အပိုင်း(၂၆)
တစ်ဖက်ရွာ၏ဈေးနေ့ပေမို့ ဈေးလမ်းတစ်လျှောက် ဝယ်စရာရှိတာလေးတွေကြည့်ရင်း လျှောက်နေသည့် လှသူဇာ ၏ အနားကို သီဟ မဝံ့မရဲကပ်နေရသည်။အခြားနေရာဆို အကြောက်တရားမရှိတတ်သည့်သူက လှသူဇာနှင့် ပတ်သက်လျှင်တော့ အတော်လေး သူရဲဘောကြောင်သည်ပဲ ဆိုပါစို့။
"ခက်ပ သူဇာရယ်။ရက်ပိုင်းအတွင်းပဲ ထိမ်းမြားမင်္ဂလာပွဲလုပ်ပေရော့မယ်.။ကျူပ်ကို ခင်နု နဲ့ သဝန်တိုဆဲလား"
ဈေးထဲမရောက်ခင်ရွာထိပ်တွင် ခင်နု နှင့်ဆုံရာမှ စကားလက်ဆုံကျမိခြင်းအပေါ် လှသူဇာ စိတ်ကွက်နေသည်ဟု သီဟ က ထင်မှတ်မှားနေပုံ။အမှန်တော့ လှသူဇာ စိတ်ထဲ ဘာမှမရှိပါ။.သီဟရော ခင်နုပါ ရိုးသားသည်ကိုသိနှင့်နေပြီးသားဖြစ်သည့်အပြင် အနှီယောက်ျားသားက သူမ အပိုင်ပေပဲမို့ ထူးထွေပြီးသဝန်တိုနေရိုးထုံးစံမရှိ.။သို့ပေမယ့် စိတ်ဆိုးချင်ယောင်ဆောင်ရခြင်းသည် မှာအချော့ခံရခြင်းက အမြတ်ပင်မလား။
"သူဇာရယ် နှစ်ကိုယ်တူပုဆိုးတန်းတင် အကြင်လင်မယားမဖြစ်သေးတာကလွဲလို့အားလုံးလည်း ကျူပ်က သူဇာ့သက်ဆိုင်သူဆိုတာသိနှင့်နေပါပြီ."
"ရော်- အဲ့ဒါကို လူကြားထဲပြောရော့လား အမောင်သီဟရဲ့..တရားဝင်မင်္ဂလာမပြုသေးဘဲနဲ့ အမောင်က ခန်းစက်ရာဝင်ချင်နေတာလား."
"အဲ့ မဟုတ်ပ--မဟုတ်--ကျူပ်ဆိုလိုတာက-"
"မောင်ငယ်! "
သီဟ၏ စကားတစ်ဝက်တစ်ပြက်တွင်ရပ်တန့်သွားသလို လှသူဇာ အကြည့်နောက် သူပါလိုက်ကြည့်မိသည်။နောင်ငယ် သည် အနည်းငယ်စုတ်နေပြီဖြစ်သည့် ဝါးခမောက်ဟောင်း လေး စောင်းထားကာ သစ်သားတုံးလေးတစ်ခု ပေါ်တွင်ထိုင်လျက် ဈေးထောင့် ဆုံးတွင် ထိုင်နေသည်။သူ၏ရှေ့တွင်လည်း စည်းနှောင်ထားသော ထင်းစည်းလေးတွေ..။အခြေအနေသည် ပြေးကြည့်စရာ မလို တွေးကြည့်ရုံနှင့်သိပြီ။နောင်ငယ်ကလေး ဈေးရောင်းနေသည်တဲ့လား။
"မောင်ငယ်-"
လှသူဇာ တမုဟုတ်ချင်းပြေးသွားသည့်နောက် သူပါ ထပ်ချပ်မပါလိုက်လာသည်။အနားမရောက်ခင်မှာပင် နောင်ငယ်က သူတို့ကို မြင်သွားသည်။ဝါးခမောက်အောက်က ပြူးကျယ်သွားသည့် မျက်ဝန်းလေးအစုံကိုတောင်မြင်နိုင် သည်။ချက်ချင်းထရပ် လိုက်ကာ နောင်ငယ်သည် လမ်းကြားတွေထဲ လှစ်ခနဲပြေးထွက်သည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~