အပိုင်း(၃၄)
ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့် နောင်ငယ့် လက်ကလေးကို မထိရက်စွာဖြင့် ခပ်ဖွဖွသာ ထိတွေ့လိုက်မိ သည်။လက်နှစ်ဖက်လုံးကို တိုင်းရင်းဆေးရွက်တွေ အပြင်အစွမ်းထက်သည့် အနာကျက်ဆေးတွေပါ ပေါင်းလျက် လက်ချောင်း ကလေးတွေကိုပေါင်းစည်းထားသည်မှာ လက်မံမီလေးသဖွယ်။စိတ်ချလက်ချ အိပ်မောကျနေသည့် နောင်ငယ့် ၏ နှုတ်ခမ်းပါးလေး ကိုဖြတ်ခနဲငုံ့မွှေးလိုက်သည်။
"ကျူပ်သာ ဖြစ်လိုက်ချင်ပ နောင်ငယ်.ရယ်."
"ခွန်မင်း ။ဧည့်ခန်းဆီလာရော့"
အခန်းဝမှ ဦးရီး၏ အသံသည် မသာမယာ။ခွန်မင်း လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။စောင်ကို နောင်ငယ့်ရင်ဘတ်နားထိ လွှားပေးလိုက်ပြီးမှ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
"ကျူပ်ကို အပြစ်မဆိုလေရော့နဲ့ ခွန်မင်း။ကျူပ် လည်းမတတ်သာတာ အသိမလား။"
"မဆိုဝံ့ပ ဦးရီး။ ဦးရီး အတတ်နိုင်ဆုံးနောင်ငယ့်ကိုကာကွယ်ပေးခဲ့မယ်ဆိုတာ ကျူပ် ယုံကြည်ပ.။ဦးရီး နောင်ငယ့်ကို ချစ်ခင်တယ်ဆိုတာလည်း ကျူပ် နားလည်ရော့"
နှစ်ယောက်သားသည် စားပွဲဝိုင်း၏ မျက်နှာချင်းဆိုင်ကြမ်းပြင်တွင် ကိုယ်စီထိုင်နေကြခြင်းဖြစ်သည်။ဦးရီးသည် သက်ပြင်းတချချ ဖြင့် စားပွဲပေါ်က ရေနွေးကြမ်းခွက်ကို အရင်ကောက်မော့လိုက်သည်။
"ချစ်ခင်တယ်ဆိုတာ တူသားငယ်လေးလိုပ ခွန်မင်း။ တူသားမက်လို မဟုတ်လေဘူး။"
ဦးရီး၏စကားအဆုံးတွင် ခွန်မင်း နှင့်မျက်လုံးချင်းဆုံမိသည်။ဖြတ်ခနဲမျက်လွှာပြန်သိမ်းလိုက်သည်။ဦးရီး စိတ်တွင်အလွန်ပင်လေး လံ မိသွား တော့သည်။ဒါ ဝန်ခံတဲ့သဘောလေပဲမဟုတ်ပါလား။
"ခုနက နောင်ငယ့်ကို မင်းနမ်းမွှေးတာကျူပ်တွေ့လိုက်စ.။ ယောကျာ်းပျိုချင်း အဘယ်မှာချစ်ကျွမ်းဝင်ကြသလဲ ခွန်မင်း။အနေနီးပြီး ညီငယ်လေးလိုနှစ်သက်ချစ်ခင်မိတာကို မင်း အထင်မှားနေပြီဟုတ်စ."
မဖြစ်နိုင်လောက်ဟု လမ်းကြောင်းပေါ် တင်ပေးချင်နေသည့် ဦးရီးကို ခွန်မင်းစိတ်မကောင်းစွာကြည့်လိုက်မိသည်။ ဒီဦးရီး တစ်ယောက်က ခွန်မင်းအပေါ်မည်မျှပင် အလေးထားလျက်မျှော်လင့်ထားကြောင်း သိနေသည်မို့။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~