plot 2

30.7K 2.2K 129
                                    

သူ့အပြောမှာ Wang yiboရယ်နေသည်။
တကယ်ကိုလက်လန်ရတဲ့ကလေး
နောက်ဆုံးတော့ သူပဲလက်လျော့လိုက်ရသည်။
အေးပါ Xaio zhanရယ်ပေးဆပ်ခြင်းတွေနဲ့သာယာ
လိုက်ဦးပေါ့။ အချစ်သူရဲကောင်းကြီးလဲ လုပ်လိုက်ဦး
ပေါ့။ နောက်ဆုံးနဖူးပဲပြဲမလား ဒူးပဲကွဲမလား
အသဲပဲကွဲမလား xaio zhanရယ် မင်းအဖြစ်ကယလွယ်မနေပါလား။

"ဟုတ်ပြီလေ Relax ကလေးနဲ့ကိုယ် သုံးနှစ်စာချုပ်
ချုပ်မယ် ကိုယ့်ဘေးမှာကလေးက....."

သူပြောတာကို ထိတ်ထိတ်ပြာပြာနဲ့

" မချုပ်ပါဘူး စာချုပ်ချုပ်ရအောင်ကျွန်တော်
ကကုန်ပစ္စည်းမှ မဟုတ်တာ လူဗျလူ
ပြီးတော့ခိုင်းရင်လုပ်တာဆိုလို့နွားပဲရှိတယ်။
ကျွန်တော်က လူဗျ အဲ့တာကြောင့် မခိုင်းဘဲ
နဲ့အလိုက်သိမယ် ခင်ဗျားလိုချင်တာဒါပဲမဟုတ်လား"

သူတော်တော်ကိုဒေါသထွက်နေပြီ။

"အေး မင်းသာနွားဆိုရင်လဲ ငါက ဒီလိုတွေပြောမနေဘူး နွားဖားကြိုးထိုးပြီ အခန်းထဲပိတ်ထားမယ်
သိလား"

စိတ်တိုတိုနဲ့အော်ပြောလိုက်တဲ့စကားအဆုံး
မျက်နှာလေးကိုငယ်ပြီး သူ့ကိုကလည်ကလည်နဲ့
ကြည့်နေလေသည်။တက်လဲတက်နိုင်တဲ့ ကလေး

"ကိုကိုကလဲ 😁😁သားကချစ်လို့စတာကို
စိတ်ဆိုးစရာလား😗😗ပေးပေးစာချုပ်လက်မှတ်ထိုး
ပေးနော်ကိုကို နော်"

တက်လဲတက်နိုင်ပါသည့် wang yibo....
ပြုံးနေတာကတကယ်ကိုအသဲယားစေသည်။

ဘုရားသခင် ဒီက Xaio zhan ရူးသွားအောင်များ
wang yiboဆိုသောလူသားကိုဖန်ဆင်းပေးလေသလား။

"အခုတော့အိမ်ပြန်တော့မယ် ။မနက်ဖြန် ကျွန်တော့်
ဘာသာကျွန်တော် ကိုကို့အိမ်ကိုလာခဲ့မယ်😄
လာမခေါ်နဲ့Pleaseနော် ကောင်းသောနေ့ပါ"

ထွက်သွားသောနောက်ကျောပြင်က
စွဲမက်စရာကောင်းကြောင်းဘာလို့မသိခဲ့
ပါလိမ့်။

flash back end

မနေ့ကကိစ္စကိုပြန်တွေးရင်း ကြည်နူးမှုအတိ
လက်ထဲကCoffeeခွက်ကို ချပြီးphoneကိုကောက်
ကိုင်ကြည့်လိုက်လိုက်တော့ wallpaperက
ချစ်စရာကလေးပုံရိပ်လေး။

Sugar daddy(Complete)Where stories live. Discover now