Married life-6

68.1K 8.1K 374
                                    

Extra-6

တားချိန်တောင်မရလိုက်ပါ။ဒီတစ်ခါ ထွက်သွားသူက ခွန်မင်းဖြစ်သည်။နောင်ငယ် ကြားရသည့်စကားကိုကြောင်ကာ နားထောင် နေမိပြီးမှ အိမ်ပြင်ပြေးထွက်လာသည့်အခါ ခွန်မင်း ကား က မရှိတော့။အိမ်ထဲ ပြန်ပြေးဝင်ကာ ဖုန်းကိုတရစပ်ဆက်သော်လည်း  ဖြေဆိုသူမရှိသည့် ဖုန်းလေးသည်သာ အဖတ်တင်သည်။

“အဲ့လိုဖြစ်စေချင်တာမှ မဟုတ်တာ။ကျွန်တော်က ဘာမှမတွေးမိလိုက်ဘဲ။ယုံကြည်လို့ ဟင့်အင်း ဘာလို့ကွာရှင်းပေးရမှာလဲ။”

ဖုန်းကိုတောက်လျှောက်နှိပ်ရင်း နှုတ်ကတတွတ်တွတ်ဆိုသည်။ခွန်မင်း တော်တော်လေးစိတ်ဆိုးသွားတာကို သူသိသည်။ အချိန် အတန်ကြာယောက်ရက်ခတ်နေမိပြီးမှ စိတ်ကိုလျှော့ချရသည်။ခုချိန် စိတ်ဆိုးနေသူမို့ နောင်ငယ် ဘာပြောပြော နားဝင်မည် မထင်။ခဏလောက်တော့ စောင့်နေသင့်သည် ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။ဆိုဖာပေါ် ထိုင်ချလိုက်ရင်းကျောမှီ ကို ခေါင်းတင်လိုက်သည်။ ရင်ထဲ ဆောင့်တက်လာသည့်အပူလုံးက နယ်နယ်ရရ မှမဟုတ်ဘဲ။ နားတွင် repeat လုပ်ထား သည့်သီချင်းတစ်ပုဒ်လို ထပ်ခါတလဲလဲ ကြားနေမိသည်က ကွာရှင်းမည့်စကား။စပ်လာသည့် မျက်ခမ်းတို့ကို အသာဖိပိတ် လိုက်ရင်း ကတုန်ယကင်ဖြစ်နေမှုကိုမနည်းလျှော့ချရသည်။

ဘယ်တော့မှ ကွာရှင်းမှာ မဟုတ်ဘူး…အသင်-

မျက်လုံးစုံမှိတ်လိုက်တော့မျက်ရည်ကြည်တို့ကျဆင်းလာသည်။ စိတ်ပန်းသွားသည်ထင်ပါရဲ့။ မှေးခနဲ အိပ်ပျော် သွားမိပါတော့သည်။ အိပ်မက်ထဲတွင်တော့ ချောက်ကမ်းပါးစွန်းတွင် ရပ်နေသူက ခွန်မင်း ဖြစ်ပြီး ဆွဲထားသည့် နောင်ငယ့် လက်ကို သူကိုယ်တိုင်ဖြုတ်ချလျက် ချောက်ကမ်းပါးထဲခုန်ဆင်းရန်သာ ရွေးချယ်သွားခဲ့သည်မို့ အလန့်တကြား ဟစ်အော်ရင်း နိုးလာသည်။

“ဟင်း--- အိပ်မက်ကလည်း.တကယ်ကိုလျှောက်မက်နေတယ်။အသင်က လက်တွဲဖြုတ်ခဲ့ရင် ငါလည်းလိုက်ဆင်းမှာပေါ့.။”

မှောင်လည်းမှောင်စပြုနေပြီမို့ အိမ်မီးတွေလိုက်ဖွင့်ပြီးမှ ရေတစ်ခွက် အဝသောက်လိုက်သည်။စိတ်အခြေအနေသည် အတော်လေး ညှိုးနွမ်းနေသည်မို့ ပိုက်ဆံအိတ်နှင့် ဖုန်းသာ ယူလျက် အိမ်တံခါးတွေခတ်ကာ ထွက်လာခဲ့လိုက်သည်။ လမ်းမ ထက်က တက္ကစီ တစ်စီးတားလျက် နောင်ငယ့် အိမ်ကို လမ်းညွှန်လိုက်သည်။ဒီအချိန် မေမေ့ကိုပဲ ဖြစ်ဖြစ် သူ ဖက်ထား ချင်မိပါသည်။

အသင်္ခယာခေတ်က သတို့သား  (အသင်္ခယာခေတ်ကသတို့သား)Where stories live. Discover now