11

1.2K 139 5
                                    


အဟမ်း!!!

လန်ချီရန်၏ ချောင်းဟန့်သံကြားမှ စစ်ကျွင်းတို့ သုံးယောက် ထွက်နေဆဲ ဒေါသများကို ထိန်းချုပ်ကာ ကျင်းလင်နား ပြန်ဆုတ်သွားကြသည်။

"ဘာလဲ ထပ်မထိုးတော့ ဘူးလား... လာပါ ...လာစမ်းပါ....... မင်းတို့ ထိုးလို့လည်း ....ဇယ်ဝူကျွင်းနဲ့ ကျန်းဂိုဏ်းချုပ်တို့က ထွက်လာမှာမှ..... မဟုတ်တာ.."

"ဒါပေမဲ့  ထွက်လာလို့ ရနိုင်လောက်တဲ့နည်းလမ်းပြောပြ ပေးမယ် .. အဆဲတောင်းနေသော ရုပ်ဖြင့် မချိုချဉ် မျက်နှာပေး လုပ်ကာပြောနေသော သူအား ဝေ့ဝူရှန်းမပြောနှင့် လန်ချီရန်နှင့် လန်ဝမ်ကျီပင်  အားရပါးရ ရိုက်ချင်စိတ်ပေါက်လာကြသည်။ "

"ခင်ဗျားတို့ မယုံရင် လည်း မတတ်နိုင်ဘူး လန်ဂိုဏ်းချုပ်နဲ့ ကျန်းဂိုဏ်းချုပ်တို့ကတော့ ဒီတစ်သက်ထွက်လာနိုင်လောက်လား မလောက်လားတော့ ကျွန်တော်မသိဘူး "

မင်း..................!!!!! လန်ချီရန်တစ်ယောက် ဒေါသထွက်လွန်းသောကြောင့် မျက်နှာများပင်နီရဲလာသည်။

"အော် မယုံဘူးလား ကျွန်တော် ပြောပြမယ် ကျွန်တော် တောအုပ်ရဲ့ တောင် ဘက်မှာ ဆွဲထားတဲ့ စက်ဝန်းနာမည် ကြမ္မာဆုံစည်း တဲ့သိ လား အဲ့ မှော်စက်ဝန်းကလေ ဆွဲရတာ အရမ်းလွယ်တယ် အသက်သွင်းရတာသာ ခက်တာ ....အဲ့စက်ဝန်းရဲ့  စမ်းသပ်ချက်တွေကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ရင် စက်ဝန်းဆွဲတဲ့လူနဲ့  စက်ဝန်းထဲက စမ်းသပ်ချက်ကိုကျော်ဖြတ် နိုင်တဲ့သူ က အလိုချင်ဆုံး ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိမ့်မယ်တဲ့"

"အာကြောင့် ကျွန်တော ဆွဲခဲ့တာလေ ဘယ်သူထင်မှာလဲ ကျွန်တော်ထင်တားတဲ့သူ က မဝင်ဘဲ မထင်တဲ့သူတွေက ဝင်သွားတာကိုတော့......"

"မင်းဘာလို့ .... ........" လန်ချီရန် စကားမဆုံးလိုက်ရ

"ကျွန်တော်ဘာလို့ ဒီလိုလုပ်ရတာလဲကိုအရမ်းသိချင်နေတယ်မလား .... ... သိပ်မလိုပါဘူး အကြောင်းပြ ချက်တွေက ရှင်းရှင်းလေး ဂုဏ်သတင်းကြီးမားလှတဲ့ ဟန်ကွမ်ကျွင်းနဲ့  ရီလင်လောင်းဇူ ဝေ့ဝူရှန်းတို့ ရဲ့  ပုံမှန်ထက်ပိုတဲ့ သံယောဇဉ်တွေက ကြမ္မာဆုံစည်းဆိုတဲ့ ရှေးဟောင်းကျမ်းထဲက ချစ်လွန်းပါတယ်ဆိုတဲ့ စုံတွဲတွေတောင် မအောင်မြင်ကျဆုံးခဲ့တဲ့ စွမ်းအားမြင့်စမ်းသပ်ချက်ကို အောင်နိုင်မလားလို့လေ"

Is That Love!Where stories live. Discover now