အပိုင်း(၄၃)
ကြီးမားခန့်ထည်လွန်းသည့်ခြံဝန်းကျယ်ကြီး၏ မျက်နှာစာရှေ့ဘက်တွင် ကားလေးရပ်ထားရင်း နောင်ငယ် ရင်မအေးနိုင်ဖြစ်နေ ရသည်။ဒီနေ့နှင့်ဆို ခွန်မင်း မဆက်သွယ်လာတာ နှစ်ရက်မြောက်ပြီဖြစ်သည်။ပထမတစ်ရက်ကတော့ သူ အလုပ်များနေမှာပါ ပဲ ဆိုကာ နောင်ငယ်လည်း ကျောင်းတစ်ဖက်နှင့် မအားမလပ်ဖြစ်နေသည့်အချိန်။သို့သော် ဒုတိယရက်ရောက်လာတော့ မဟုတ် တော့။ ခွန်မင်းသည် ပြန်လည်တွေ့ပါပြီဆိုကတည်းက ဒီလိုမျိုး အဆက်အသွယ်မလုပ်ဘဲမနေဖူး။ နွယ်ဝတီဆီဆက်သွယ်ကြည့် တော့ ခွန်မင်း ဖျားနေတာဖြစ်ပြီး သူမကလည်း ပြည်ပခဏသွားနေသည်ကြောင့် ဒီနေ့ပြန်လာမှ အိမ်လိုက်ပို့ပေးမည်ဟု ပြောလာသည်။နောင်ငယ် စောင့်မနေနိုင်ပါ။ ခွန်မင်းက အရင်ကတည်းက ဖျားခဲတာကြောင့် ခုလိုအဆက်အသွယ်တောင်မလုပ် နိုင်လောက်သည်အထိ မည်မျှပင် နေမကောင်းဖြစ်နေသည်ကိုတွေးကာ ထိုင်မနေနိုင်။
ခွန်မင်း၏အိမ်ကိုရောက်သာမရောက်ဖူးတာ.။လိပ်စာသိသည်မို့ ဒီခြံကြီးရှေ့ကားရပ်နေမိသည်မှာ ဆယ့်ငါးမိနစ်ခန့်မျှတော့ရှိ ပြီ။တစ်ခါမှလည်းမဝင်ဖူးသောကြောင့် ဝင်သင့်မဝင်သင့် စဉ်းစားနေရခြင်းကိုလက်စသတ်လိုက်ကာ ကားပေါ်က ဆင်း လာခဲ့ လိုက်သည်။နီညိုရောင်တံခါးမကြီးက နောင်ငယ်လည်းအရောက်ပွင့်သွားတော့ လန့်တောင်သွားရသည်။ နောင်ငယ့်ထက် တော့အသက်ကြီးဟန်တူသည့် လူရွယ် တစ်ယောက်က နောင်ငယ်ရှေ့ရောက်လာသည်။
“ဒီက အကိုလေး ကို အိမ်ထဲဝင်ခဲ့ပါလို့ ဆရာကြီးက ခေါ်လိုက်ပါတယ်ခင်ဗျ”
“ဗျာ- ကျွန်တော့်ကို.”
“ဟုတ်ကဲ့ ကားကိုအိမ်ထဲမောင်းဝင်လိုက်ပါခင်ဗျ.”
ဆရာကြီး ဆိုတာ ဘယ်သူမှန်းတောင် မမေးလိုက်ရပါ။သူ ပြောသည့်အတိုင်း ကားလေးကိုခြံဝန်းထဲမောင်းဝင်လာခဲ့လိုက်သည်။ ကားရပ်နားရန်လုပ်ထားပုံရသည့်နေရာကို ထိုလူရွယ်ကတော့ လမ်းညွှန်ပေးသည်။အထဲရောက်မှ နောင်ငယ် ပါးစပ်အဟောင်း သားလေး ပွင့်ရတော့သည်။ခြံကျယ်ကြီးသည် ရေကူးကန်တွေ ပန်းခြံတွေနှင့် အဘယ်မျှတောင်ကျယ်ဝန်းလိုက် ပါသနည်း။ သုံးထပ်ထပ်ကြီးကလည်း ရဲတိုက်ကြီးသဖွယ် ခန့်ခန့်ညားညား။ ခွန်မင်း ချမ်းသာမှန်းခန့်မှန်းမိပေမယ့် ဒီလောက်ထိတော့ မထင်မိခဲ့ဖူး။သူကလည်း မမေးကြည့်ဖူးသလို ခွန်မင်းကလည်း ပြောမနေပါ။ဒါက သူတို့ကြားမှာ အရေးပါသည့်ကိစ္စမှ မဟုတ်လေဘဲ။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~