plot 10

17.6K 1.3K 48
                                    

့မနက်လင်းတော့ညက အကြောင်းကို
စဉ်းစားကာပူထူနေသည်။
မစဉ်းစားမဆင်ခြင်ပဲ မူးရူးကာလုပ်သွားသော
ထိုလူသားကိုတော့အခဲမကြေ တစ်ချက်တော့
တွေးမိသည်။

ဝတ်ထားတဲ့ အကျီင်္ကိုတစ်ချက်ပြန်ကြည့်ကာ
စိတ်တိုင်းမကျသလိုခေါင်းတစ်ချက်ရမ်းမိသည်။
ဒီနေ့က သူတို့ရိုက်မဲ့ဇာတ်လမ်းရဲ့ သတင်းစာ
မိတ်ဆက်ပွဲ ။ဇာတ်ကားက ဝတ္ထု ရေးစကထဲ
ကပင် ကျော်ကြားတာမလို့ ဇာတ်လမ်းအဖြစ်
ပုံဖော်ရိုက်သွင်းမည်ဆိုကတည်းက စိတ်ဝင်စားသူ
ရှယ်ယာထည့်ချင်သူတွေ .......များပြားလှသည်။
သရုပ်ဆောင်မှာလဲ Zဆိုကတည်းက တရုတ်မှာတင်
မက တစ်ခြားနိုင်ငံတွေပါ စိတ်ဝင်စားလာကြသည်။

အရင်ကစိတ်နဲ့ဆို အလုပ်ကိုဖြောင့်ဖြောင့်လုပ်
နိုင်မည်ဖြစ်ပေမဲ့ Xaio zhanနဲ့ရင်ဆိုင်ရမဲ့
အခါမှာတော့မိမိဟာ စိတ်ကိုပင် ထိန်း၍မရတော့။
မိမိစိတ်ကိုသူများကထိန်းချုပ်နေသည့်အဖြစ်မှာ
မခံချင်စရာကောင်းလွန်းလှသည်။
ရီဝေဝေ မျက်လုံးတွေက မိမိကိုယခုအချိန်ထိ
မနေနိုင်အောင်ငြှို့ယူဆဲ။ထိုလူသားဟာ
မိမိအပေါ်အမျိုးမျိုး ဆွဲဆောင်နိုင်လွန်းသည်။

" ge ကျွန်တော်ဝင်ခဲ့မယ်နော်"

အပြင်ဘက်ကနေ လှမ်းအော်လိုက်တဲ့xingအသံ
ကြောင့်မိမိပျံ့လွင့်နေတဲ့အတွေးတွေဟာ စုစုစည်း
စည်းပြန်ရောက်ရှိလာသည်။

"ge အချိန်နီးနေပြီလေဗျာ ။ CEO xaioကလဲ
၁နာရီ စောထွက်ဖို့မှာထားတယ်လေ ။
signလဲထိုးပေးရဦးမှာ posterပေါ်မှာ!!"

note bookကိုကြည့်ကာ မှတ်ထားသမျှ
ခပ်သွက်သွက်ပြောနေတဲ့Xingကိုကြည့်ကာသူ
တစ်ချက်ရယ်မိလိုက်သည်။

"ဟာ...သွားပြီ ge ကျွန်တော့်ဆီမှာ geရဲ့ အချိန်
ဇယားမရှိဘူး ... မေ့နေတာမနေ့ကတောင်းခဲ့ရမှာကို
မတောင်းမိ......"

စားပွဲပေါ်မှာတင်ထားတဲ့ အချိန်စာရင်းကိုတစ်ချက်
ကြည့်ရင်း ကြည်နူးမှုလိုလို အရာတစ်ခုကလှိုက်
တက်လာသည်။

" စားပွဲပေါ်မှာ....အချိန်စာရင်းကငါကြည့်ပြီးသွားပြီ"

အချိန်စာရင်းရောက်လာတာကို အံ့သြနေပေမဲ့
ပွဲသွားဖို့အချိန်ဟာနီးနေပြီမလို့ ဘာမှမပြောနိုင်
တဲ့ပုံကို တစ်ချက်ရယ်မိကာ။

Sugar daddy(Complete)Where stories live. Discover now