10

1.8K 200 13
                                    

လန်ရှီးချန် တစ်ယောက် ဝမ့်ရင်း အား မိမိ၏ရင်ခွင်ထဲ ရောက်လုနီးပါ ပွေ့ကာ  တောအုပ်၏တောင်ဘက်သို့ ပျံသန်းလာခဲ့သည်။ စိတ်အစဉ်က ဝမ့်ရင်းကို ဝမ်နင်နှင့် ဝေ့ဝူရှန်းဘေးကနေ အမြန်ခေါ်ထုတ်သွားရမည်ဟုသာ သတိပေးနေသဖြင့် အရေးကြီးကိစ္စကိုတောင် သတိပေးရန်မေ့နေသည်။

"ဇယ်ဝူကျွင်း ခင်ဗျား ဒါဘာလုပ်တာလဲ"

"ခုကျွန်တော့ကိုလွှတ်ပေးလို့...... "  မလွှတ်ပေးသောကြောင့် ဒေါသတကြီး ဇီထျန်းဖြင့် ရိုက်ရန်ရွယ်လာသော လက်လေးကိုပါ နောက်ပို့ပြီး အားထည့်ကာ ခါးကနေသိမ်းပွေ့ထားလိုက်သည်။ 

ကျန်သောလက်တဖက်ဖြင့် ထုရိုက်နေသော်လည်း မလွှတ်ပေးသဖြင့် ဒေါသကြောင့် နီလာသော မျက်နှာလေးကို လန်ရှီးချန် အပေါ်ကနေအုပ်မိုးကာ တစိမ့်စိမ့် ကြည့်ရင်းပြုံးနေမိသည်။

ကျန်းချန် ရိုက်ရတာ လက်လည်းနာလှပြီ တွန့်တွန့်လူးရုန်းနေရတာလည်း အားတောင်မရှိတော့ဘူး စိတ်တိုတိုဖြင့် လန်ရှီးချန် အင်္ကျီကို လက်ဖြင့်ဆွဲချကာ ပေါ်လာသော ပခုံးကို အားရပါးရကိုက်ချပစ်လိုက်သည်။ သူကိုက်လိုက်သည့် အချိန်တွင် တောင့်သွားသော လန်ရှီးချန်ကြောင့် ကျန်းချန် အားရပါးရ ပင် နောက်ထပ် တစ်ချက်ပြီး တစ်ချက် သွေးထွက်အောင် ကိုက်လိုက်သည် ဟုတ်တယ်လေ လန်ဂိုဏ်းကဗျက်စောင်းတီး လို့သာပဲ လက်က သန်လိုက်တာ ဘယ်လိုလေ့ကျင်ထားလဲ မသိ ပြုတ်တူနဲ့ ညှပ်ထားသလို နာပြီး တုပ်တုပ်မှလှုပ်လို့တောင် မရတာကြောင့်ကိုက်ပစ်လိုက်တာ ဘာဖြစ်လဲ။ 

ဟွန်း ခင်ဗျားကြီးနာနေပြီမှတ်လား အခုကျွန်တော့ကို လွှတ်ပေးတော့လေ .... ဟုစိတ်ထဲက အားရပါးရအော်နေသော ကျန်းချန်တွန့် သွားသည် အခြားကြောင့်တော့ မဟုတ် မူမမှန်သော လန်ရှီးချန်၏ အသက်ရှုပုံ နှင့်သူ့ကိုချုပ်ထားသော လက်များကပိုတင်းကြပ်လာသောကြောင့်ဖြစ်သည်။ 

လန်ရှီးချန် ထင်ပင်မထင်ထားပါ သူ့လက်ကရုန်းလည်းမရုန်းနိုင် ရိုက်တော့လည်းမနာသလိုနေသောကြောင့် ဒေါသထွက်ကာ သူ့အားကိုက်သည်တဲ့လေ ။ ခက်တာက ဝမ့်ရင်းရဲ့  ပူနွေးနေတဲ့ထွက်လေလေးတွေ၊ နှုတ်ခမ်းသားပါးပါးလေးနဲ့ သွားချွန်ချွန်လေး တွေကြောင့် သူနေရထိုင်ရခက်လာသည် ဒါကိုပင် ထပ်ပြီး ကလေးဆိုးလေးက ထပ်ခါထပ်ခါကိုက်နေသည် နောက်ဆုံးသူ ဘယ်လိုမှ မခံနိုင်သောကြောင့် ဝမ့်ရင်းကို သတိပေးလိုက်မိသည်။ 

Is That Love!Where stories live. Discover now