အပိုင်း(၄၂)
“တစ်ညလေးထားသွားလိုက်တာ ဘယ်လိုတွေဖြစ်ကုန်တာလဲ နောင်ငယ်.”
ဒေါ်ပပငယ်၏မျက်နှာသည် အမှန်ပင်စိတ်မသက်မသာဖြစ်နေသည်။ နာရေးပြီးပြီးချင်း ဒီနေ့လည်အိမ်ပြန်ရောက်တော့ သားဖြစ်သူကမရှိ။ ကျောင်းတက်ချိန်မို့ကျောင်းတက်နေမှာပဲ ဟု သတ်မှတ်ကာ ဖုန်းဆက်မနေတော့။ခု ညနေပြန်လာတော့ တစ်ယောက်တည်းမဟုတ်။တစ်နေ့က လာခေါ်သည့် ကောင်လေးတစ်ယောက်ပြန်ပါလာသည်။။ဒါက ပုံမှန်ပဲဖြစ်သည်။ ပုံမှန် မဟုတ်တာက ထိုပါလာသည့် ခွန်မင်းမြတ်ဆိုသည့် ကောင်လေးကို ချစ်သူဟူ၍ နောင်ငယ်က မိတ်ဆက်ပေးလာခြင်းဖြစ်သည်။
“တစ်ညလေး မဟုတ်ပါဘူး မေမေရဲ့။လွန်ခဲ့တဲ့တစ်နှစ်ကတည်းကပါ။ အဲ့ကတည်းက သူက သားချစ်သူ.။ခုမှ သားမှတ်မိလို့ အရမ်းတောင်အားနာနေရတာ။သဘောတူပေးပါ နော် မေမေ.. ဖေဖေ..”
“ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ အန်တီ.နဲ့အန်ကယ်။ကျွန်တော် နောင်ငယ့်ကို တကယ်မေတ္တာရှိတာပါ။ဘယ်သူတွေဘာပဲပြောပြော တိတ်တိ်တ်လေးတွဲဖို့စိတ်ကူးလည်းမရှိလို့ နောင်ငယ့်မိဘတွေဆီတရားဝင်ခွင့်တောင်းတာပါခင်ဗျာ.။ကျွန်တော့် နောင်ငယ့်ကို တစ်သက်လုံးစောင့်ရှောက်ပေးမှာပါ”
ဒေါ်ပပငယ် မည်သည်မှမဆို မျက်နှာလွှဲသည်။ဦးနောင်ထွန်းကတော့ တစ်ချိန်လုံးငြိမ်နားထောင်နေရာကနေ သက်ပြင်းဖွဖွချ သည်။ခွန်မင်းမြတ် သည် မြင်သည်နှင့် ယုံကြည်ချင်စရာ အနေအထားမျိုးဖြစ်သည်။စီးလာသည့်ကားတင်ပင် သိန်းပေါင်းဘယ်လောက်တောင်တန်မှန်းမသိ။ပြီးတော့ တည်ကြည်ငြိမ်းချမ်းသည့် မျက်နှာထားတွင် နောင်ငယ့်ကို ချစ်ခင်မြတ်နိုး ခြင်းတွေကို အတိုင်းသားပင်မြင်နေရသည်။
“ဖြည်းဖြည်းချင်းဆွေးနွေးကြတာပေါ့.။ခုတော့ မင်း မေမေလည်း ချက်ချင်းကြီးဆိုတော့”
“အိုဘာကိုဆွေးနွေးစရာလိုလို့လဲ ကိုထွန်းကလည်း။ သားကို ကျွန်မက ယောက်ျားပေးစားရမှာလားတဲ့.။ကျွန်မ သားကို--”
ပြောရင်းယူကြုံးမရဟန်ဖြင့် ဒေါ်ပပငယ် က မျက်ရည်ကျတော့မည်မို့ ဦးနောင်ထွန်းက အခန်းထဲ ခေါ်သွားပေးသည်။နောင်ငယ် နှင့် ခွန်မင်းသာ ဧည့်ခန်းတွင် ကျန်ခဲ့သည်။ နောင်ငယ်သည် မျက်နှာလေးငေးငိုင်လျက် ရှိသည်။မလွယ်လောက်ဘူးထင်မိပြီး သားပေမယ့် ခုလိုနဖူးတွေ့ဒူးတွေ့ဆိုတော့လည်း စိတ်မကောင်း။မေမေက ချစ်ကြိုက်မိခြင်းကို ဝဋ်ကြွေးတစ်ခုလို မပြောရုံ တမယ်မလား။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~