9

1.8K 208 26
                                    

လန်ရှီးချန် တစ်ယောက် အခုသူတွေ့နေရသောနေရာက ကူးစူးလန်၏ စည်းကမ်းအကြီးဆုံး ဆရာတစ်ဦးဖြစ်သော ဦးရီးတော် လန်ချီရန်၏အတန်းမှ ဟုတ်ပါလေစဟုပင် နှစ်ခါပြန်ကြည့်လိုက်ရသည်။ အကြောင်းကတော့ အခြားမဟုတ် သူ့ဦးလေးကအတန်း ရှေ့ တွင် မိန့်မိန့်ကြီးထိုင်ကာ အားရပါးရငိုက်နေပြီး ကျောင်းသားများကလည်း အလားတူခုံများပေါ်တွင်ကုန်းကာ အိပ်နေသည်မှာ စာသင်နေသောအခန်းမှ မှန်ပါလေစဟုပင် တော်တော်စဉ်းစားယူလိုက်ရသည်။

လန်ရှီးချန် တစ်ယောက် ချောင်းဟန့်ကာ သူ့ဦးလေးအားနှိုးနေသည် လည်ချောင်းများပင်နာလာသော်ငြားလည်း ငိုက်ကောင်းနေသော ကျောင်းသားနဲ့ ဆရာတစ်သိုက်ကတော့ နိုးမလာပေ။ 

အဟွတ်!!!! ဟွတ်!!!

လန်ရှီးချန် နောက်ဆုံးလက်လျှော့ကာ ကိုယ်တိုင်နှိုးရန် အလျှောက် ထွက်ပေါ်လာသော အတန်းပြီးသည့် အချက်ပေးသံကြောင့် နှိုးလာကြသည်။ ကျောင်းသားများကအလိုလို အိပ်ချင်မှုးတူး ဖြင့်ထကာ သူ့ဦးလေးကို ဂါဝရပြုနှုတ်ဆက်ကာ ထွက်သွားကြသည်။ စည်းကမ်းကြီးလှပါသော သူ့ဦးလေးကလည်း ဘာမှ မပြောဘဲ ထွက်သွားသော ကျောင်းသားများကို ငေးကြည့်ကာ လူကုန်သွားမှ ပင်ထကာ ရပ်နေသော သူ့အားရှိသည်ဟုပင် အဖက်မလုပ်ပဲ ထွက်သွားသည်။

လန်ရှီးချန်တစ်ယောက် ဦးလေးနောက်လိုက်ရန်ပြင်နေသောကြောင့် လန်ဝမ်ကျိအမြန်ပင် ဆွဲထားလိုက်ရသည်။ 

"ဝမ်ကျိ! ဘာလို့......!"

"အစ်ကို မေ့သွားပြီလား ?"

"ဟင်! ဘာကို! "

ရေငုံနှုတ်ပိတ်လုပ်နေသော သူ့ညီကြောင့် လန်ချီးရှန် ဘာပြောရမှန်းမသိဖြစ်သွားသည်။ တော်တော်ကြာသော အခါမှ သက်ပြင်းချသံဖြင့် " အစ်ကို......"

"ရှီးချန် မင်းဒီမှာ ဘာလုပ်နေတာလဲ " အသံနှင့်အတူဘေးရောက်လာသော ဦးလေးအားကြည့်ရင် လန်ရှီးချန် မေးလိုက်မိသည်။ 

"ဦးလေး ခုနက......" 

"အော် ညတုန်းက ဓားရေးကျင့်ခိုင်းထားလို့ ဒီမနက်အနားပေးထားတာ နောက်သုံးရက်လောက်နေမှပဲ အရင် အချိန်ဇယားတိုင်း ပြန်သင်မယ်၊အဲဒါ ခဏထားအုံး ခုမင်း နျွဲ့ ဂိုဏ်းကို သွားလိုက်အုံး နျွှဲ့ ဟိုက်ဆန်းကမင်းနဲ့ ဆွေးနွေးစရာရှိလို့ ဆိုပြီး စာပို့လာတယ်"

Is That Love!Where stories live. Discover now