plot 7

18.8K 1.4K 78
                                    

ထွက်သွားတာ တစ်ပတ်ကြာပြီ အခုချိန်ထိသူ
နေသားမကျသေး။
အရက်ကိုစွဲစွဲလန်းလန်းသောက်တက်တဲ့လူ
မဟုတ်တော့ clubတွေbarတွေလဲ အချိန်ပြည့်
ရောက်မနေ။
စိတ်ကိုအလုပ်ထဲနှစ်ကာလုပ်ထားရင်တော့
ထားသွားသူကို မိနစ်ပိုင်းလောက်ဖြစ်ဖြစ်မေ့နိုင်စေ
တာမလို့ အလုပ်ကိုသာဖိလုပ် မိသည်။
ပြည်ပခရီးတွေကော နယ်ခရီးတွေကော ဇာတ်တိုက်
သွားပေမဲ့ အရမ်းပင်ပန်းပေမဲ့ အရင်ကလို
ချွေးသုတ်ပေးမဲ့ ကလေးမရှိတော့။

မတရားဘူးလို့ပြောရအောင်လဲ နှင်ထုတ်ခဲ့တာမိမိမလို့ မပြောနိုင်ခဲ့.။

အဆင်ပြေပါတယ် ထမင်းစားချိန်
တီတီတာတာပြောသံလေးကို
မကြားရတာကလွဲရင်။
အဆင်ပြေပါတယ်
နမ်းနေကြနှုတ်ခမ်းလေးတွေကို
သတိရမိတာကလွဲရင်။
အဆင်ပြေပါတယ်
အတူထိုင်ခဲ့တဲ့ ခြံထဲက ဒန်းလေးဆီ
ခဏခဏသွားထိုင်ပြီး အကြာကြီးလွမ်းနေတက်တာကလွဲရင်။
အဆင်ပြောတယ် ခဏခဏ စစရာ ကောင်လေးကို
စက္ကန့် နဲ့အလပ်လွမ်းနေတာကလွဲရင်။
အဆင်ပြေပါတယ် Snowboardကိုစေ့စေ့
မကြည့်ရဲတာကလွဲရင်။
အဆင်ပြေပါတယ် ကလေးနေသွားတဲ့
အခန်းလေးကိုနေ့တိုင်းသန့်ရှင်းရေးလုပ်နေဖြစ်တာ
ကလွဲရင်။
အဆင်ပြေပါတယ် ကလေးကျန်ခဲ့တဲ့
ပစ္စည်းလေးတွေကို နေ့စဉ်နှင့်အမျှထုတ်ကြည့်
မိတာကလွဲရင်။

အဆင်ပြေပါတယ် ကိုယ့် ဘေးးမှာဆူပုတ်နေတဲ့
ကလေးမရှိတာကလွဲရင်။
တွေးရင်းကျလာတဲ့ မျက်ရည်ကို လက်ခုံနဲ့သုတ်မိ
တော့ သူ့ကြောင့်ကလေးနင့်နင့်သည်းသည်းငိုခဲ့
တဲ့နေ့ကို သတိရသွားမိသည်။

ခြံထဲကို ဝင်လိုက်ပေမဲ့ ကလေးကိုသတိရတဲ့
စိတ်က လွှမ်းမိုးလာပြန်သည်။
သေချာသည် ဒီည တော့သူအိပ်ပျော်မှာမဟုတ်တော့။

******** ******** ****** * ** *********

မနက်လင်းတော့ မျက်နှာမသစ်ခင်ကလေး
အခန်းကိုဝင်ကြည့်မိသည်။လတွေ အလီလီပြောင်း
သွားလို့ ၁နှစ်တင်းတင်းပြည့်သွားတာတောင်
မိမိ မမေ့နိုင်ခဲ့။
အပျော်ဆိုပြီးစလိုက်တဲ့ကိစ္စတစ်ခုဟာ အခုလောက်
ထိနှိပ်စက်မယ်မှန်းသိတာတောင် အတိတ်ကို
ပြန်သွားရမယ်ဆိုရင် တူညီသောအဖြစ်အပျက်
ကို သာရွေးချယ်မိမှာပင် ။
အချစ်ဆိုတာ ထင်ထားတာထက်လေးနက်တယ်
မဟုတ်လား။
ကုတင်စွန်းလေးမှာထိုင်လိုက်ပြီး နေရာမပျက်ရှိနေ
တဲ့ ခေါင်းအုံးလေးကိုရင်ခွင်ထဲထည့်ထားမိသည်။

Sugar daddy(Complete)Where stories live. Discover now