မင်္ဂလာဆောင်မည့်အိမ်ရောက်တော့ ခြံကျယ်ကြီးထဲမှာပင် ချက်ကြပြုတ်ကြစီစဉ်နေကြသည်မှာ နောင်ငယ် ဖေဖေနှင့် လိုက်သွာဖူး သည့် တစ်ရွာကလိုပင်ဖြစ်သည်။တစ်ခုမတူသည်က ထိုင်မသိမ်းလိုဝတ်စုံရှည်တွေဖြင့် တက်ကြွပြေးလွှားနေကြခြင်း။
ခွန်မင်း နှင့်သီဟ က အိမ်ပေါ်တက်သွားချိန် နောင်ငယ် မယောင်မလည်နှင့်အောက်မှာပဲနေခဲ့လိုက်သည်။ခြံထောင့်က ညစ်ပေကစားနေကြသော ကလေးတစ်စုက သူတို့လူကြီးတွေနှင့်မတူ ဆံပင်ကတိုတို.ခွန်မင်း ၏ အ၀တ်ကြီးကြီးက ကိုယ်မှာပုံမကျ ပန်းမကျ ဂွင်းထိုးဖိနပ်နှင့် သူ့အသွင်ကို ပါးစပ်အဟောင်းသားဖြင့်ငေးနေကြသေးသည်။ လူကြီးတွေကတော့ သိသာသိစေ မမြင်စေနှင့်ဆိုသလို ကိုယ့်အလုပ်နှင့်ကိုယ်ပေမို့ တစ်ချက်တစ်ချက်တော့စောင်းငဲ့ကြည့်ကြသည်။ဒါတွေကြောင် သီဟ က နောင်ငယ် အနေခက်မည်စိုးခြင်းဖြစ်ပေလိမ့်မည်။
သို့ပေမယ့် နောင်ငယ်တို့က မမှုပါ။ဒါမျိုးတော့အနေမခက်တတ်။ကြည့်ချင်သလောက်ကြည့်ကြစမ်းပါစေလေ။
ခြံဝင်းထဲ လက်လေးနောက်ပစ်ကာ ဟိုဟိုဒီဒီ စနည်းနာနေစဉ် အဘွားတစ်ယောက် မှုတ်ပြောင်းဖြင့် မီးမှုတ်နေသည်ကို မျက်လုံးထောင့်ကတွေ့လိုက်ရသည်။ အားရပါးရမှုတ်နေသော်လည်း မီးကမတတ်လာ။ အဘွားက အသက်ရနေပြီမို့ နောင်ငယ် မနေသာဘဲ အနားရောက်လာခဲ့တော့သည်။
“ပေး--ပေး အဘွား ကျွန်တော်မှုတ်ကြည့်ပေးမယ်။”
အဘွား ကပြုံးကာ သူ့လက်ထဲမှုတ်ပြောင်းလေးထိုးပေးသည်။ ၀ါးမှုတ်ပြောင်းလေးသည် မီးခိုးတွေနှင့် ပေရေနေသည်။မှုတ်ပြောင်းကိုပါးစပ်နားတေ့ကာ မီးတောက်လာစေရန် အဆုတ်အားကိုသုံးကာ နောင်ငယ် အားကြိုးမာန်တက် မီးမှုတ်တော့သည်။နည်းနည်းကြာတော့ သူ ချွေးပြန်ချင်လာပါသည်။ ပြောရပါမည်ဆို သူ ကိုယ်တိုင် တစ်ခါမှ ဒီလိုမမှုတ်ဖူး။
“ရသတဲ့လား။ ဘွားလေး တစ်ပါးသူကို ခိုင်းလိုက်ပမည်ကွယ်။”
“ရပြီ ဘွား --ရပြီ ”
တောက်လာသောမီးတောက်တွေကိုမြင်တော့ နောင်ငယ် ဆယ်တန်းအောင်သည့်နှစ်က စက်ဘီးကောင်းကောင်းလေး လက်ဆောင်ရသည်ထက် တောင်ပိုသလို။နှုတ်ခမ်းအထက်နား ကချွေးစတို့ကို လက်ခုံဖြင့်သာ ပွတ်သုတ်လိုက်သည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~