ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၃

281 6 0
                                    

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၃

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

နယ်​စပ်​မြို့​လေး၏​အေးမြ​သော နံနက်​ခင်းအချိန်​တွင်​ကားတာယာပွတ်​သံများ ညံသွား​လေ​တော့သည်​။

ဒါ​တော့လွန်​ပြီ....ငါ့ကို တမင်​သက်​သက်​အကျင့့်​ယုတ်​တာ.....

ယံယံလဲ​ဒေါသထွက်​ခါ ကား​ပေါ်မှာဆင်း​လေ​တော့သည်​။

"​ဟေ့လူ ခင်​ဗျားဘာလုပ်​တာလဲ တိုက်​ရင်​သေတက်​တယ်​ဗျ...... ခု ကျုပ်​ကား​ရှေ့ကဖယ်​.."
ဆိုကာ​ပြော​လေသည်​။

"မင်း​အေး​အေး​ဆေး​ဆေး ငါတို့နဲ့လိုက်​ခဲ့ "

ထိူအချိန်​တိုး​ဝေ​အောင်​မှ ဝင်​ကာ ဘုန်းစည်​သူအား

"ညီ​လေးရယ်​....အကိုကပဲ​တောင်းပန်​ပါတယ်​နော်​....အကိုတို့ကိုယ့်​လမ်းကိုယ်​သွားပါရ​စေ ဖယ်​ပေးပါ"

"အဟက်​ဘဲကြီး ခင်​ဗျားနဲ့ မဆိုင်​ဘူး​နော်​အသားမနာချင်​ရင်​ဖယ်​နေလိုက်​" ဟု​ပြောကာ ဘုန်းစည်​သူမှယံယံလက်​ကိုဆွဲကာ ကားထဲဝင်​ခိုင်း​လေသည်​။

တိုး​ဝေ​အောင်​လဲမ​နေသာ​တော့ပဲ ဘုန်းစည်​သူ၏​မေးရိုးအား အားကုန်​ထိုးချ​လေ​တော့သည်​။

ဘုန်းစည်​သူလဲကျသွားသည်​နှင့်​စည်​သူ့​နောက်​လိုက်​များမှ တိုး​ဝေ​အောင်​ကိုဝင်​လုံး​လေ​တော့သည်​။ အများနှင့်​တစ်​ယောက်ဖြစ်​နေစဉ်​ဒီ​ရေနှင့်​ခေတ်​သစ်​ကပါဝင်​ကူ​လေသည်​။

မယ်​မဒီ​ဘေးပတ်​ဝန်းကျင်​ကို​အော်​ဟစ်​အကူညီ​တောင်း​သော်​လဲ မိမိနှင့်​မဆိုင်​သည့်​ကိစ္စအားဝင်​မပါသည့်​နှယ်​ရှောင်​ကာထွက်​သွား​လေ​တော့သည်​။

တိုက်​ခိုက်​မှုအတွက်​လေ့ကျင့်​ထားသူများနှင့်​မြို့​ပေါ်​နေလူကုံထံသူ​ဠေးသားများ၏ ရန်​ပွဲသည်​မည်​မျှမကြာ​သောအချိန်​တွင်​ရပ်​တန့်​ခဲ့​လေသည်​။

ထိုစဉ်​ဘုန်းစည်​သူ ခါးကြားမှ​သေနတ်​ထုတ်​ခါ မယ်​မဒီအား ချိန်​ရွယ်​လ်ုက်​လေသည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now