plot 14

16.9K 1.2K 15
                                    

အခန်းကိုခေါက်တုန့်ခေါက်ပြန်လျှောက်နေတာ
အကြိမ်နှစ်ဆယ်မကတော့။
ဘေးနားက Lingကိုလဲ ဂရုမစိုက်နိုင်။
အခုစိတ်ထဲမှာရှိနေတာ Yiboရဲ့ဘေးကင်းရေး။
ိမိမိတို့ဘက်က သူတို့လူကိုလွှတ်ပေးတာ
၃ရက်ကျော်သွားပေမဲ့ ဟိုဘက်ကပြန်စာ
မလာတဲ့အပြင်.......... ဒီဘက်ကလူက အရူးမီးဝိုင်း
ဖြစ်နေရတာပဲ ပိုသည်။
မထိုင်နိုင်မထနိုင်ဖြစ်နေတာ တစ်ရက်မကတော့
မျှော်လင့်ချက်တွေ အားလုံးရိုက်ချိုးခံရတဲ့
ခံစားချက်တကယ်ကိုဆိုးဝါးလွန်းသည်။

အကြိမ် ၁၀၀၀မကတော့ပဲ ခေါ်ထားသည့်
phoneကိုနောက်တစ်ခေါက်ထပ်ခေါ်၍ လူကြီးမင်း
နှင့်တိုးသည့်အခါမှာတော့ကိုင်ပေါက် ပစ်လိုက်
တဲ့ဖုန်းက နံရံနဲ့သွားမိတ်ဆက်သည်။

" ဘယ်လိုဖြစ်နေတာလဲ zhan zhan
စိတ်ထိန်းစမ်းပါ။ဒီလိုအချိန်မှာ မင်းကပါ
သွေးပျက်နေလို့ မဖြစ်ဘူး မဟုတ်လားဟင်!!!!!!!"

တစ်ခါမှမအော်စဖူးအော်ချလိုက်တဲ့Ling
ရဲ့အသံက နားထဲပဲ့တင်ထပ်သွားပေမဲ့
သူ စိတ်တွေတည်ငြိမ်မှုမရရှိခဲ့

" ကြောက်နေတာ !ဝေးခဲ့ရရင်ဘယ်လိုလုပ်မလဲ
ကျွန်တော် အခုသွားရှာမယ် ဖယ်ဗျာ လာမဆွဲ
နဲ့ တောင်းပန်ပါတယ်ဗျာ သွားရှာပါရစေ"
သွေးပျက်နေတဲ့ မိမိကိုဆွဲထားတဲ့Lingကိုယ်တိုင်
လဲမျက်နှာမကောင်းခဲ့။

"စိတ်ထိန်းစမ်းပါ!!! Zhan zhanမှမတည်ငြိမ်ရငဘယ်သူကYiboကိုလွတ်မြောက်အောင်
လုပ်ပေးနိုင်မှာလဲ!"

ဟုတ်တယ် စိတ်တည်ငြိမ်ရမယ် ။
Yiboကိုပြန်ရဖို့စိတ်ကိုတည်ငြိမ်အောင်ထား
ရမယ်။
ရုတ်တရတ် ငြိမ်ကျသွားကာ နံရံ အမှီကိုမှီချလိုက်
ရင်းဘာလုပ်ရမှန်းမသိတော့အောင် စိတ်ညစ်
မိသည်။ ပထမတစ်ခါဆုံးရှုံးတုန်းက နာကြင်
ရတဲ့ ခံစားချက်ကို ရင်နင့်အောင်ခံစားပြီးပြီမလို့
ဒုတိယတစ်ခါခံစားဖို့ဆိုတာ မဖြစ်နိုင်တော့။
မိမိက အဆင်ပြေပြေစားသောက်နေပေမဲ့
ရက်တော်တော်ကြာအောင်...... ဝေးခဲ့တဲ့
အစားရွေးတဲ့ကလေးကကော အဆင်ပြေပါ့မလား။
သက်ပြင်းကိုရှိုက်ထုတ်ရင်း တစ်နိုင်ငံလုံးမှာ
ရှိတဲ့ဖြစ်နိုင်ချေ ရှိတဲ့ နေရာမှန်သမျှကိုလိုက်ရှာ
ခိုင်းထားတဲ့အဖွဲ့ကို သတင်းမေးတော့လဲ
အဖြေက မတွေ့သေး။
လွမ်းလိုက်တာ ကလေးရယ်!! နောက်တစ်ခါ
ပြန်တွေ့ရင် ကလေးဖြစ်ချင်တာမှန်သမျှ ဖြည့်ဆည်း ပေးမှာမလို့ကံကြမ္မာကိုမရက်စက်ဖို့ တောင်း
ပန်ပါရစေ။ ဒုတိယတစ်ခါတော့ရက်စက်လို့
မဖြစ်ဖူးမဟုတ်လား။ ချစ်ခြင်းရဲ့အရသာကို
ကလေးငယ်ကို အပြည့်အဝခံစားစေချင်တာကြောင့်
ပါ။

Sugar daddy(Complete)Where stories live. Discover now