3

1.7K 176 2
                                    


ကျန်းဂိုဏ်းချုပ်! လန်ရှီးချန် နောက်မှ အမြန်လိုက်သော်လည်း အရိပ်ပင်မတွေ့ ရ၊ ဘေးနားတွင်ရပ်နေသော ကျန်းဂိုဏ်းသား ကိုသာမေးလိုက်ရသည်။

ဇယ်ဝူကျွင်း ဂိုဏ်းချုပ် သူ့ အဆောင်ကို..... လန်ရှီးချန် ထိုဂိုဏ်းသားစကားမပြီးသေခင် ပင် ဖြတ်ကာ ပြောလိုက်သည်။ တချက်လောက် လမ်းပြပေးလို့ ရမလား အရေးကြီးတာလေး ဆွေးနွေးစရာရှိလို့ ။

နူးညံ့သောအပြုံးလေးနှင့်ပြောနေသော ဇယ်ဝူကျွင်း အား ရှေ့ မှ ကုပ်ကုပ်နှင့် ဦးဆောင်ကာခေါ်သွားသော ကျန်းဂိုဏ်းသား သည် လန်ရှီးချန်၏ထူးဆန်းသော အပြုအမူအား မရိပ်မိ သော်ငြားလည်း လန်ဝမ်ကျိသာ ဘေးတွင်ရှိလျှင် သူ့ အကို တစ်ခါမှမလုပ်ဖူးသော အမူအရာအားတွေ့ လျှင် ပုံမှန်မူပိုင်ရေခဲ မျက်နှာ နှင့် စဉ်းစားဖွင့်နေမှာ အသေအချာပင်ဖြစ်သည်။

မိမိ၏ မူမမှန်စွာ ခုန်နေသော ရင်ဘက်ပေါ် လက်တင်ကာ ကျန်းချန် နာကျင်စွာပြုံးရင်းညည်းညူမိသည်         " မဖြစ်နိုင်မှန်းသိရက် နဲ့ မျှော်လင့်နေမိတာပဲ ငါက"

လန်ရှီးချန် တံခါးရှေ့ တွင် ရပ်ကာ အတော်ကြာသည် အထိ ပြန်ထူးသံမကြားရသော အခန်းထဲ ဝင်ရမလား မဝင်ရမလား ချီတုံချတုံ စဉ်းစားကာ နောက်ဆုံးဝင်လိုက်သည်။ 

သို့ သော် ဝင်ဝင်လာချင်း မြင်လိုက်ရသောမြင်ကွင်းနှင့်ကြားလိုက်ရသောစကားကိုတော့ သူဘယ်လိုနည်းနဲ့ မှမမြင်ချင်သောအရာ နှင့် မကြားချင်သောစကားဖြစ်သည်။

ကျန်းဂိုဏ်းချုပ်~~ ဇယ်ဝူကျွင်း! ဘယ်လိုလုပ်! 

ကျန်းဂိုဏ်းချုပ် ဟုဆိုကာ ဖိတ်စာကမ်းလာမှ ကျန်းချန်သဘောပေါက်သွားသည် ဝေ့ဝူရှန်း၏မဟာအချစ်တော် ကြီး မြင်ရုံနှင့်ပင်သွေးတက်နေသော လန်ဝမ်ကျီနှင့်လန်ရှီးချန် တို့ ၏ ဦးလေး လန်ချီရန်၏ မွေးနေ့ ဖြစ်သည်။ သူ့ လို့ ဂိုဏ်း ၂ ဂိုဏ်းအားတာဝန်ယူရသော သူမှာ မဖြစ်မနေ တက်ရမည့်ပွဲ ပင်ဖြစ်သည်။

ကျွန်တော်လာခဲ့ ပါမယ့် လန်ဂိုဏ်းချုပ် ကျွန်တော့ကို ခွင့်ပြုပါအုံးဟုဆိုကာ တံခါးကိုကိုင်ကာ သူ့ အားကြည့်နေသော ကျန်းချန် ၏သဘောမှာ သိသာလှသည် ဖိတ်ပြီးရင်မြန်မြန်ပြန်တော့ဟုပြောခြင်းဖြစ်သည်။

Is That Love!Where stories live. Discover now