Part 2

2K 92 1
                                    

Part{2}
"မား ကျွန်​တော်​သွားတော့မယ်​ မားကို အရမ်းချစ်​တယ်​နော်​ mhwa"
"အင်း အချွဲလေး မားကလည်း ချစ်​ပါတယ်​ ဂရုစိုက်​သွားနော်​ "
ကျွန်​တော့နာမည်​က  ရောင်​ဝါနေမင်းပါ အဟဲ နာမည်​က ကြီးကြယ်​သွားလား ကျွန်​တော်​မွေးတဲ့နေ့တုန်းက တိမ်​တေထူထပ်​တဲ့နေ့ပေါ့ ကျွန်​တော်​လည်းမွေးရော နေမင်းက တိမ်​တေကြားထဲက တောက်​ပလာလို့ ဒီနာမည်​ပေးခဲ့တာတဲ့ အိမ်​နေနာမည်​က Krist တဲ့ Kitလို့လည်းခေါ်ကြတယ်​ အဖေက ဗမာပါ အဲ မားကတော့ ထိုင်းစပ်​တယ်​ မားအဖေနဲ့အမေက မားတို့လိုဘဲ ထိုင်းနဲ့ ဗမာယူထားတာ အဲတော့ ကျွန်​တော်​က ထိုင်းကို နှစ်​ဝမ်းကွဲတယ်​ဗျ အဖေကတော့ဆုံးသွားတာ ကြာp မားနဲ့အနေများတော့  မိန်းကလေးသဘောထားတွေ ရှိတယ်​ဗျ ​ နူးညံ့တာတို့ စိတ်​ရှည်​တတ်​တာတို့ပေါ့ ဒါပေမဲ့ တစ်​ခုတော့ရှိတယ်​ ပိုက်​ဆံစကားပြောရင်​တော့ အရမ်းမုန်းတယ်​ အာ့ကြောင့်​ ဟိုနေ့က ကောင်​လေးကို ပြောပြစ်​ခဲ့တာ ကဲပါ ထားပါတော့ ​Bus ကားလာပီ  သွားပီဗျ
"ဆရာလေးကို Professorက ပြောစရာရှိလို့ ရုံးခန်းလာခဲ့ပါတဲ့ "
အခန်းထဲရောက်​လို့ အမောဖြေမယ်​ ရှိသေးတယ်​ ကြားလိုက်​တဲ့စကားကြောင့်​ ရုံးခန်းပြေးရပြန်​တယ်
"ဒေါက်​ ဒေါက်​ ကျွန်​တော်​ရောက်​ပါp ဗျ "
"omm ဝင်​ခဲ့ပါ ဆရာလေး"
စားပွဲရှေက ခုံမှာကျွန်​တော်​ဝင်​ထိုက်​လိုက်​တော့
"ဒီလိုဗျ ဒီနှစ်​ ကျွန်​တော်​တို့ကျောင်းကို ကျောင်းသားအသစ်​တစ်​ယောက်​ ပြောင်းလာတယ်​ အဲတာ ကျွန်​တော့မိတ်​ဆွေရဲ့သားကလည်းဖြစ်​နေတယ်​ ငယ်​ငယ်​ကတည်းက အလိုလိုက်​ခံထားရတော့ ဆိုးချင်​နေတယ်​ ဆရာလေးက ရိုးသားကြိုးစားပီး စည်းကမ်းအရမ်းကောင်းတယ်​ စိတ်​လည်းရှည်​တယ်​လို့ နာမည်​ကောင်းတေထွက်​နေတဲ့သူဆိုတော့ ဆရာလေးဆီမှာ အပ်​ချင်​လို့ပါ သူ့ကလည်း အခု ဒုတိယနှစ်​ဆိုတော့ ဆရာလေးသင်​တဲ့အတန်းနဲ့ ကွက်​တိဖြစ်​နေတယ်​လေ"
"အာ ဟုတ်​ကဲ့ ကျွန်​တော်​ကလည်း အဲလောက်​မဟုတ်​ပါဘူး ဒါပေမဲ့ စိတ်​ချပါ ကျွန်​တော်​ ပြုပြင်​ပေးပါမယ်​ ဒါနဲ့ ကျောင်းသားက "
"ဟုတ်​သားဘဲ မေ့နေတာ Singto Paracha တဲ့ အဖေက Professor ကြီး Parachaတဲ့ ဒီကျောင်းမှာ အုပ်​ချုပ်​ခဲ့ဖူးတယ်​လေ ပြောရရင်​ ဦးရဲ့ ဆရာဆိုလည်း မမှားဘူးပေါ့"
"ဗျာ ဒါဆို"
"ဟော ပြောရင်းနဲ့လာp လာသား မှတ်​ထား ဒါက သားတက်​ရမယ့်​အတန်း က ဆရာ မိသားစုဆရာဆိုလည်း ဟုတ်​တယ်​  ဆရာ ရောင်​ဝါနေမင်းတဲ့ ကဲ ဆရာ့နောက်​လိုက်​သွားလိုက်​နော်​  ဆရာ အားကိုးပါတယ်​နော်​"
"ဟုတ်​ကဲ့ ခွင့်​ပြုပါဦးဗျ "
ရုံးခန်းထဲကနေ အပြင်​လည်းရောက်​ရော
"ဦး ကျွန်​တော်​ အတန်းမတက်​ချင်​ဘူး "
"ဘာပြောတယ်​ ၁အချက်​ ငါက မင်းရဲ့ဆရာ အဲတော့ ဆရာလို့ဘဲခေါ်
၂အချက်​ ခုမှကျောင်းစတက်​တာ မသင်​ချင်​လို့မရဘူး ၃အချက်​ ဘာမှထပ်​မကြားချင်​ဘူး ငါ့နောက်​လိုက်​ခဲ့ ဒါဘဲ"ပြောပီး ကျွန်​တော်​ ရှေ့ဆက်​လျှောက်​လာခဲ့သည်​ နောက်​က ခြေသံမကြားတော့ လှည့်​ကြည့်​လိုက်​တော့ မင်းသားက ခြေစုံရပ်​နေဆဲ
"ကျစ်​ မင်းကွာ ငါကဆရာနော်​ ငါပြောတာနားထောင်​စမ်းပါ လိုက်​ခဲ့လာ"
စိတ်​ရှုပ်​နေတဲ့အမူအရာလေးနဲ့ မျက်​နှာလေးရဲကာ
ကျွန်​တော်​လက်​ကို ဆွဲပီး ခေါ်သွားသော ဆရာ့နောက်​ကို ပါသွားရင်း ပြုံးမိသည်​  ဆရာတဲ့ ကလေးဆန်​လိုက်​တာ အရင်​ကျောင်းကဆရာတေဆို စကားနားမထောင်​တာနဲ့ ဘာမှမပြောတော့ မာမီအရှိန်​ဝါကြောင့်​ သူ့ကို အရေးပေးကြသည်​  ဒါနဲ့နေပါဦး အရင်​က ဘယ်​သူ့မဆို အသားထိတာနဲ့ မကြိုက်​ခဲ့ ဆွဲထိုးခဲ့သော ကျွန်​တော်​က ခုတော့ လက်​ကိုဆွဲခေါ်နေတာကို ဘာလို့ ငြိမ်​နေမိတာလဲ ပီးတော့ မျက်​နှာ်​ ပြုံးနေတယ်​  ကျွန်​တော်​မပြုံးခဲ့တာ ကြာpဘဲ
အခန်းထဲလည်းဝင်​လိုက်​ရော ဆူညံသံတေက မီးကိုရေနဲ့ပက်​လိုက်​သလို ရှဲခနဲ
"အားလုံးဘဲ ဒါက ဆရာတို့ကျောင်းကို ပြောင်းလာတဲ့ Singto Parachaတဲ့ ရင်းရင်းနှီးနှီး ဆက်​ဆံပေးကြပါ ကိုယ့်​ကို မိတ်​ဆက်​လိုက်​လေ"
"ဗျာ ကျွန်​တော့နာမည်​ကဆရာပြောတဲ့အတိုင်းပါဘဲ Singto လို့လည်းခေါ်လို့ရပါတယ်​ "
"ဟုတ်​ပီ အာ့ဆို ဟိုခုံမှာသွားထိုင်​လိုက်​နော်​ စည်​သူဝင်း သူငယ်​ချင်းကို ခေါ်လိုက်​ပါဦး"
"လာ သူငယ်​ချင်း ငါ့ဘေးလာထိုင်​ ငါတိုးပေးမယ်​"ဆရာပြတဲ့နေရာမှာ ကျွန်​တော်​သွားထိုင်​လိုက်​တော့ ဘေးခုံက ကောင်​မလေးတေ ကျွန်​တော့ကို ကြည့်​ပီး တီးတိုးပြောနေကြသည်
"ကဲ ဆရာစာစသင်​မယ်​ အားလုံး အာရုံစိုက်​ကြပါ ဒါနဲ့ ညနေတစ်​ပိုင်းလုံး ကျောင်းသန့်​ရှင်းရေးလှုပ်​ရှားမှုရှိတယ်​ အားလုံး ပါဝင်​ဖို့ ပြောချင်​တယ်​နော်​"
"ဟုတ်​ကဲ့ ဆရာ"တစ်​ခန်းလုံးအော်​သံက ဟိန်းလျက်​ လှုပ်​ရှားမှုတိုင်းသည်​ ကျောင်းသူကျောင်းသား အချင်းချင်း ရင်းနှီးစေသလို မုန့်​လည်းစားရသည်​မဟုတ်​လား
########
ကြိုက်​ရင်​ REVIEW ရေးပေးကြပါလို့😪

U { ဦး }Where stories live. Discover now