plot 16

16.3K 1.1K 18
                                    

Zawgyi here

ဆိုဖာပေါ်မှာထိုင်ကာပြောစရာရှိတာကိုမပြောပဲ
အအေးကို ဖြေးဖြေးချင်းသောက်နေတဲ့ Joon Min
ကိုခပ်စူးစူးကြည့်နေသည်။
ဖြစ်နိုင်ရင် ပြေလည်ချင်သည်။ ကလေးက
သူ့လက်ထဲမှာမဟုတ်လား?

"ဘာပြောစရာရှိလို့လဲ Joon min"

ဖြည်းဖြည့်ပေါ့ဆိုတဲ့သဘောနဲ့မေးတာကို
ချက်ခြင်းမဖြေ

" ငါကမင်းကိုအခွင့်အရေးလာပေးတာပါ"

အနားမှာထိုင်နေသောlingက မျက်လုံးတွေပေါက်
ထွက်မတက် စူးစိုက်ကြည့်နေတာမလို့
မိမိကကြားထဲကအားနာနေရသည်။
ဘာပဲဖြစ်ဖြစ် ၁၀နှစ်ကျော်ပေါင်းလာတဲ့သူငယ်ချင်း
တွေပဲသံယောဇဉ်ကတော့ ရှိတာပေါ့။

" အခွင့်အရေးဟုတ်လား။ပြောတက်တယ်နော်
Joon min ..ရှင်ကလေ မြေခွေးလိုလူ .....
ရှင်ပြောတယ်နော် ဒါကLilyအတွကလက်စားချေတာဆို ..... သေတဲ့လူကသေသွားပြီပဲ.....
ရှင်မှားနေပြီ ဒါကလက်စားချေတာမဟုတ်ဘူး
အောက်တန်းကျတဲ့စိတ်ကို လူ့အသက်နဲ့
အလောင်းအစားလုပ်နေတာရှင့်"

Lingကိုလက်တို့ပြီးဆက်မပြောဖို့တားရသည်။
Joon minကတော့ခပ်ပြုံးပြုံးတစ်လောကလုံးကို
အပိုင်ရထားတဲ့ရုပ်နဲ့။

" ငါကမင်းကိုပြောမလို့ပါ xaio zhan.....Wang yibo
အတွက်ဘာမဆိုစွန့်လွှတ်နိုင်တယ်လို့မင်းပြော
တာနော်......မင်းပိုင်ဆိုင်သမျှထဲက 90%ကိုငါလိုချင်
တယ် အဟက်"

သူ့စကားသူသဘောကျကာပြန်ရယ်နေတဲ့
Joon Minကိုမယုံသလိုကြည့်လိုက်သည်။
90%တဲ့ မလွန်လွန်းဘူးလား။

" ရှင်ယုတ်မာလှချည်လား"

ဘေးနားကlingက စိတ်တိုကာထပြောသည်။

" လူ့အသက်တစ်ချောင်းက အဲ့ပိုက်ဆံတွေလောက်
တောင်တန်ဖိုးမရှိဘူလား?
arr သနားစရာကောင်းလိုက်တာ"

"မင်း မဆိုင်တာတွေလျှောက်ပြောမနေနဲ့။''

"အချိန်၃ရက်ရှိသေးပါတယ်။အော်ဒါနဲ့
ရှေ့နေကြီးLingကပဲ စာချုပ်စာတန်းတွေပြင်ဆင်ခဲ့
ပါနော်။စာချုပ်စာတန်းနဲ့ဆိုတော့ ......ခိုင်လုံတာပေါ့
ပြီးတော့မင်းတို့ကိုမယုံလို့ ငါ နေရာပြောင်းထားတယ်
နောင်သုံးရက်နေရင်တွေ့တာပေါ့"

Sugar daddy(Complete)Where stories live. Discover now