plot 5

22K 1.6K 65
                                    

သူတို့နှစ်ယောက်စားပြီးတော့ဆိုင်ထဲကနေ ထွက်ခွာ
ခဲ့သည် ။
လမ်းတစ်လျှောက်လမ်းလျှောက်လာတဲ့တိုင် ဘာမှမပြောဖြစ်ကြသေး
စားကြသောက်ကြနဲ့မလို့ အချိန်က ၉နာရီနီးပါး
ရောက်သွားပြီ။

တိတ်ဆိတ်ခြင်းဟာ ရင်ခုန်ခြင်းတွေကိုလှလှပပ
ထောက်ပံ့နေတဲ့နာမ်ထောက်ပစ္စည်းနဲ့လဲတူနေသေး
သည်။

"ကိုကို"

"ကလေး"

တစ်ပြိုင်နက်ခေါ်မိလိုက်သောသူတို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်ကြည့်ကာရယ်မိလိုက်
သည်။xaio zhanသည် wang yiboအပေါ်
အချစ် တွေသာမက မေတ္တာတွေအလိုလိုက်ခြင်းတွေ
ပါပေးထားတာမလို့ yiboကသူ့ကိုဆို
အစ်ကိုတစ်ယောက်လိုပါသတ်မှတ်ထားသည်။
yiboနဲ့ သူ့အဖေနဲ့တွေ့ချိန်ဆိုသူ့ကို
မကြာခဏ ထွက်ပြေးအောင်လုပ်တက်သဖြင့်
သူ့မှာထိုသူနှစ်ဦးဆုံမှာကိုပင်ကြောက်နေမိသည်။

" အဲ...ကို ကိုပြောပါ ဘာပြောမလို့လဲ"

သူတစ်ချက်ပြုံးလိုက်ပြီး

"Aww ကလေးက ဘာမှလဲမပြောဘဲနဲ့
လမ်းဘဲလျှောက်နေလို့လေ ဘယ်သွားမှာလဲလို့
မေးမလို့ပါကွာ"

ကလေးငယ်သည် ချစ်စဖွယ်တစ်ချက်သာ
ပြုံးပြီး

" ကျွန်တော်လဲကိုကို့ကိုမေးမလို့ ဘယ်သွားကြမလဲလို့"

အချိန်ကိုကြည့်လိုက်တော့၉နာရီကျော်နေလေပြီ။
ဒီအချိန်ဆိုတာ ဘယ်မှ သွားလို့ကောင်းတဲ့အချိန်
မဟုတ်တော့။

"ကလေးholiday ကကျန်သေးတယ် မဟုတ်လား
ကျောင်းဖွင့်ဖို့က လိုသေးတယ်ဟုတ်။
မနက်ဖြန် ကိုယ်တို့dateလုပ်မလား
ကလေးလိုချင်တာတွေလဲဝယ်ပေးရင်း
ကိုယ်လိုအပ်တာတွေလဲ ကလေးကဖြည့်ဆည်းရင်း"

အံ့သြသလိုပြူးကြည့်နေတဲ့ မျက်လုံးတွေကို
မျက်ခွံလေးတွေပိတ်သွားတဲ့ အထိမြတ်မြတ်နိုးနိုး
အနမ်းတစ်ပွင့်ခြွေချလိုက်သည်။

"ဟို ...ကိုကို .က ကျွန်တော့်ဆီကဘာလိုအပ်တာလဲ"

ခပ်မဲ့မဲ့ပြုံးပြီးပြောလိုက်တဲ့လူကြောင့်ရင်ခုန်သံဟာပို
မြန်ဆန်နေတာကိုတော့ သူ လက်ခံရပါလိမ့်မည်။

Sugar daddy(Complete)Where stories live. Discover now