အနမ်းလေးက ကျွန်​တော့ရဲ့ ထိန်းချုပ်​ထားရသော ချစ်​ခြင်းတေကို ပေါ်ထွက်​လာစေတယ်​ဆိုတာ ဘယ်​သူကထင်​မိကြမှာလဲ
ခုချိန်​မှာ အသက်​အရွယ်​ကွာခြားမှုကိုလည်း ကျွန်​တော်​မစဉ်းစားတော့ပါဘူး
"ချစ်​တယ်​"ဦးပါးစပ်​မှထွက်​လာသော အသံကြောင့်​သူ အံ့သြသွားမိသည်​ ကမ္ဘာကြီး ခနရပ်​တန့်​သွားသည်​ လေးညှင်းလေးတေတိုက်​ခတ်​မှုကြောင့်​ ယိမ်းနွဲ့နေသော နေကြာပင်းလေးတေလည်း ရပ်​တန့်​သွားသည်​ ကောင်းကင်​ပေါမှာ ရွေ့လျားနေသော တိမ်​တိုက်​တေသည်​လည်း ရပ်​တန့်​သွားသည်​  မြင်​မြင်​သမျှ တိတ်​ဆိတ်​ခြင်းအတိ
"ချစ်​တယ်​ ငါလည်း မင်းကို ချစ်​တယ်​ Singto"ဦးထံမှစကားသံထပ်​ထွက်​လာတော့ သူဝမ်းသာအားရ ခါးကနေကိုင်​ပီး ဝှေ့ရမ်းပစ်​လိုက်​သည်
"ဝေးဟေးဟေး"သူ့အော်​သံကြားမှ ကမ္ဘာကြီး ပုံမှန်​တိုင်း လည်​ပတ်​သွားတော့သည်​ အင်း  သေချာတာကတော့ ထို့နေ့က ညနေတစ်​ပိုင်းလုံး Singto ကျောင်းမတက်​ခဲ့ဘူးဆိုတာပါဘဲ ဘာလို့ပါလိမ့်​ တမျိုးမထင်​စေလို နေကြာခင်းထဲမှာ သူချစ်​ရသော ဦးကို ရင်​ခွင်​ထဲထည့်​ကာ ခါးလေးကနေဖက်​ပီး နှစ်​ယောက်​သား Sunsetကို ကြည့်​နေကြသောကြောင့်​ပင်​😉

######$$####

U { ဦး }Where stories live. Discover now