5

1.6K 181 11
                                    

Zawgyi

မွေးနေ့ ရှင် လန်ချီရန်တစ်ယောက် စိတ်အပျက်ကြီးပျက်နေသည်။ ဝေ့ဝူရှန်း အားလိုလေသေးမရှိအောင် ဘေးနားတွင် ဂရုတစိုက်အရိပ်လိုကြည့်နေသော လန်ဝမ်ကျီနှင့် ကျန်းဂိုဏ်းချုပ်ရောက်လာကတည်းက   အနောက်ကနေပတ်   လိုက်ကာ တတွတ်တွတ် နှင့် ဘာအကြောင်းမှန်းမသိ လိုက်ကာပြောနေသော လန်ရှီးချန်တို့ နှစ်ယောက်ကြောင့်ပင်ဖြစ်သည်။

ကျန်းဂိုဏ်းချုပ် တစ်ယောက် ဒေါသအကြီးအကျယ်  ထွက်နေသော်လည်း    သူ့မျက်နှာကြောင့် ဘာမျှမပြောပဲ ကြိတ်ကာ နားထောင်ပေးနေရာမှ နောက်ဆုံး  ထထွက်သွားတော့သည်။ မသိလျှင် သူကပဲမတရားခံလိုက် ရသလို မျက်နှာပေးလုပ်ကာ စိတ်မကောင်းစွာထိုင်နေသော လန်ရှီးချန် ကြောင့် လန်ချီရန် စိတ်ပျက်စွာ သူ့ တူတော်မောင်များ အားလှည့်ပင် မကြည့်တော့ပဲ ရောက်လာသော             ဧည့်သည်များဖြင့်သာ စကားပြောနေလိုက်သည်။

"လန်ဂိုဏ်းချုပ်နဲ့ ကျန်းဂိုဏ်းချုပ်ကြည့် ရတာ ...."

"သူတို့ ညဘက် တစ္ဆေလိုက်တာနဲ့ ပတ်သက်လို့ နဲနဲ သဘောထားကွဲလွဲနေ လို့ပါ ဘာမှ မဟုတ်ဘူး။"

"တော်သေးတာပေါ့"

သူတို့ စိတ်ပူချင်လည်းစိတ်ပူစရာပင် ယခုကျင့်ကြံခြင်းလောကမှာ ဇယ်ဝူကျွင်းနဲ့  ကျန်းဂိုဏ်းချုပ် တို့ နှစ်ယောက် အနာဂတ် အတွက် အားထားစရာ ခေါင်းဆောင်များဖြစ်သောကြောင့် ထို ခေါင်းဆောင်နှစ်ယောက်သာ  တလမ်းဆီ ရွေးချယ်ကြလျှင် ကျန်သော ဂိုဏ်းများအတွက် ခေါင်းစားစရာကိစ္စဖြစ်သည်။

လန်ချီရန် တစ်ယောက် ပြန်မည့် ခေါင်းဆောင်များအား နှုတ်ဆက်ပြီး မိမိ         အဆောင့်သို့ ပြန်ရာ လမ်းတွင် ကျောင်းသားများ နေသော အဆောင်ကို ငေး    နေသော ကျန်းဂိုဏ်းချုပ်တစ်ယောက် ကိုတွေ့ သဖြင့် နေ့ လည်က တူတော်         မောင် အစားလန်ဂိုဏ်းအတွက် ပြေရာပြေကြောင်းပြော ရန်အသွား အဖြူရောင်အရိပ်ကလေး ကသူ့ ထပ်ပင် တလှမ်းစောကာ ကျန်းဂိုဏ်းချုပ်ဘေးရောက်သွား သောကြောင့် ပြန်လှည့်လာခဲ့သည်။

"ဇယ်ဝူကျွင်း ဘာလို့ အပြင်ထွက်လာတာလဲ"

သူ့ အားနှုတ်ဆက်ဖို့ သတိမရပဲ ပြောချင်ရာပြောနေသော ဇယ်ဝူကျွင်းကြောင့် ကျန်းချန် စိတ်လေသွားကာ ဒေါသလည်းထွက်သွားသည်။

Is That Love!Where stories live. Discover now