7

1.7K 225 32
                                    


ထိန်ထိန်သာနေသော လမင်း၏အလင်း ရောင်ဖြာကျနေသော သည့် အပြင် ညင်သာစွာတိုက်ခတ်နေသော လေပြေလေးကြောင့် သာယာလှသော နေရာ လေးတစ်ခုဟုပြောမှာ မလွဲမသွေဖြစ်သော ကူးစူးတွင် ထိုသဘာဝများကို ခံစားနိုင်ဘဲ သန်းခေါင်ချိန်ရောက်မှာကို တွေးရင်း မျက်နှာတွင် မနှစ်မြို့ ခြင်းများ ပြည့်နှက်နေသော လန်ချီရန်တစ်ယောက် တခါးပေါက်ကို စိတ်ရှုပ်ရှုပ်ဖြင့်ကြည့်နေသည်။

သိပ်မကြာပါ သူမလာပါစေနဲ့ ဟုဆုတောင်းနေသော ကိုယ်တော်လေးက အပြုံးရေးရေးလေးဖြင့် သူ့အား ကြည့်နေသည်။ သူ့တစ်သက်တာတွင် နောင်တအရဆုံး အလုပ်ကဘာလဲဟု လန်ချီရန် အား တခြားသူများက မေးခွန်းထုတ်ခဲ့လျှင် သူ၏အဖြေက အသေအချာပင် တူတော်မောင် လန်ရှီးချန်အား ယွင်မုန့်ကို သွားကာ အတင်း မွေးနေ့အတွက် ဖိတ်ခိုင်းခဲ့ခြင်းပင်ဖြစ်သည်။

 နဂိုက နူးညံသော အပြုံးဖြင့် နာမည်ကြီးသော တူတော်မောင် အခုတော့ လန်ရှီးချန်ရဲ့  အပြုံးကိုမြင်တာနှင့်ပင် လန်ဂိုဏ်းသားများ တုန်တောင်တက်နေသည်။  အမျက်တရားကြီးသော ဝိညာဉ်ထက် တူတော်မောင်ရဲ့အေးစက်သော အပြုံးက ဆယ် ဆပိုကြောက်ဖို့ ကောင်းသောကြောင့် လို့ ဂိုဏ်းသားတွေကွယ်ရာ မှာပြောတာကို လန်ချီရန် အားရပါးရထောက်ခံမိသည်။

အခုလည်း  မိမိ ရှေ့တွင် ပြုံးကာ ရပ်နေသော ကိုယ်တော်ချော လေး ကို ကြည့် ရင်းလန်ချီရန် ကြက်သီးများ ပင် တဖြန်းဖြန်းထလာသည်။ 

ကိုယ်တော်ချောလေး အရူးလို ကြည့်နေပြီဆို သေချာပြီလေ သေရည်သောက်လာခြင်းဖြစ်သည်။ လန်ချီရန် ကိုယ်တိုင် ချထားသော စည်းကမ်းကိုပဲ အပြစ်တင် ရမည်လားဘာလား မသေချာတော့ ဘာလို့ သူ့တူ နှစ်ယောက် စလုံး အရက်သောက်လိုက်ရင် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေမှန်းမသိ။

လန်ရှီးချန် ကလည်း သောက်ပြီးရင် ဘယ်သူ့ဆီမှ မသွား ဘဲ ကိုယ့်ဦးလေး ဆီပဲလာ ကာခေါင်းခဲ အောင်၊ ပြီးရင် စည်းကမ်းတွေ တသီတတန်းဖောက် ပြီး ကိုယ့်ဦလေးကို အလိုတူအလိုပါ ဖြစ်အောင် ကြံသည်။ ဒါတောင်မှ လန်ဂိုဏ်းချုပ်ဖြစ်နေလို့ မဟုတ်ရင် ကူးစူးကပြောင်းပြန်ဖြစ်နေလောက်ပြီ

Is That Love!Where stories live. Discover now