Part 11

1K 60 0
                                    

Part {11}
စာသင်​နေရပေမယ့်​ ကျတော့စိတ်​တေကတော့ ဦးဆီကို ရောက်​နေပါတယ်​ ဒီနေ့က ချစ်​သူများနေ့လေ  ဦးကိုပေးမယ့်​ လက်​ဆောင်​လည်း မနက်​ကတည်းက ပြင်​ဆင်​လာခဲ့ပီ တော်​သေးတယ်​ နောက်​တစ်​ချိန်​က ဦး သင်​ရမှာမို့ ကော်​ရစ်​တာဘက်​ကနေ ဦးကိုစောင့်​ရင်း သွားပေးမယ်​လို့ စိတ်​ကူးနဲ့ လက်​ဆောင်​ဗူးကို ယူပီး အခန်းထဲက ထွက်လာခဲ့သည်​ ဟော ဦးလာပီ ကျတော့်​ကိုပြုံးပြနေပါလား ကျတော်​ပြနပြုံးပြပီး ဦးဆီသွားမယ်​အလုပ်​ အကျီ င်္ကို အဆွဲခံလိုက်​ရသည်​ ကြည့်​လိုက်​တော့ အခန်းထဲက ကောင်​မလေးတစ်​သိုက်​ ဦးကိုလှမ်းကြည့်​လိုက်​တော့ ဆရာ တစ်​ယောက်​နဲ့စကားရပ်​ပြောနေတာမို့
"အင်း သီတာတို့ပါလား ဘာလဲပြောလေ" ဟိုတစ်​ခါက အခန်းထဲမှာ မူးလဲလို့ ကျတော်​ပွေ့ပီး ကျောင်းဆေးခန်းသွားပြပေးခဲ့ရတဲ့ ကောင်​မလေး
"ဟိုလေ Sing ဒီမှာ လက်​ဆောင်​ပေးချင်​လို့ "မျက်​လွှာချပီး မဝံ့မရဲ ပြောနေသည်​ ဘေးနားက ကောင်​မလေးတေကတော့ မျက်​လုံးလေးတေတလက်​လက်​နဲ့ သူယူမလား မယူမှာလားကို စိတ်​ဝင်​စားနေပုံရသည်​ အင်း သူ့ကိုကူညီဖူးလို့ ကျေးဇူးတင်​တဲ့အနေနဲ့ပေးတာနေမှာ မငြင်းသင့်​ပါဘူးလေ
"အင်း ပေးလေ လက်​ခံရမှာပေါ့"
"တကယ်​ ဝမ်းသာလိုက်​တာ "လက်​ဆောင်​ထုတ်​ကို ကျတော့လက်​ထဲထည့်​ပီးတာနဲ့ အခန်းထဲပြန်​ဝင်​သွားသည်​ ဘေးနားကကောင်​မလေးတေကလည်း ဝိုးခနဲအော်​ပီး လိုက်​သွားကြကာ အခန်းထဲရောက်​တော့ ဘာတေဝိုင်းပြောနေကြမှန်းမသိ Singto ခေါင်းရမ်းလိုက်​ပီး Kristကို ကြည့်​လိုက်​တော့ ဒီဖက်​လာနေတာမို့ သူရပ်​နေလိုက်​သည်
"ဦး ကျတော်​"ဟင်​ စကားတောင်​မဆုံးသေး အခန်းထဲတန်းဝင်​သွားသည်​ မျက်​နှာကလည်း တစ်​မျိုးဖြစ်​နေသည်​ ဦး ဘာဖြစ်​သွားတာလဲ ခုနကအကောင်းပါ နှုတ်​ဆက်​နေကြပီ်​မို့ အတန်းထဲသာ ပြေးဝင်​ခဲ့တော့သည်​ ညနေကျောင်းဆင်းမှဘဲ ပေးတော့မယ်
စာသင်​ခန်းထဲမှာ ဂရုတစိုက်​နဲ့ ရှင်းပြပီး သင်​နေသော ဦးပုံစံလေးကို ကျတော်​ကြည့်​မဝ ဦးကိုလေးစားတဲ့ အချက်​တေထဲမှာ ခုပုံစံလည်းပါသည်​ အပြင်​မှာ ဘယ်​လောက်​ဘဲ တစ်​ခုခု ဖြစ်​ခဲ့ပါစေ စာသင်​ခန်းထဲမှာ ဘယ်​တော့မှ အမူအရာမပြောင်း ဂရုစိုက်​မြဲ ကျောင်းသာတေကိုလည်း မမဲတတ်​ပေ ဦးကိုဘယ်​လောက်​ကြာအောင်​ ကျတော်​ငေးနေမိသည်​မသိ ဘေးကသူငယ်​ချင်းက ပုခုံးလာပုတ်​မှ အသိဝင်​လာမိသည်
"ဟျောင့်​ ဆရာက အိမ်​စာတေထပ်​ထားတဲ့စာအုပ်​တေကို ရုံးခန်းထဲ လာထပ်​လှည့််​ပါတဲ့ " ကျတော်​ကတစ်​ခန်းလုံးရဲ့ ECကိုး
"အော်​ အေး ဟုတ်​ကဲ့ပါဆရာ"
"အင်း အာ့ဆို အားလုံးဘဲ ကျေးဇူးတင်​ပါတယ်​ တပည့်​တို့"
နှုတ်​ဆက်​ပီး ဦးစာအုပ်​တေကောက်​သိမ်းနေတာမို့ ကျတော်​ အနားသွားလိုက်​ပီး
"ဦး ကျတော့ကို စောင့်​ဦးနော်​ ကျောင်းပေါက်​ဝမှာ"တိုးတိုးလေး ကပ်​ပြောလိုက်​တော့ ခေါင်းကို မသိမသာ ညိတ်​ပြပီး ထွက်​သွားသည်
ကျတော်​လည်း အတန်းဆီ ပြန်​လာလိုက်​ပီး စာအုပ်​တေကို လွယ်​အိတ်​ထဲသိမ်းနေတုန်း
"ဟျောင့်​ မင်းခုနက ဆရာ့ကို ဘာတေကပ်​ပြောနေတာတုန်း "ဘာဖြေရမှန်းမသိ ကျတော်​ကြောင်​သွားသည်
"စာမေးပွဲမေးခွန်းတေကပ်​မေးတယ်​လို့တော့ မပြောနဲ့နော်​ ဆရာက မျက်​နှာမလိုက်​တတ်​တာ ငါတို့အသိဘဲ မင်းကိုပြောမှာမဟုတ်​ဘူး ဟားဟား ဒါနဲ့ ဆရာ့က မင်းနဲ့ အိမ်​နားနီးတယ်​ဆို "
"အင်း ဟုတ်​တယ်​ မျက်​နှာချင်းဆိုင်​ "
"အင်း ကောင်းတာပေါ့ မင်းမသိတာရှိ မေးလို့ရတာပေါ့ သွားပီ ဟျေင့်​"
"အေးအေး "ဟူး တော်​သေးတယ်​ အာရုံလွဲသွားလို့ အိတ်​ကိုကောက်​လွယ်​လိုက်​ပီး စာအုပ်​တစ်​ထပ်​ကြီးကို ကောက်​ယူလိုက်​ကာ ရုံးခန်းဆီ အမြန်​ထွက်​ခဲ့သည်​ ဦးစောင့်​နေရတော့မှာဘဲ
"ဦး စောင့်​နေရတာ ကြာသွားပီလား Sorry နော်​  အခန်းထဲကအထွက်​မှ လက်​ဆောင်​ပေးနေကြမို့ နောက်​ကျသွားတယ်​"
"ရတယ်​"ပြောပီဲးဝင်​ထိုင်​လိုက်​တာမို့ ကျတော်​လည်း ကားထဲဝင်​ထိုင်​လိုက်​သည်
"ဦး ခနနော်​"ကျတော့လက်​ထဲက လက်​ဆောင်​ထုပ်​တေကို ကားနောက်​ခန်းထဲချလိုက်​ပီး လွယ်​အိတ်​ထဲက လက်​ဆောင်​တေပါထုတ်​ပီး ထားလိုက်​သည်
"မင်း ဒီတစ်​သက်​ သွားဦးမှာလား ကားကဆန့်​သေးလား ပစ္စည်းတေထားဖို့ ငါဆင်းပီး  taxi ငှားသွားရမလား"
"မလိုပါဘူး ဦးရယ်​ ဆန့်​ပါတယ်​ "ပြောပီး လွယ်​အိတ်​ထဲ ကျတော်​ငုံ့ရှာလိုက်​သည်​ ခုမှ ဘယ်​ချောင်​ကပ်​နေသည်​မသိ ဟူး
"ငါပါ ဝိုင်းရှာပေးရမလား ဘာလဲ တစ်​ခုကျန်​သေးလို့လား လက်​ဆောင်​တေက"
!ဟုတ်တယ်​ ဦး အော်​ တွေ့ပီ အပေါ်အိတ်​ထဲမှာ ထည့်​ထားပီး အကြီးကြီးထဲမှာ လိုက်​ရှာနေလို့ ဒီမှာ ဦးအတွက်​"
"အခု ဖွင့်​ကြည့်​လို့ရလား"
"ဟုတ်​ကဲ့ဗျ ကြည့်​ပါ"ပြုံးပျော်​သွားတဲ့ကလေးလေးလို ပါဆယ်​ဘူးလေးကို သွက်​လက်​စွာဖွင့်​နေတဲ့ ဦး
"ဒါ ဒါက ဟန်းချိန်းလေး"
"အင်း ဟုတ်​တယ်​ ကျတော်​ပတ်​ပေးမယ်​ ဦးလက်​ပေး"
"မဟုတ်​တာ ဒါ ငွေဖြူမို့လား ဈေးတအားတန်​မှာဘဲ ငါမယူပါရစေနဲ့"
"ဒီတန်​ဖိုးက ကျတော်​ဦးအပေါ် ထားလိုက်​တဲ့ ချစ်​ခြင်းတေနဲ့စာရင်​ ဘာမှမပြောပလောက်​ပါဘူး ကျတော်​က ဦးကို ဒီ့ထက်​ပိုတန်​ဖိုးထားတာပါ အဲတော့ ဦး လက်​ခံပေးနော်​"
"အင်း အာ့ဆိုပတ်​ပေး"
"ကဲ မြင်​လား ဦးက အသားဖွေးနေတော့ အသားနဲ့ ဟပ်​နေတာဘဲ အရမ်းလိုက်​တယ်​"
"အင်း ကျေးဇူးတင်​တယ်​ Sing"
"ဦးကလည်း ကျတော်​တို့က သူစိမ်းတေမို့လား ပီးတော့ ခုကနှစ်​ယောက်​တည်းလေ ဘယ်​လိုခေါ်လိုက်​တယ်​"
"အဟင်းဟင်း ဘွာတေး Singtuan ရပီလား ငါ့မှာတော့ လက်​ဆောင်​ပေးစရာမပါခဲ့ဘူး ဒါပေမဲ့ မျက်​လုံးမှိတ်​ထား"ဦးရဲ့ စကားအဆုံး ကျတော်​ရင်​ခုန်​စွာ မျက်​လုံးမှိတ်​လိုက်​သည်​ ခနကြာတော့ နှာခေါင်းထိပ်​ဖျားလေး အိခနဲဖြစ်​သွားသည်​ ဟာ ဦးဦး သူ့ကို နှာခေါင်းချင်းတိုက်​ပီး ထိလိုက်​​တာလား မယုံနိုင်​စွာ မျက်​လုံးပြန်​ဖွင့်​လိုက်​တော့
"ဦး "
"တော်​ပီ ဘာမှမပြောနဲ့ မောင်းတော့ အိမ်​ကို"
"အဟင်း ဦးမပြောခိုင်းပေမယ့်​ ကျတော်​ပြောရမှာဘဲ ခု ကျတော်​ဦးကို နမိးချင်​တယ်​"ဒီကောင်​လေူးဒီလို ခွင့်​တောင်းလိုက်​ပီဆိုကတည်းက ကျတော်​သိလိုက်​ပါပီ တားမြစ်​တားတဲ့ သတ်​မှတ်​ချက်​ကို ဆိုတာ နဖူးတို့ ပါးတို့ဆို မပြောမဆို နမ်းနေကြဘဲကိုး အင်း ဒီနေ့တစ်​နေ့တော့ ခွင့်​ပြုသင့်​တယ်​ထင်​တယ်​ ဒါပေမဲ့ ကျတော်​ ဘယ်​လိုပြောရမလဲ ခွင့်​ပြုတာကို မျက်​နှာပူတယ်
ဒါပေမဲ့ သူ့ရဲ့ ခက်​နေတဲ့ အမူရာကို Singtoကလညိး နားလည်​တယ်​ထင့်​ ဘာမှမပြောဘဲ တဖြေးဖြေးသူ့နားကပ်​လာတော့ မျက်​လုံးမှိတ်​ချလိုက်​သည်
နူးညံ့ပီး နွေးထွေးလွန်းလှသော နှုတ်​ခမ်းပါးလေးကို သူအချိန်​တော်​ကြာထိ လွှတ်မပေးတော့ ဦး လက်​တေက ရင်​ဘတ်​ကိုတွန်းထုတ်​လာမှ အသိဝင်​လာသည်
"ဦး ကျတော်​တောင်းပန်​"
"တော်​ပီ မင်းအတော်​ဆိုးတာဘဲ အသက်​တောင်​ရှူမရတော့ဘူး ဒီလအတွက်​ နမ်းခွင့်​ကပီးပီဘဲ  မင်း မနမ်းရတော့ဘူး"
""ဗျာ "
"မဗျာနဲ့ ကားမောင်းတော့"မျက်​နှာလေးရဲပီး မျက်​မှောင်​ကုတ်​ကာပြောနေသော ဦးကြောင့်​ ကျတော်​complain မတက်​ရဲတော့
"ဟုတ်​ကဲ့ ဦး"
"မင်း တော်​တယ်​ "
#########

စိတ်​ကူးပေါက်​ပီး တင်​ပေးလိုက်​ပီနော်​ မနေ့ကမတင်​ပေးမိတာ Sorry pr 😉😉 Depression တေ တအားဝင်​သွားမိလို့

U { ဦး }Where stories live. Discover now