Extra for Extra-
“နာတယ်လို့ဆို-- တော်ပြီ မလုပ်တော့ဘူး။စပ်တယ် အသင်ရဲ့.. ကိုခွန်မင်းမြတ်.”
“ခဏလေး ခဏလေးအောင့်ခံလိုက်ရင်ပြီးသွားမှာကို နောင်ငယ်ရာ.. ”
အခြေအနေကတော့ဖြင့်ရိုးရိုးစင်းစင်းပင်ဖြစ်ပါသည်။ကုတင်စွန်းတွင်ခြေချထိုင်နေသည့် နောင်ငယ့် ဘေးတွင် ယှဉ်ထိုင်လျက် နောင့်ငယ်လက်ဖျံက ပွန်းပဲ့ဒဏ်ရာကြီးကို အရက်ပြန်ဖြင့် ဆေးကြောသန့်စင်နေသည့် ခွန်မင်း မျက်မှောင်ကခပ်ကြုံ့ကြုံ့။ ဘယ်သူကမှ မွေးထားသည့်မိဘထက် ပိုပြီးစိတ်မပူနိုင်ကောင်းတာသိပေမယ့် ခွန်မင်းကတော့ နောင်ငယ် တစ်ခုခုထိခိုက်လျှင် ဟိုးအရင်ကတည်းက မျက်နှာကအလိုအလျောက်မှုန်ကုတ်တတ်သူမို့ သတို့သမီးဝှက်တမ်းကစားတုန်းကလို--ဝါး ခုတ်လိုက် တုန်းကလို ။
“သစ်ပင်ပေါ်မတက်ပါနဲ့ဆို ကျွမ်းပါတယ်ဆိုပြီး တက်တယ်။မိုးကျထားတော့ချော်နေတာနဲ့ ပြုတ်ကျတယ်။ခြေထောက်ကျိုးတယ်.။ငြိမ်ငြိမ်နေပါဆိုတာကို ခြံထဲထွက်တော့ ထပ်ပြီးချော်လဲတယ်။ နောင်ငယ်ရယ် ခင်ဗျားလေး.. ဘယ်အသက်အရွယ်ရှိနေပြီလဲ သိရဲ့လား။ခလေးမဟုတ်တော့ဘူးလေကွာ.”
“အလိုလိုက်တတ်တဲ့ယောကျာ်းရထားမှတော့ နောင်ရိုးငယ်တို့က အမြဲတမ်းခလေးပဲလေ.အကုန်လုံးအသင့်ကြောင့်ပဲကို.”
အပြစ်လုပ်ထားသူက မော်ချီနေသည့်ထုံးစံ ဘယ်တိုင်းပြည်မှာရှိအံ့။ မျက်နှာလေးမော်လျက် ခပ်ချေချေပုံစံလေးကို အသည်း ယား လွန်းစွာဖြင့် ခွန်မင်းသိမ်းကျူံးပွေ့ဖက်ဖျစ်ကျစ်ပစ်လိုက်သည်။အင့်ခနဲတောင် အသံထွက်လာပေမယ့် နောင်ငယ်က နည်းနည်းလေးတောင် မရုန်း။
“အင်း တစ်နေ့တစ်နေ့ မင်းကြောင့်ကိုမရိုးရဘူး နောင်ငယ်။ကဲ ကိုယ့်အသက် ဒီနေ့ ညနေစာ ဘာစားချင်လဲ”
“ဝက်သားအချိုနှပ်လေး..အဲ့ဒါလေးလုပ်ပေးပါလား။ပြီးတော့ အချဉ်တစ်ခုခု.. အချဉ်စားချင်နေတာ ခုတစ်လော.။ဗိုက်ထဲမှာ ကလေးလေးများရှိနေလားမသိဘူးနော်”
“အဟား--ဟား ဟား နောင်ငယ်ရယ်. မနေ့ညက Fiction တွေဖတ်ပြန်ပြီမလား။ပြီးရင် ပြောပြီ။ကိုယ့်ကလေးက မိန်းကလေးမှမဟုတ်တာ ဘယ်လိုလုပ်ကလေးရှိနေမှာလဲ.။ကလေးလေးမရှိလည်းကိုယ်က နောင်ငယ် စားချင်တာဖြစ်ချင်တာတွေ အားလုံးလုပ်ပေးမှာပါဗျာ.”
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~