အပိုင်း(၃၂)
"မတည့်တာတွေလျှောက်မစားနဲ့ပ။ ရွာထဲလည်း တစ်ချိန်လုံးသွားမနေဘဲ အရိပ်ထဲနေရော့။ထမင်းမှန်မှန်လည်းစားပ။"
ခွန်မင်း၏တရစပ်အမှာစကားများကို နောင်ငယ် ပြုံးစိစိဖြင့် နားထောင်နေသလို ဘေးကနေ မိနွယ်ကလည်း ရယ်ချင်သည်ကို ထိန်းမထားနိုင်သည့်ဟန်။
"နောင်ငယ် ကျူပ်ပြောတာကြားပါလေစ.။ဘယ်နှယ့် ပြုံးစစဖြစ်နေရသလဲ။ဟိုကလေးမ ကရော အဘယ်ကိုရယ်ချင်ဖွယ်ရှိစ။"
"မဟုတ်ပ. မောင်ကြီးခွန်မင်းက အကိုငယ်လေးကို ကလေးတစ်ယောက်လို လိုက်မှာနေတော့ ရယ်ချင်မိတာ မိနွယ် အမှားတော့ဟုတ်ဟန်မတူ။ကြည့်ပါလား။ ခါတိုင်းများ မြို့ကို ဒီပုံဒီနှယ် သွားနေကျပဲမလားလေ။"
မြင်းလှည်းပေါ်တက်မည့်အရေးကိုမတက်နိုင်သေးဘဲ ခွန်မင်းက မိနွယ်ကို ခပ်တည်တည်ကြည့်လိုက်တော့ မိနွယ် ဇက်ကလေးပု သွားရသည်။ နောင်ငယ် သည် အသံထွက်အောင်ပင်ရယ်မောလိုက်မိတော့သည်။
"ကဲပါ အသင်ရယ်။ ကျွန်တော် အားလုံးဂရုစိုက်ပါ့မယ်။စိတ်ဖြောင့်လက်ဖြောင့်သွားပါ။ မိနွယ်ပြောသလိုခါတိုင်းလည်းဒီလိုပဲကို ဘာတွေ စိတ်ပူနေရတုန်း အသင်ရဲ့။အေးအေးဆေးဆေးသွားပြီးပြန်လာခဲ့ "
ခွန်မင်း တစ်ယောက် မိနွယ်ရှေ့တွင်မို့ နောင်ငယ့် လက်ဖျားလေးကို ခဏတာဆုပ်ကိုင်လိုက်ပြီးမှ မချင့်မရဲလွှတ်ပေး လိုက် ရသည်။ခါတိုင်းနှင့်တော့ ဘယ်တူနိုင်အံ့နည်း။ယခုတွင်က သူ က မြတ်မြတ်နိုးနိုးချစ်မိနေရသူ။ထို့ပြင် ဘာကြောင့်ရယ်မသိ.။ယခု တစ်ခေါက် က စိတ်လေးနေမိသည်။ အလုပ်ကိစ္စက သိပ်မကြာသည်က တစ်ကြောင်း နောင်ငယ်ကိုယ်တိုင်က နေခဲ့လိုက်မည် ဟူသည်က တစ်ကြောင်း သူ ထားခဲ့ရခြင်းသာ။
"အင်း ဦးရီးလည်းရှိနေတာပါပဲလေ.။ကျူပ် စိတ်ချမယ်ပ။ဒါနဲ့ဦးရီးရော "
"ဦးရီးက မနက်အစောကတည်းကရွာဦးကျောင်း ဆွမ်းသွားပို့ရော့တယ်။ပြန်မလာသေးပ"
မိနွယ်၏ဖြေစကားကို ခွန်မင်းခေါင်းညိတ်ပြလိုက်သည်။သူ့ကိုပြုံးကြည့်နေသည့် နောင်ငယ် ဦးခေါင်းလေးကို ဖွဖွလေး ပုတ်လိုက်ပြီှးမှ လှည်းပေါ်တက်လိုက်သည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~