လန်ချီရန်၏မွေးနေ့ ပွဲပြီးကတည်းကပင် ကူးစူးနှင့်ယွင်မုန့် ကြားတွင် လေစိမ်း တိုက်ခတ်မှုများ ပြင်ထန်နေသည်။ လန်ဂိုဏ်းသားများနှင့် ကျန်းဂိုဏ်းသားများအတွက် ညဘက် တစ္ဆေလိုက်ခြင်းသည် သူတို့ အတွက် အပြစ်ပေးခြင်းတစ်မျိုးဟုပင်ထင်နေပြီဖြစ်သည်။
အခုလည်းမျက်နှာငယ်လေးများဖြင့် သူ့ အားအပူကပ်နေသော ကလေး၎ ကောင်အား ကြောင့် ဝေ့ဝူရှန်း ရယ်မိသွားသည်။
"စီနီယာဝေ့ ဒီနေ့ ညဘက် တစ္ဆေလိုက်ဖို့ သွားရင် စီနီယာဝေ့လိုက်မှာမလား ဟင်" အိုးရန်ဇီကျန်း အားကိုတကြီး ဝေ့ဝူရှန်း ကြည့်ကာမေးလိုက်သည်။
"မသွားရဘူး နားရမယ်"
ကြားလိုက်ရသော ဟန်ကွမ်ကျွင်းအဖြေကြောင့် အိုးရန်ဇီကျန်းစိတ်ပျက်သွား သည်။
လန်စစ်ကျွင်း လည်းစိတ်အိုက်သွားသည် စီနီယာဝေ့ ကို အမှန်တကယ် သူတို့  လည်း အပူမကပ်ချင်ပေ၊ဟန်ကွမ်ကျွင်း စီနီယာဝေ့ အားမသွားစေချင်သည်မှာ အခြားကြောင့် မဟုတ် အစွမ်းသိပ်သုံးမရသောခန္ဓာကိုယ်ကြောင့် စီနီယာဝေ့ ပိုထိခိုက်များစိုး၍ ပင် ဖြစ်သည်။ ညဘက် တစ္ဆေလိုက်သွားလို့ စီနီယာဝေ့ ပါရင် ပျော်စရာကောင်းသည်၊ သူတို့ကိုလည်း သင်ပေးသည် သို့သော် မမြင်ချင်အဆုံး ဟန်ကွမ်ကျွင်းကို ကော်လိုကပ်နေသည်မှလွှဲလျှင် အကုန်အဆင်ပြေသည်။
စီနီယာဝေ့ကလည်း သူတို့အပူကပ်ခြင်းကြောင့် ဆက်တိုက်လိုက်နေသည်မှာ နှစ်ပတ်တောင်ကျော်နေပြီဖြစ်သည်။ သို့သော်လည်း ဇယ်ဝူကျွင်း၏အပြုံးက တနေ့တခြား ထူးခြားလာသည်။သူတို့  အားဝိညာဉ်များကြောက်မက်ဖွယ် ကောင်းအောင် ပြုံးပြခြင်းထက် ဇယ်ဝူကျွင်း၏အပြုံးက အဆတစ်ရာပို၍ ကြက်သည်းထဖွယ်ကောင်းသည်။
"ဒီနေ့ ည တစ္ဆေလိုက်မှာကို လန်ကျန့်  ကဦးဆောင်မှာဆိုတော့ဇယ်ဝူကျွင်း ကမလိုက်ဖြစ်လောက်ဘူး။"
စိတ်မအေးနိုင်ဖြစ်နေကြသော အားလင်နှင့်အားယွမ်ကို နှစ်သိမ့်လိုက် သော်လည်း သူလည်းခေါင်းရှုပ်နေသည်။
YOU ARE READING
Is That Love!
Fanfictionထွက်သွားသော သူ၏ ကျောပြင်အားကြည့်ရင်း ချစ်ခြင်း အဲလောက်နာကျင်စေတာလား?