1

2.9K 214 5
                                    


ကျန်းချန် ထွက်သွားသော တစ်ယောက်သောသူ၏ ကျောပြင်အား ငေး၍သာ ကျန်ခဲ့ သည်။ ယွင်မုန့် အား    ပြန် လိုက် ရန် တိုက်တွန်းချင်သည် ရလာမည့် အဖြေကို လည်းသိနေသည်။

ကျန်းချန် ခါးခါးသီးသီးပြုံးမိသည် ကျင်းကွမ်ယောင် ပြောသလိုပင် အနည်းဆုံးတော့ စိတ်သက်သာရာ ရလိုရငြား အပြစ်တင်ရန်လူလိုက်ရှာနေသလို ဖြစ်နေသော ကိုယ့်အခြေအနေကို စဉ်းစားကာ နင့်နင့်သီးသီး ပင်ပို၍ ပြုံးမိသည်။

ဘေးတွင် ထွက်သွားသော ဝေ့ဝူရှန်းအား မျှော်ကြည့်နေသော တူတော်မောင် ကျင်းလင်းအား ကြည့်ရင်း သက်ပြင်းချမိသည်။

မုန်းသည် မုန်းသည် ဟုပြောကာ တချိန်လုံး မုန်းလည်းမမုန်းနိုင် ချစ်သည်ကိုလည်း သေချာမပြောနိုင်သော တူတော်မောင် ကျင်းလင်း အား ကျန်းချန် စိတ်ကပင် ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်သည်။

ကောင်စုတ်လေး ကောင်းတာကျ လာမတူဘူး မဟုတ်တာကျ လာတူနေသည် တချိန်လုံးမွေးရကျိုးတော်ေ တ်ာနပ်တယ်။

"အားလင် ပြန်မယ် ယွင်မုန့် ကို "

"ဟင်း! အပေါက်ကဒီလောက်ဆိုးတာကို ဘယ်သူက နေချင်မှုာတုန်း"

မကြားကြားအောင် စူပုတ်စူပုတ်နှင့် ပြောနေသော တူတော်မောင် အား ကျန်းချန် ကြိမ်းလိုက်သည်  "ကျင်းလင်! ခြေထောက်အချိုးခံချင်နေတာလား ဘာမှမပြောမဆိုနဲ ထွက်ထွက်သွားတာ ဘယ်နှခါရှိနေပြီလဲ။

ကိုယ့်ဦးလေးဒေါသအား သိသည့် ကျင်းလင်သည် ပွစိပွစိ အပျိုကြီးသြဝါဒအားမမိရန် "ဦးလေး ကျွှန်တော် လိပ်ပြာပျိုကိုသွားကြည့်လိုက်အုံးမယ်" ဟုဆိုကာထွက်ပြေးသွားသည်။

ကောင်စုတ်လေး ပြန်လာခဲ့ !

လူကြီးပြောနေတာကိုထွက်သွားရလား! ပြေးထွက်သွားသော ကျင်းလင်အား ကျန်းချန် ငေးသာကြည့်နေမိသည်။ ဘယ်လောက်ပင် မုန်းတယ်ဟုပြောပြော ဝေ့ဝူရှန်းမှန်းမသိခင် ကပင် မော့ရွှမ်းယီနှင့် စကားနိုင်လုနေရလျှင် ပျော်နေသော ကလေး အခု အဖြစ်မှန်ကိုသိသွားတော့ သူ့ ဦးလေးဖြစ်သူနှင့် နေချင်ရှာ မှာ။ "

Is That Love!Where stories live. Discover now