ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၂

330 6 0
                                    

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၂

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

​ရွှေ​တောင်​ကြား ၂ရပ်​ကွက်​ရှိ သိင်္ဂီရတနာစံအိမ်​၏ ဧည့်​ခန်း၌ ဖြစ်​သည်​။

"မယ်​မယ်​လုံးဝခွင့်​မပြုနိုင်​ဘူး"

တည်​ငြိမ်​လေးနက်​သောဟန်​ပန်​အေး​ဆေး​သောအမူယာနှင့်​ဒေါ်မိုးမြင့်​ရတနာစကားဆို​လေသည်​။

ညလွန်းယံကလဲ လုံးဝလက်​မ​လျှော့....

"မယ်​မယ်​ကလဲဗျာ....ဒယ်​ဒီ့ကိုဆို အဲ့​လောက်​ပြောစရာမလိူဘူး....သားဘာဖြစ်​ချင်​တယ်​ဆိုတာနဲ့ခွင့်​ပြု​ပေးပြီးသား..."

"အို မယ်​မယ်​က​တော့လက်​မခံနိုင်​ဘူး....သား ဒယ်​ဒီနဲ့မယ်​မယ်​လမ်းခွဲခဲ့တာလဲအဲ့ဒါ​တွေ​ကြောင့်​ပါတယ်​"

ဟုတ်​တော့လဲဟုတ်​သည်​ပင်​..... ယံယံ၏ မိခင်​မှာ ကုန်း​ဘောင်​ခေတ်​အနွယ်​တော်​မျိုးရိုးမှဆင်းသက်​လာသူပီပီ နန်းမူနန်းရာမပျက်​အိ​နြေ္ဒသိက္ခာအလွန်​ကြီးသည်​။အယူအဆနှင့်​ရှေးရိုးများကို ဘိုး​ဘေးအစဉ်​အလာဟု​ပြော၍သာထိန်းသိမ်းတက်​လေသည်​။

ညလွန်းယံ၏ ဒယ်​ဒီတိမ်​ယံမြင့်​နှင့်​ပြတ်​စဲပြီး​နောက်​ယံယံလဲ အ​ဖေဘက်​တွင်​အ​နေများသဖြင့်​ဒေါ်မိူးမြင့်​ရတနာနှင့်​ပင်​သိပ်​အ​စေးမကပ်​တော့​ချေ။

သို့​သော်​လက်​မ​လျှော့​သေး....

"မယ်​ဘုရားရယ်​တစ်​ခါထဲပါ​နော်​နော်​....မယ်​မယ်​စိတ်​မချရင်​ကိုကြီး​ဝေကိုပါထည့်​ပေးလိုက်​လေ"

ကိုကြီး​ဝေဆိုသည်​မှာ သိင်္ဂီရတနာအိမ်​တော်​မှ ယာဉ်​မောင်းတိုး​ဝေ​အောင်​ပင်​ဖြစ်​သည်​။

ယံယံစကား​ကြောင့်​မယ်​မယ်​စဉ်းစားဟန်​ပြု၏ ခဏအကြာတွင်​....

"ဟင်း....တားမရလဲ သွားပါ​လေ....တိုး​ဝေကို​တော့​ခေါ်သွား​ချေ....ဒါ​ပေမယ့်​၅ရက်​ပဲ​နော်​..... မယ်​မယ်​ခွင့်​ပြုတာ....မစားဖူးတာ​တွေလဲအရမ်းမစားနဲ့....မသွားဖူး မကြုံးဖူးလို့ဆိူပြီး လက်​တည့်​မစမ်းနဲ့​နော်​..... နယ်​ခံလူကြီး​တွေကမလူပ်​နဲ့ဆို စကားနား​ထောင်​....ဟုတ်​ကဲ့လား သား..."

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now