ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၅

230 5 0
                                    

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၅

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

သိင်္ခ ၄နှစ်​တာမျှ ထိန်းထား​သောအချစ်​များအား ဆုမွန်​မစမှုနှင့်​ယံယံ့အားသိမ်းပိုက်​ခဲ့​လေသည်​။

ညအလင်းရဲ့တိုးဝင်​မှုက ခန့်​သိင်္ခ​မောင်​၏ အိပ်​ခန်းတွင်းသို့ဝင်​ရောက်​၍ ညလွန်းယံ၏ ကိုယ်​ပေါ်၌ ဖြန့်​ကျက်​နေ​လေသည်​။

ခန့်​သိင်္ခ​မောင်​သည်​ကုတင်​အားမှီ၍ ညလွန်းယံ၏ကိုယ်​လေးအား ရင်​ခွင်​ထဲသို့ထည့်​ထား​လေသည်​။

ညလွန်းယံ၏ ဖြူ ဥ​နေ​သောအသား​ရေ​ပေါ်၌ ခန့်​သိင်္ခ​မောင်​၏ အချစ်​အမှတ်​အသားများကပြန့်​ကျဲ​နေ​လေသည်​။ခန့်​သိင်္ခ​မောင်​ညလွန်းယံ၏ ဆံသားနုနု​လေးများကို နဖူး​ပေါ်သို့သပ်​တင်​ပေးကာ​တောင်းပန်​စကားဆို​လေသည်​၊

"ယံ​လေး....ကိုကို​တောင်းပန်​ပါတယ်​နော်​...ကိုကို​လေ စိတ်​မထိန်းနိုင်​ဖူးဖြစ်​သွားတယ်​...... ဒါကလဲ​လေ ကိုကိုထန်​တာမဟုတ်​ပါဘူး....က​လေးနဲ့မှ ကိုကိုဒီစိတ်​တွေဖြစ်​လာတာပါ က​လေးက ကိုကို့ရဲ့ပထမပါ....​နော်​က​လေး​လေး စိတ်​မဆိုးပါနဲ့​နော်​" ဟု​ပြော​လေသည်​။

ထိုစဉ်​ယံယံ သိင်္ခအားတိုးဖက်​ခါ
"က​လေး စိတ်​မဆိုးပါဘူး ကိုကို...ရှက်​လို့ပါ....ပြီး​တော့နာလဲနာတယ်​...ဟင့်​"

သိင်္ခ ယံယံမျက်​နှာ​လေးကို​မေး​စေ့မှဆွဲကာ​မော့​စေပြီး နဖူး​လေးအားအနမ်း​ချွေလိုက်​လေသည်​။ထို့​နောက်​နှုတ်​ခမ်း​လေးအားနမ်းမည်​ပြုစဉ်​....တံခါး​ခေါက်​သံ ကြားရ​လေသည်​။

"​ဒေါက်​....​ဒေါက်​....​ဒေါက်​...​ဒေါက်​"

"ဟဲ့....သိင်္ခ​ရေ....ညစာစားချိန်​ရောက်​နေပြီ​နော်​....ဆင်းမလာကြ​သေးဘူးလား "

သိင်္ခလဲ ဆုမွန်​ကိုစိတ်​ထဲမှကျိန်​ဆဲခါ ညဝတ်​အင်္ကျံ​ကောက်​ဝတ်​၍ တံခါးဖွင့်​ပြီး​ခေါင်းထွက်​ကြည့်​ခါ..ဘာလဲဆိုသည့်​သ​ဘောနှင့်​မေးဆတ်​ပြလိုက်​လေသည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now