Part 8

1K 70 1
                                    

Part{8}
ညတိုင်းစာရှင်းပြနေရသလို ကျောင်းဆင်းတိုင်း စောင့်​နေတတ်​တာလည်း အမြဲလိုလိုပင်​ ကျောင်းမှာ meeting ရှိလို့ နောက်​ကျရင်​တောင်​ စောင့်​နေတတ်​သည်​ ဒီနေ့လည်း စာမေးပွဲနားနီးလာသဖြင့်​ စည်းကမ်းချက်​တေကို ဆွေးနွေးနေရတာနဲ့ နောက်​ကျနေပီ လက်​ကနာရီကို ကြည့်​လိုက်​တော့ ၅နာရီခွဲ meetingခန်းထဲမှာ Silent လုပ်​ထားရသဖြင့်​ ဖုန်းသံမကြားရ

missed call ၃ခါပါလား ကောင်​လေးဆီကဘဲ  ကျောင်းပေါက်​ဝကို ရောက်​တော့ မတွေ့ သူ့ကိုစောင့်​နေရတာကြာလို့လားမသိ  နေ့တိုင်းလိုလို စောင့်​နေကျမို့  ဒီနေ့မတွေ့လိုက်​ရသည်​မို့ မျက်​ရည်​ကဝဲလာသည်​ အင်းလေ တစ်​နေ့မှမဟုတ်​တာ ဘယ်​စိတ်​ရှည်​ပါတော့မလဲ  taxi ဘဲစီးသွားလိုက်​ပါ့မယ်​လေ အတွေးနဲ့ taxiစောင့်​နေစဉ်​ ဖုန်းမြည်​လာတာမို့ ကြည့်​လိုက်​တော့ကောင်​လေး

"Hello"
"ဦး ဆင်းပီလား "
"အင်း ဟုတ်​တယ်​ ဟိုမှာ taxiလာနေပီ ငါသွားတော့မယ်​ ဒါဘဲနော်​"
"Hello ဦး ဘာလို့ taxiစီးမှာလဲ ကျွန်​တောလာခေါ်မှာပေါ့ "
"ရပါတယ်​ တစ်​နေ့မှမဟုတ်​တာ မင်း ဘယ်​စိတ်​ရှည်​ပါတော့မလဲ ငါနားလည်​ပါတယ်​ taxiနဲ့လည်း အဆင်​ပြေပါတယ်​ မင်းအိမ်​ကနေတကူးတကလာနေရမှာပေါ့"

"မဟုတ်​တာ ဦး ခနစောင့်​ ကျွန်​တော်​အခုလာခဲ့မယ်​ စောင့်​နေနော်"်​ မလာပါနဲ့တော့ကောင်​လေး ကြာလေသံယောဇဉ်​တွယ်​လေဖြစ်​လာလိမ့်​မယ်​ မတွယ်​ခင်​ကတည်းက ပြတ်​တာကောင်းပါတယ်​လေ ဟူး  ခေါင်းရမ်းလိုက်​ပီး taxiတံခါးဖွင့်​မယ်​အလုပ်​ အနားရောက်​လာသော ခြေသံနှင့်​အတူ လက်​မောင်းကနေ အဆွဲခံလိုက်​ရသည်

"ဦး "
"ဟင်​ ကောင်​လေး ဒီလောက်​အချိန်​လေးအတွင်းမှာ မင်းဘယ်​လို အိမ်​ကနေရောက်​လာတာလဲ"
"နောက်​ပီးမှရှင်းပြမယ်​ အခုတော့ ကျွန်​တော်​နဲ့လိုက်​ခဲ့ပါနော်​ ဦး"ပြေးလာလို့ ချွေးစို့နေတဲ့မျက်​နှာလေးကို အသနားခံမျက်​ဝန်းလေးနဲ့ လုပ်​ပြနေတော့ ကျွန်​တော်​ဘယ်​လိုနေနိုင်​တော့မှာလဲဗျာ

"ဟို ဦးလေး sorry နော်​ ကျွန်​တော်​မလိုက်​တော့ပါဘူး"
"အာ့များကွာ အစောကဘာလို့တားနေလဲ အချိန်​ကုန်​တယ်​ကွာ"ခပ်​ပေါက်​ပေါက်​အသံနဲ့ပြောရင်း Taxiလေးကို မောင်းထွက်​သွားတော့ သူ Singto ဘက်​ကို လှည့်​ကြည့်​လိုက်​သည်

U { ဦး }Where stories live. Discover now