plot 10(part 2)

19.5K 1.4K 64
                                    

စရိုက်တဲ့နေ့မလို့ တိုနေတဲ့ အပိုင်းကစရိုက်သည်။
သရုပ်ဆောင်နေတဲ့ wang yiboတစ်ဖြစ်လဲ
Zက ကျွမ်းကျင်စွာ အမှားတစ်ခုမှမရှိပေမဲ့
မင်းသမီးဘက်ကတော့ အကြိကိမ်လွဲမှားနေသည်။
ပထမပိုင်းနဲ့တင် ၁၀ခါမက သတိပေးရပြီဖြစ်သည်။
သူရိုက်ကွင်းဘက်ကိုတစ်ချက်ပြန်ကြည့်လိုက်သည်။
ဒီတစ်ခါ အမှားကိုတော့WANG YIBOဘက်က
သည်းမခံနိုင်တော့သည့်ပုံစံနဲ့ ထရပ်ပြီး

" ဒါရိုက်တာကြီး ကျွန်တော်ဒီနေ့ဆက်မလုပ်နိုင်
တော့ဘူး။ ဒီလောက်လွယ်တဲ့အခန်းကိုတောင်
ဒီလောက်ထိကြာနေတာ ကျန်တဲ့အခန်းတွေဘယ်
လိုလုပ်မလဲ"

မှားတာက မိမိတို့ဘက်က မင်းသမီးဖြစ်နေတာကြောင်ဒါရိုက်တာတွေလဲ စိတ်ညစ်နေကြသည်။
ခဏနေတော့ ရိုက်ကွင်းခဏနားမယ် ဆိုပြီးတော့
ဒါရိုက်တာဘက်က ပြောလိုက်တဲ့ခဏမှတော့
Wang yiboနားနေခန်းဘက်ဝင်သွားသည်။
သူအရမ်းပင်ပန်းနေသည်ဆိုတာ နဖူးကချွေးစက်
များကသက်သေ။

သူ အနားကကိုယ်စားလှယ်ကြီးကို အနီးအနားမှာရှိတဲ့ စတိုးဆိုင်ကနေ အအေးတစ်ဘူးသွားဝယ်ခိုင်း
လိုက်သည်။
ထို့နောက်မှာတော့အအေးဘူးကို လက်ကကိုင်ကာ
ကိုယ်တော်လေးရှိတဲ့နားနေခန်းထဲကိုအပြေးဝင်ရ
သည်။

အနားမှာတော့တတွတ်တွတ်ပြောနေတဲ့Xingဆိုတဲ့
ကောင်လေးကိုအလိုမကျစွာ ကြည့်ရင်းခေါင်းကိုရမ်း
လိုက်သည်။

သူအနားကိုရောက်လာတော့ မန်နေဂျာငယ်လေးက
အလိုက်သိစွာ အပြင်ကို ထွက်ပေးသည်။

"အဟင်း!! yibo အအေးသောက်လိုက်ဦး မင်းကြည့်
ရတာ ပင်ပန်းနေတဲ့ပုံပဲ။ ဒါပေမဲ့.... တစ်နေ့လုံး
shootingစရိတ်ကိုနည်းနည်းလေးတွေးပေး
လေကွာ။1 senseပဲထပ်ရိုက်ပေး "

လေသံကို အတက်နိုင်ဆုံးလျှော့လိုက်ကာ
ထိုလူသားလေးအလိုကျ လိုက်ပြောမိသည်။
အချော့ကြိုက်သည် မဟုတ်လားထိုလူသားလေးက

" ဟုတ်ပြီ ....ဟုတ်ပြီ ..တကယ်ပဲ"

စိတ်မရှည်ဟန်နဲ့ပြောကာ အအေးဘူးကိုဖွင့်သောက်
လိုက်ပြီး သူ့ကိုတစ်ချက်ထိုးလိုက်တဲ့မျက်စောင်းဟာ
ပြင်းလွန်းတာကြောင့်နှလုံးသားလေးပင် တုန်ခါသွား
သယောင်။

Sugar daddy(Complete)Where stories live. Discover now