Ending❤️

25.4K 1.3K 60
                                    

Zawgyi
♥♥★

ခေါင်းကိုလက်နှင့် ကုတ်ကာ လှေကားကနေ
စိတ်တိုတိုနဲ့တက်သွားတဲ့ Xaio zhanနောက်ကို
အပြေးလိုက်ရသေးသည်။ မနက်ဖြန်ဆိုရင်ပဲ
စရိုက်ရတော့မယ် သူ ကောက်ချိတ်နေတဲ့
Xaio zhanကြီးကိုဘေးထားပြီးအလုပ်လုပ်
ရတာစိတ်ဖြောင့်မှာမဟုတ် အနည်းဆုံးတော့
စိတ်ဆိုးမပြေချင်နေပါစေ....စောင်းချိတ်မနေရင်
ပြီးတာပဲ.....စောင်းချိတ်နေရင် အလုပ်လုပ်ရတာ
တကယ်ကိုအဆင်မပြေ.....အခန်းတံခါးပိတ်ထား
တဲ့ ကလေးဆန်တဲ့လုပ်ရက်မျိုးကခဏခဏ
လုပ်သည်။ ဒဏ်ရာရပြီးမှ xaio zhanဟာ အလွန်ကို
ကလေးဆန်လာသည်။ အလုပ်မှ အနားယူရမယ်
ဟုdrပြောတာ တစ်လ နှစ်လ သာဖြစ်ပေမဲ့
ဒင်းကတော့  သေနတ်ဒဏ်ရာကိုအကြောင်းပြ
ကာအလုပ်မသွားတာ ၆လပင်ရှိနေပြီ။
အလုပ်မသွားပေမဲ့ shootingကိုတော့တစ်ရက်
လေးခေါက်လောက်အကြောင်းမရှိအကြောင်း
ရှာ၍လာသည်။  တကယ်ကို ကလေးဆန်လွန်း
သည်။ အလုပ်ပြန်တက်ဖို့ နိုင်ငံခြားကယောက်ဖ
ကအစ လှမ်းပြောသော်လည်း ဒဏ်ရာအကြောင်း
ပြကာ နားနေသည်။ companyက xaio zhan လက်
ချက်ကြောင့်ဒေဝါလီ ခံရတော့မည်။

" အဟင်း ....ကျွန်တော်ဝင်လာပြီနော်..."

ပိတ်ထားတဲ့ တံခါးကိုအသာဆွဲဖွင့်ပြီး
အခန်း ထဲကို ခပ်နှေးနှေးဝင်လာသည်မှာ
အသင့်အနေအထားရှိနေသော စစ်သားတစ်ဦးအ
သွင်.......

xaio zhanကတော့တင်းနေသော မျက်နှာထားကို
မလျှော့ ဖွင့်ထားတဲ့ပြူတင်းပေါက်ကနေ ကောင်းကင်
ကိုလှမ်းငေးနေသည်။

" Xaio zhan"

တစ်ခါခေါ်သည် လှည့်မကြည့်......

" XAIO Zhanရေ ခင်ဗျား ယောက်ျားကျွန်တော်
ခေါ်နေတယ်''

"ငါ့ယောက်ျားက ငါ့စကားကိုအရမ်းနားထောင်တာ
ပဲနော် အလေးထားပုံက"

အင်းနည်းနည်းတော့ညှိလို့ရမဲ့အနေအထားပါ။

"ကျွန်တော် ချစ်တာခင်ဗျားတစ်ယောက်ထဲပါ
ကျွန်တော့်ဘဝမှာတစ်ခြားလူကို လဲ မချစ်ဖူး
သလို ရင်လဲ မခုန်ဖူးပါဘူး။ခင်ဗျားကကျွန်တော့်
အတွက်စကားလုံးတွေနဲ့တင်စားမရအောင်
တန်ဖိုးရှိပါတယ်...ခင်ဗျား မျက်နှာတော်ညှိုးရင်
ကျွန်တော် မနေတက်တာမလို တစ်ဆိတ်လောက်
ကျွန်တော့်ကိုကယ်ဆယ်ပေးပါနော် ချစ်တယ်နော်"

Sugar daddy(Complete)Where stories live. Discover now