Part 5

1.1K 71 0
                                    

Part {5}
  ထိုနေ့ညက စခဲ့သော အဖြစ်​ပျက်​ကြောင့်​ ဦးနဲ့ ကျွန်​တော့်​ရင်းနှီးမှုက ပိုလာခဲ့သည်​ နောက်​ရက်​ရောက်​တော့ ဦးကကျောင်းပြန်​ဝင်​လာပီးတော့ ကျွန်​တော့ကို ဆေးထည့်​ပေးတတ်​သည်​ ပီးတော့ ဆရာဝန်​မခေါ်သည့်​အတွက်​လည်း ဆေးထည့်​ရင်း ပွစိပွစိ ပြောတတ်​သေးသည်​ ထိုအခါတိုင်း ကျွန်​တော်​ ဆူပုတ်​နေသော မျက်​နှာလေးကိုကြည့်​ပီး ပြုံးရမြဲ တစ်​ခါကျွန်​တော်​စချင်​တော့
"ဘာလဲ ဦးက ကျွန်​တော့ကို လာပြုစုပေးရလို့ ဆရာ ဝန်​ ခေါ်ခိုင်းနေတာလား ဦးအတွက်​ ဝန်​ပိုတယ်​ဆို မလာပါနဲ့ ရတယ်​ ကျွန်​တော့ဘာသာ သေသေပစ်​ထားလိုက်​ပါ"ထိုသို့ပြောလိုက်​တော့ ကျွန်​တော့ခေါင်းကို ဖွဖွလေးခေါက်​လိုက်​ပီး
"ဒီမယ်​ ကောင်​လေး ငါက ဝန်​ပိုလို့မဟုတ်​ဘူး မင်း ကျောင်းနောက်​ကျနေမဆိုးလို့ ပြောတာ ကျောင်းပျက်​တာ တစ်​ပတ်​ရှိpလေ စာတေလွတ်​ကုန်​မှာပေါ့"
"ဦးရှိတယ်​လေ ဦးရှင်းပြပေါ့ "
"မဟုတ်​ဘူးလေ ငါလည်း မအားဘူးလေ မင်းဆီကို ဝင်​နေရတာ ဒီလိုလုပ်​ မင်းအိမ်​ပြန်​လာခဲ့လေ အာ့ဆို အေးဆေးရှင်းပြလို့ရတယ်​"
"ဒီအခန်းမှာလည်း အေးအေးဆေးဆေးရှင်းပြလို့ ရသားဘဲ ပိုတောင်​ လွတ်​လပ်​သေးတယ်​လေ ဦးကလည်း"
"ဟူးး မင်းက မိဘပိုက်​ဆံဖြုန်းတီးနေတာဘဲ  ပိုက်​ဆံတန်​ဖိုးကို နားမလည်​သေးဘူးဘဲ ပီးတော့ မင်းမိဘတေရှိတယ်​လေ သူတို့လွမ်းနေမှာပေါ့"
"အဟားဟားး သူတို့လား လွမ်းမှာ သူတို့က ကျွန်​တော့ထက်​ သူတို့ အတ္တကို ပိုချစ်​လို့ လမ်းခွဲထားကြတာ အဲတော့ ကျွန်​တော့မှာ မိဘမရှိဘူး "
"မဟုဆ်​ဘူးလေ ဘယ်​လိုဘဲဖြစ်​ဖြစ်​ မိဘကမိဘဘဲလေ "ဒီကောင်​လေး ပျက်​စီးနေရသည့်​ အကြောင်းရင်းကို သူသိလိုက်​ပီ မေတ္တာငတ်​နေသော ကောင်​လေးက ထင်​ရာစိုင်းနေခြင်းပင်​ နဂိုဓာတ်​ခံ သနားစိတ်​လေးက ဝင်​လာp
"ကဲပါ ထားလိုက်​တော့ ပထမဆုံး မင်းရဲ့ ဒီစုတ်​ဖွားနဲ့ ရောင်​စုံဆံပင်​ကြီးကို ပြင်​မယ်​ဆိုရင်​ ဆရာ စာရှင်းပြဖို့ စဉ်းစားပေးမယ်​"
"တကယ်​နော်​ ဦး အာ့ဆို မနက်​ဖြန်​မှာဦးစာရှင်းပြဖို့ ပြင်​ဆင်​ထားပါ"
"အွန်း ဒါပေမဲ့ တ၀်​ရက်​ဘဲနော်​ "
"ဗျာ ဦးကလည်း"
"မျက်​နှာငယ်​လေး လုပ်​မနေနဲ့ မင်းရဲ့ ထိုးထိုးထောင်​ထောင်​ လက်​ပတ်​တေ လက်​စွပ်​တေ ကြိုးတေကို မဝတ်​တော့ရင်​ နောက်​တစ်​ရက်​ ပေါ့"
"ဟာ ဦးရယ်​ ၂ရက်​တေလုပ်​မနေပါနဲ့ ကျွန်​တော့ ကို Guide လုပ်​ပေးပါလားဟင်​ ကျောင်းနောက်​ကျတော့ စာတေမမှီဘူး  စာမေးပွဲကျတာ ဦးမြင်​ချင်​လို့လား နော်​နော်​"
"အာ့ဆို မင်း အိမ်​ပြန်​လာခဲ့ အာ့ဆို ငါ့အိမ်​မှာ ညတိုင်း စာရှင်းပြလို့ရတယ်​ ပီးတော့ မင်းပုံစံက ကျောင်းသားနဲ့ လုံးဝတူနေရမယ်​ ငါ့ကို ဆရာလို့ခေါ်ရမယ်​ အာ့တာအရေးကြီးဆုံးဘဲ"
"ကောင်းp ဦးပြောတာအကုန်​လူံး လိုက်​နာမယ်​ ဒါပေမဲ့ တစ်​ခုဘဲ ကျောင်းမှာဘဲ ဆရာခေါ်မယ်​ ကျန်​တဲ့ အချိနိတေဆို ဦးလို့ဘဲ ခေါ်မယ်​ မတားပါနဲ့
"ဟူးး ဟုတ်​Pလေ အာ့ဆို မနက်​ဖြန်​တစ်​ရက်​ ကျန်​သေးတာဆိုတော့ ကျောင်းလာတက်​ပါ သဘက်​ခါ ကျောင်းပိတ်​ရက်​ကစပီး မင်းကိုဆရာစာသင်​ပေးမယ်​"
"ဟုတ်​ ဦး အာ့ကြောင့်​ ဦးကို အရမ်းချစ်​တာ 😘"
"ဟင်​ "ကိုယ့်​ပါးကို ကိုင်​ပီးသာ Krist အံ့သြနေရတော့သည်
"ဟီး ကျွန်​တော်​က ပျော်​သွားလို့ပါ Sorry နော်​ ဦး"သြော်​ ဒီကလေး ဘုန်းကြီးခေါင်းခေါက်​ပီးမှ ဦးတော်​ဆိုသလို ခုမှ လာတောင်းပန်​နေတော့ရော ပါးပေါ်က နွေးထွေးမှုလေးက ပျောက်​သွားမှာလား
"ကဲ ငါ အိမ်​ပြန်​တော့မယ်​ မားက စိတ်​ပူနေလိမိ့မယ်​ သွားP"
"ဟို ဦးစိတ်​မဆိုးပါဘူးနော်​ စာသင်​ပေးမှာကို ပြန်​မရုတ်​သိမ်းပါနဲ့နော်​"
"ငါ မဆိုး ပါဘူး Bye"ပြောပီး အခန်းထဲက ကျွန်​တော်​ထွက်​ခဲ့သည်
ထွက်​သွားသော နောက်​ကျောပြင်​လေးကို ကြည့်​ပီး ပြုံးလိုက်​မိသည်​ မျက်​နှာရဲရဲလေးနဲ့ဆိုတော့  ရှက်​ပီးထွက်​သွားတာဘဲ နေပါဦး သူကရော ဘာလို့ ဒီလိုပြုလုပ်​မိလိုက်​တာလဲ ဘယ်​သူနဲ့မှ တရင်းတနီး မနေတတ်​သော သူက ခု ဘာလို့ ဒီလိုတေလုပ်​မိတာလဲ အင်း သေချာတာက သူ့ကို ခုလို နွေးနွေးထွေးထွေး ဆက်​ဆံပေးတာ ဆရာ တျောက်​တည်း ရှိလို့ဘဲ ဟုတ်​တယ်​ အာ့ကြောင့်​နေမှာ
########
တိုသွားလား 😉 မုန့်​လုံးရေပေါ် FICလေးကို အားပေးကြပါဦး

U { ဦး }Où les histoires vivent. Découvrez maintenant