plot 4

23.7K 1.5K 78
                                    

ဒီနေ့နဲ့ဆို ထိုကလေးရောက်လာတာ
သုံးလပြည့်ပြီ။
အခြေအနေတိုးတက်လားဆို တိုးတက်လာပါတယ်။
ခင်ဗျားကြီးလို့မခေါ်တော့ဘဲ ကိုကိုလို့ချိုချိုသာသာ
လေးခေါ်တာတွေ။ကျောင်းသွားကျောင်းပြန်
စီစဉ်ပေးတဲ့ကားကို ငြိမ်ငြိမ်လေးထိုင်စီးထားတွေ။
Partyပွဲတွေတူတူ တက်ပေးတာတွေ။
တစ်ခါတစ်လေဆို papaနဲ့ပေါင်းပြီးသူ့ကိုနှိကွပ်
တာရယ် စကားကိုတစ်ခွန်းမကျန်ပြန်ပြောတာ
ကတော့ မပြောင်းလဲသေး။

နေရောင်ခြည် တစ်စွန်းတစ်စက မှန်ပြူတင်းမှ
တစ်ဆင့် yibo မျက်နှာပေါ်သို့
ကျလာပြီဖြစ်သည်။
မထချင်ထချင်နဲ့ ခေါင်းအုံးကိုမျက်နှာပေါ်ဆွဲတင်လိုက်
တဲ့ကလေး။တကယ်ဆိုသူတို့ uniမှာဒီနေ့
Programmeရှိလို့ ဆိုပြီးနှိုးခိုင်းထားတဲ့ကလေး
ငယ်။

သူနဖူးကိုအသာအယာတစ်ချက်နမ်းလိုက်ပြီး
(နှုတ်ခမ်းကိုနမ်းရင် နှာဘူးလို့ယိုးစွပ်သောကြောင့်)
နှိုးလိုက်မိသည်။ထိုကောင်လေးမျက်နှာ
ဘယ်လောက်မဲ့မဲ့ အနမ်းကတော့ချိုတုန်း။

"arr ကို ...ကို ....ရာ   အစောကြီးကို "

ကိုကိုရာဆိုပြီး မထချင်ထချင်နဲ့ ဆွဲခေါ်လိုက်သော
အသံရှည်ကလဲ ဆွဲဆောင်မှုတစ်ခု။
စူပုပ်ပုပ်မျက်နှာလေးကလဲတစ်မျိုးချစ်ဖို့ကောင်းနေ
သည်။တကယ်ကို ကလေးသေးသေးလေး

"အဟွန်း ၈နာရီထိုးဖို့ ၁၅မိနစ်ပဲလို...."

သူ့အသံအဆုံးမှာ အိပ်ချင်တောင်မပြေသေးတဲ့
ပုံနဲ့ အိပ်ယာပေါ်က ဝုန်းကနဲထထိုင်သည်။

" ဘာ!!!!! ဘယ်နှနာရီ ၇နာရီ နှိုးမယ်ဆိုလို့
ယုံယုံကြည်ကြည် နှိုးစက်တောင်ပိတ်ထားတာ
လေ ။arrခင်ဗျားကြီးတော့ လုပ်ပြီ"

အိပ်ရာပေါ်ကဝုန်းကနဲထကာ ရေချိုးခန်းထဲဝင်
မျက်နှာသစ်ခြင်းနဲ့ ရေချိုးခြင်းအလုပ်ကိုပေါင်း
လုပ်နေသောလူသားလေး။

"နှိုးချင်ပါတယ်ကွာ ကိုယ်လဲ အိပ်ပျော်သွားလို့ပါ"

"......"

ကလေးပိစိ ကကျောင်းသွားဖို့နဲ့အလုပ်ရှုပ်နေသဖြင့်
မျက်စောင်းတစ်ချက်သာထိုးပြီး စာအုပ်တွေ ကို
ကျောပိုးအိတ်ထဲကောက်ထည့်နေသည်။

Sugar daddy(Complete)Where stories live. Discover now