plot 12

21.2K 1.4K 81
                                    

Shootingမှာ ထော့နဲ့ထော့နဲ့နှင့်သွားနေတဲ့
wang yiboကိုကြည့်ကာ မိမိမှာရယ်လဲရယ်ချင်
သနားလဲသနား အချစ်လဲပိုနှင့် ဒွိဟကို double
တွေဖြစ်နေတော့သည်။

ဒါရိုက်တာက အနားရောက်လာတဲ့Wang yiboကို
ထိုင်စေကာ။

" ရရဲ့လားZ ခြေထောက်ကဘယ်လိုဖြစ်တာလဲ
ရိုက်လို့အဆင်ပြေပါ့မလား"

ဒါရိုက်တာမမြင်အောင်မိမိဘက်ကိုမျက်စောင်း
တစ်ချက်ထိုးကာ။

"ချော်လဲလို့ ဒါရိုက်တာကြီးရိုက်ဖို့က အဆင်ပြေ
ပါတယ် ။အဆိုးကြီးမဟုတ်ပါဘူး"

ရှုံ့မဲ့မဲ့လေးညည်းနေတဲ့ Wang yiboဟာ
ယခုအချိန်မှာတော့ချစ်စရာကောင်းလွန်းနေသည်။

"ဒီအရွယ်ကြီးရောက်တဲ့ထိချော်လဲနေသေးတယာ
နော် မင်းကတော်တော်ကိုနမော်နမဲ့နိင်နေတာပဲ"

ရယ်ချင်စိတ်ကိုအတင်းချုပ်ထိန်းကာစလိုက်တော့
နဂါးမျက်စောင်းကဒိုင်းကနဲရောက်ချလာသည်။

"အဟင်း CEOကြီးရယ် သတိလေးတစ်ချက်လွတ်
သွားလို့ပါဗျာ။ချော်လဲတယ်ဆိုတာကလဲ လမ်းဘေးမှာပတ်ပြေးနေတဲ့ ခွေးကိုရှောင်ရင်းနဲ့ ဖြစ်တာမလို့
ခွေးအပြစ်လို့တောင်ပြောလို့ရမလားပဲ"

မိမိကိုခွေးနှင့်ပညာသားပါပါနှိုင်းကာထွက်သွားတဲ့
ကလေးငယ်ကိုတော့ညကြမှတွေ့မယ်လို့
တေးထားလိုက်ရသည်။

*********** *********** ********* *******
မနက်ခင်းတစ်ပိုင်းလုံးပင်ပင်ပန်းပန်း ရိုက်လိုက်
ရတာကြောင့်အားတွေအင်တွေဆိုတာဘယ်ရောက်
သွားမှန်းမသိ outdoor ရိုက်ရတာဆိုတော့
နားနေခန်းလို့လဲမည်မည်ရရမရှိ အနားမှာရှိတဲ့
သစ်ပင်အောက်မှာ ခုံကိုရွှေ့ရင်း အနားယူနေမိ
သည်။  ခဏကြာတော့

" yibo ထ မင်းကြိုက်တဲ့ ခေါက်ဆွဲဝယ်လာတယ်
ထစားဦး ဆေးလဲတစ်ခါထဲသောက်ဦးနာနေမယ်
ထ ...ထ"

တတွတ်တွတ်နဲ့ခေါ်နေတဲ့ Xaio zhanကိုတစ်ချက်
ကြည့်လိုက်သည်။ အလိုက်ကတော့တကယ်သိ
သည်။ ဘယ်အချိန်ကသွားဝယ်ထားမှန်းမသိသော
ခေါက်ဆွဲဘူးက မိမိမျက်စိရှေ့မှာရောက်နေသည်။

တူကိုဖောက်ပြီး ခေါက်ဆွဲကို မိမိရှေ့မှာပင် ဖွင့်ကာ
တူကိုမိမလက်ထဲထည့်ပေးသည်။
မိမိစားနေတာကို ဘေးကနေတစ်ချိန်လုံးငေးကြည့်
နေပြီးတော့မှ။

Sugar daddy(Complete)Where stories live. Discover now