plot 6

19.1K 1.4K 86
                                    

ဖုန်းကမှန်ကိုပစ်လိုက်၍ကွဲသွားသော
မှန်စတွေနဲ့အတူ နှလုံးသားပါအက်သွားသည်
ဟုထင်ရသည်။
လုပ်ရက်သူက လုပ်ရက်လို့လုပ်သွားပြီပဲ
မိမိကမခံနိုင်စရာရှိမလား။

ဖုန်းကိုသွားပြန်ကောက်ပြီး no တစ်ခုကိုနှိပ်လိုက်
မိသည်

"Hello ,zhen yi wang  မင်း အခုရက်ပိုင်း
လုပ်နေတဲ့projectကိုရပ်ထား အခု
wang yiboနောက်ကနေ လိုက်ကြည့်ထား
ထူးထူးခြားခြားအခြေအနေဖြစ်ရင် ငါ့ကိုပြော
အထူးသဖြင့် မိန်းမတစ်ယောက်နဲ့တွေ့တာတို့
ဘာတို့ဆို ငါ့ကိုphoneတန်းဆက် ရှင်းလား
ငါပြောတာ"

"--------"

တစ်ဖက်က နာခံသံနဲ့အတူ phoneကိုချပြီးတော့
မှ အိပ်ယာပေါ်ကို လှဲချမိသည်။
အရင်ရက်တွေကဒီလိုကလေး holiday
ရတဲ့ရက်တွေဆို အရမ်းပျော်ရွှင်ရသည်။

သို့ပေမဲ့ အခုတော့ယခင်ကလိုမဟုတ်အရှိန်ပြင်းပြင်း
မုန်တိုင်းတစ်ခုက မွှေနှောက်သွားသည် မဟုတ်လား
မုန်တိုင်းကိုဖန်တီးသူက မိမိအမြတ်နိုးဆုံးလူသား။

အိပ်ယာပေါ်လှဲနေပေမဲ့ အိပ်မပျော်တဲ့စိတ်တွေနဲ့
သူအကျဉ်းကျနေသည်။
တင်းခံထားပေမဲ့ ကျလာသော မျက်ရည်စတွေ။
သက်ပြင်းကိုသာအသာယာချလိုက်ပြီး အိပ်မပျော်
မှန်းသိပေမဲ့ အိပ်ဖို့ကြိုးစားမိသည်။
အိပ်နေရင်အနည်းဆုံးတော့ စိတ်သက်သာရာ
ရသည် မဟုတ်လား။

တစ်ညလုံးအိပ်မပျော်ဘဲ တစ်စုံတစ်ခုကို
လက်လွှတ်လိုက်ရမှာကြောက်နေပုံ ရတဲ့
မျက်ရည်အသွင်သွင်ကျကာ ဝမ်းနည်းစိတ်ကို
မြိုသိပ်နေတဲာကောင်လေးနဲ့  အိပ်မပျော်ပေမဲ့အတင်း
အိပ်ဖို့ကြိုးစားနေတဲ့ကောင်လေးနှစ်ယောက်ဟာလဲ
xaio အိမ်တော်ကြီးမှာရှိနေလေရဲ့။

********** ********* ********** ********
မနက် ၄နာရီ
wang yibo
မျက်ရည်တွေကိုသုတ်ပြီးငူငူလေးထိုင်နေမိသည်။

၅နာရီ
ရေချိုးခန်းထဲဝင်ကာ တစ်ကိုယ်လုံးကို
စိမ်ပြေနပြေ စိမ်နေမိသည်။ သိလိုက်ရတာ
သူ့ကြောက်ရွံ့မှုကိုရေစက်လေးတွေလဲမဖေးမနိုင်။

၆နာရီ

ရောင်နီပျို့လာတဲ့နေမင်းကြီးဆီလဲ
ကိုကို့ကိုမဆုံးရှုံးရဖို့ တောင်းဆုခြွေမိတာပဲ။
ပျံသန်းနေတဲ့ငှက်လေးတွေကိုလဲ ကူညီဖို့
တတွတ်တွတ်တောင်းဆိုမိတာပဲ။
အိပ်ခန်းရှေ့ကနှင်းဆီခင်းကြီး (နှင်းဆီတွေကို
ကြိုက်တက်သောမိမိအတွက် မြေကြီးကို
လက်နှင့်တစ်ခါမှမထိဖူးသော xaio zhanကိုယ်တိုင်
စိုက်ပျိုးထားသောပန်းခင်း)ကိုလဲ တိုင်တည်ပြီး
ကျိန်ဆိုမိတာပဲ။
ချစ်မိလို့မစွန့်လွှတ်နိုင်တဲ့အကြောင်းတွေကို
ဖြူလွလွ တိမ်တွေကိုလဲ ရင်ဖွင့်ခဲ့တာပဲ။

Sugar daddy(Complete)Where stories live. Discover now