Part 12

983 52 0
                                    

Part {12}
"Singtuan မင်းကို ငါ ရှင်းပြခဲ့တုန်းက နားထဲဝင်​လား ခုကြည့်​ ဘယ်​လိုတေတွက်​နေတာလဲ စိတ်​ကဘယ်​ရောက်​နေတာလဲ ဒီလိုသာဆို မနက်​ဖြန်​ စာမေးပွဲ ဘယ်​လိုဖြေမလဲ"

အခုအခြေနေကတော့ ဦးက ကျတော့ကိုဆူနေတာပါ အမှန်​တော့ ခုတွက်​နေတာတေအားလုံး ကျတော်​နားလည်​ပါတယ်​ ဒါပေမဲ့ ခင်​များတို့ဘဲ စဉ်းစားကြည့်​ဗျာ ဒီညကျတော်​လာတော့

"သားလေး လာ မင်းဆရာကတော့ ရေချိုးနေတယ်​ ခုချိန်​ဆိုပီးလောက်​ပါရဲ့ အန်​တီသွားခေါ်ပေးမယ်​ ခနနော်​"

"ဟုတ်​ ရပါတယ်​ ကျတော်​သွားခေါ်လိုက်​ပါ့မယ်​ အန်​တီ အပေါ်ထပ်​ဆိုတော့ အတက်​အဆင်းနဲ့ အဆင်​မပြေဖြစ်​နေပါ့မယ်​"

"အေးအေး အာ့ဆိုသွား လှေကားရဲ့ ဘယ်​ဘက်​က အခန်း သား"

"ဟုတ်​ကဲ့ဗျ"ကျတော်​လှေကားတိုင်းတက်​လာပီး အန်​တီပြောတဲ့အခန်းရှေ့ရောက်​တော့ တံခါးခေါက်​လိုက်​ပါတယ်​ ဘာအသံမှမကြားလို့ တံခါးလက်​ကိုင်​ကို လှည့်​ကြည့်​တော့ပွင့်​သွားတာနဲ့ ဝင်​ခဲ့တယ်

ရေချိုးခန်းထဲက အသံတေကြားနေရတုန်းမို့ ဦးရေချိုးနေဆဲဘဲ အာနဲ့ကျတော်​လည်း ဦးအတွက်​ အဝတ်​စားတေရွေးပီး ထုတ်​ပေးနေတုန်း တံခါးဖွင့်​သံနဲ့အတူ ခါးအောက်​ပိုင်းကို တဘက်​ ပတ်​ထားတဲ့ ဦးထွက်​လာတယ်

ကျတော့လည်းမြင်​ရော လန့်​သွားပုံရပီး နောက်​ဆုတ်​လိုက်​တာ ချော်​လဲတော့မလို့ ဦးဆီက အားလို့အော်​သံနဲ့အတူ ကျတော်​လည်း ဖျတ်​ခနဲဆို ဘေးရောက်​သွားပီး ဦးခါးကို ပွေ့လိုက်​တယ်

ခုအခြေနေက ဘယ်​လိုကြီးလဲ ကျတော့ရင်​တုန်​မှုတေပျောက်​သွားပေမဲ့ ရင်​ခုန်​မှုတေ ရောက်​လာတယ်​ ဒီကောင်​လေး မျက်​နှာက ဘာလို့ကျတော့ မျက်​နှာနား တိုးလာတာလဲ

တဖြေးဖြေးနီးကပ်​လာတဲ့အခြေနေမှာ ကျတော်​ မျက်​လုံးမှိတ်​လိုက်ပီ အဲအခိုက်​မှာ တံခါးဖွင့်​သံနဲ့အတူ မားဝင်​လာတော့ Singto သူ့မျက်​နှာက ပြန်​ဝေးသွား​ပေမဲ့ ခါးကိုတော့ဖက်​ထားတုန်းဘဲ

U { ဦး }Where stories live. Discover now