Part 7

1.1K 71 1
                                    

Part {7}
"ဦး ကျွန်​တော်​လာပီနော်​"ထမင်းစားနေတုန်းမှာ ဘေးကချထားတဲ့ ဖုန်းက မြည်​လာတာမို့ ကြည့်​လိုက်​တော့ ကောင်​လေးဘဲ ထမင်းကို အမြန်​ လက်​စသပ်​စားလိုက်​သည်

"သား ထမင်းထပ်​ယူဦးမလား ဖြည်းဖြည်းစားပါ ဘယ်​သူကလုစားမှာမို့လဲ သားရဲ့ ကြည့်​ပါဦး ပါးစပ်​မှာလည်း ထမင်းလုံးတေကပ်​နေတယ်​"အာ့ကြောင့်​မို့ မားရေ သူ့အကြောင်းသူသာ အသိဆုံးမို့လား ထမင်းစားတိုင်း ဖြစ်​နေကျ သတိထားစားပေမယ့်​လည်းမရ နောက်​တော့သူလည်း အမှတ်​တမဲ့ဖြစ်​သွားသည်

သူ့အခုလိုပုံစံကို မြင်​မသွားစေချင်​ ဒါပေမဲ့ ထမင်းခန်းဝမှာ လူရိပ်​မြင်​လို့ လှမ်းကြည့်​လိုက်​တော့ ကောင်​လေး

"ကျွန်​တော်​ခေါ်ကြည့်​သေးတယ်​ ဒီဘက်​အခန်းက အသံတေကြားလို့ ဝင်​လာတာ အနှောင့်​ယှက်​ဖြစ်​သွားရင်​ တောင်းပန်​ပါတယ်​ဗျ"
"မဟုတ်​တာ သားလေး ထမင်းဝင်​စားသွားဦးလေ "ဦးကို လှမ်းကြည့်​လိုက်​တော့   ထမင်းဆက်​မစားဘဲ ရှက်​ကိုးရှက်​ကန်းအမူအရာဖြစ်​နေတာမို့
"ကျွန်​တော်​စားလာပါပီဗျ ဆက်​စားကြပါ ကျွန်​တော်​ ဧည့်​ခန်းထဲကဘဲ စောင့်​နေပါ့မယ်​ခင်​မျ"

အဲကောင်​လေး ထွက်​သွားမှ ကျွန်​တော်​သက်​ပြင်းချနိုင်​တော့သည်
ထမင်းလက်​ကျန်​ကိုစားလိုက်​ပီး ဘေဇင်​မှာပန်းကန်​ပြားဆေးလိုက်​သည်
မားလည်း ပီးနေပီမို့ တစ်​ခါတည်းဆေးလိုက်​သည်​ ဟင်းပန်​ကန်​တေရောဆေးပီး အကုန်​စစ်​မှောက်​လိုက်​ကာ စားပွဲကို သုတ်​လိုက်​သည်
မားကတော့ အပေါ်ထပ်​တက်​သွားကာ အနားယူနေပီ

"ကြာသွားတာ sorry ကလေး ကဲစာအုပ်​ထုတ်​ ဘယ်​ဘာသာကို နားမလည်​ဆုံးလဲ"

သူသာစာရှင်းပြနေတာ ကောင်​လေးကတော့ သူ့ကိုတကြည့်​ကြည့်​နဲ့

"ဒီမယ်​ မင်း စာအုပ်​ကြည့်​မှာလား ငါ့ကြည်​ဖို့လာတာဆိုရင်​တော့ ပြန်​တော့"
"ဟို ဦး မျက်​နှာသစ်​လိုက်​ပါလား"
"ဘာကွ ငါမအိပ်​ချင်​သေးဘူး မင်းအိပ်​ချင်​နေလို့လား"
"မဟုတ်​ပါဘူး ဟို ဦးမျက်​နှာမှာ"

U { ဦး }Where stories live. Discover now