2
2K 206 7
Zawgyi
ကျင်းကွမ်ယောင်ကိုချိတ်ပိတ်ပြီးကတည်းက တံခါးပိတ်ကျင့်ကာ ၃ လကြာမှ ထွက်လာသော မိမိအား စိတ်ပူနေသော ညီငယ် လန်ဝမ်ကျီ အား စိတ်မပူစေရန် အကြောင်းပြချက်ဖြင့် ဝေ့ဝူရှန့် နှင့် လန်ဝမ်ကျီ ယွင်မုန့် သွားတိုင်း မရမက အတင်းခေါ်လာသောကြောင့် ယခုဖြစ်ပျက်နေသော အရာများဖြင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။
ဝေ့ဝူရှန့် ! မင်းယွင်မုန့် လာတာ ငါ့ကို ကူညီဖို့ လား ကြာခူးမို့ လား?
မေးလည်းမေးချင်စရာပင် ဝေ့ဝူရှန့် ဆိုသည် မှာ ကူးစူး တွင်ပြသာနာ ရှာဝသွားလျှင် ယွင်မုန့် သို့ ရောက်လာပြီး ကြာခူးသည် ကြာမခူးရင်တောင်အနည်းဆုံး တော့ ကျန်းချန်အားခေါင်းနောက်အောင် လုပ်သွားစမြဲပင်
အခုလည်း ကလေးတသိုက်ကို ဦးဆောင်၍ ကြာပန်းခူးနေသော ဝေ့ ဝူရှန်းအား ကျန်းချန် အံကြိတ်သံဖြင့် မေးခွန်းထုတ်မိသည်။
ကျန်းချန် ကလည်း အားလင်၊အားယွမ် တို့ က တချိန်လုံး စာပဲသင်နေလို့ မဖြစ်ဘူးလေ ကလေးတွေကိုလည်း အနားပေးရမယ်လေ
ဝေ့ဝူရှန်း၏လေကြောအောက်တွင် ခေါင်းတညိမ့်ညိမ့်လုပ်နေကြသောကလေးများအားကြည့်ကာ ကျန်းချန်သွေးပင်တက်လာသည်
မတက်လာဘူးပေါ့  အဲတော့!!!!
လန်ကျန့် မင်းမြင်လား ပြောပါတယ်မင်းကို အာကြောင့် ကျန်းချန်က အဖော်မရှိတာပါဆို
စီနီယာဝေ့  ဘာဖြစ်လို့ လည်းဟင် ကျန်းဂိုဏ်းချုပ် က-----
မခံစားတတ်လို့ လေ မင်းတို့ လည်း တချိန်လုံးစာသင်နေရင် ကျန်းချန် လို ဖြစ်သွားမယ်ကြားလား ကျင်းလင် သေချာမှတ်ထား။
လန်ကျင်းရီ ၏ အမေးကိုသေချာဖြေပြီး ကျင်းလင်းအား လှည့်ပြောနေသောဝေ့ဝူရှန်းအား ကြည့် ၍ကျန်းချန်းခေါင်းကြောများထောင်လာသည်
Is That Love!Where stories live. Discover now