အပိုင်း(၁၄)
ခွန်မင်း တစ်ယောက် အလုပ်ကိစ္စနှင့်မြို့ပေါ်တက်သွားသည်မှာ နှစ်ရက်သုံးရက်ခန့်ရှိပြီမို့ ပျင်းလှရှာသော နောင်ငယ် လေး သည် မျှော်မောလှပြီဖြစ်သည်။အခုလည်း ဦးရီး၏ ခြေသလုံးသားတို့ကို နှိပ်နယ်ပေးနေရင်းမျက်နှာလေး ကမကြည်မလင်ရှိ နေသည်။ဦးရီးက မနှိပ်ခိုင်းသော်လည်း ဖေဖေ့ကို တစ်ခါတစ်လေ နှိပ်ပေးနေကျမို့ နောင်ငယ် စိတ်ပါလက်ပါ နှိပ်ပေးနေခြင်း ဖြစ်သည်။
“ကလေးငယ်. ကြည့်ရတာ ခွန်မင်းကိုလွမ်းနာကျတယ်ထင်ပါရဲ့.။မရွှင်မလန်းနဲ့”
“အသင်က ဘယ်တော့ပြန်လာမှာလဲဟင် ဦးရီး”
“ပျိုးပင်မျိုးစေ့ကိစ္စတွေအတွက်ပဲဆိုတော့ သိပ်မကြာကောင်းပ။ဒီရက်တောင် ပြန်ရောက်ကောင်းရဲ့”
ဝင်းခနဲလက်သွားသည့်မျက်နှာက တစ်ခဏမျှသာဖြစ်သည်။ ထင်မြင်ချက်ပေပဲမို့ သေချာတာမဟုတ်ဘူးမလား။ခွန်မင်း ဆိုသည်မှာလည်း ခရီးသွားစရာရှိတာကိုတောင် သူ့ကိုလည်း အသိမပေး မပြောသွားဘဲ မနက်အိပ်ရာနိုးမှ နောင်ငယ် သိခွင့်ရခဲ့ တာဖြစ်သည်။ စိတ်မကောင်းလည်းဖြစ်မိ၏။ ကိုယ်ကတော့သူ့အပေါ်အားကိုးခင်တွယ်ချစ်ခင်ပါလျက် သူကတော့ ကိုယ်သည် အလေးထားစရာမလိုသည့် ကလေးသာသာ ကောင်ကလေးတစ်ယောက်လို့သတ်မှတ်ထားပုံရသည်။ ပြီးတော့ မိသားစုဝင် လို့ မသတ်မှတ်လို့သာ မိနွယ်တောင် သိသည့်ကိစ္စမှာ သူသည်က အပြင်လူ။
တွေးရင်းမျက်ရည်ကသီလာသည်။ ဒီအချိန်မျိုးဆို မေမေ့ရင်ခွင်ထဲ ဝင်ကာ အော်ကြီးဟစ်ကျယ်ငိုလိုက်ချင်မိ၏။
“ခက်ချေပြီ။မငိုလေနဲ့ ကလေးရယ်.ခွန်မင်း ဒီနေ့ပြန်ရောက်မှ သေချာသလောက်ရှိပ အိမ်း----တယ်လည်းခင်တွယ်သကိုး။ကဲ-ကဲ မနှိပ်လေနဲ့။ လက်ဖျားသွယ်သွယ်လေးတွေ နာလှရော့..ကြာလည်းကြာနေပ.”
ဦးရီးကိုနှိပ်ပေးနေတာ ကြာပြီမို့ အသားတွေလည်းနာမှာစိုးသည့်အတွက် နောင်ငယ် အိမ်ရှေ့ကိုထွက်လာခဲ့လိုက်သည်။ အိမ်ရှေ့ အပင်အောက်က ခုံဝိုင်းလေးမှာ ထိုင်ရင်း ညနေစောင်းဆည်းဆာကိုလည်းငေးကာ ခြံဝကိုတမျှော်မျှော်လုပ်နေမိသည်။ မဆီမဆိုင် မျှော်တော်ယောင် သီချင်းကိုတောင် သွားသတိရမိလိုက်သေးသည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~