ချစ်​တက်​လွန်းသူ၏ နှလူံသားမှသည်​၉

177 4 0
                                    

ချစ်​တက်​လွန်းသူ၏နှလုံးသားမှသည်​

အပို်​င်း ၉

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

စား​သောက်​ဆိုင်​တစ်​ခု၏​အေးစိမ့်​နေ​အောင်​air con များဖွင့်​ထား​သောသီးသန့်​ခန်းထဲတွင်​ညလွန်းယံတစ်​ယောက်​ချွေးပျံ​နေ​လေသည်​။

မယ်​မဒီမှစ၍..."ယံယံ...နင်​ဘာဆက်​လုပ်​မှာလဲ...နင့်​ဘဲကြီးကရန်​ကုန်​ထိလိုက်​လာရုံတင်​မဟုတ်​ဘူး နင့်​အ​မေနဲ့ပါသိ​နေပြီ​နော်​..."

"​အေး...ဟုတ်​တယ်​ယံယံ မင်း​တွေ့ပြီး​တော့ မျက်​နှာချင်းဆိုငိရှင်းသင့်​ပြီ​နော်​....လက်​ခံရင်​လက်​ခံမယ်​...လက်​မခံလဲ ငြင်းလိုက်​ကွာ...ခုလို​ရှောင်​ပြေး​နေတာ မင်း ဘယ်​နကြိမ်​လုပ်​နိုင်​မှာတဲ့လဲ"...ဟုဒီ​ရေကပါဝင်​ပြော​လေသည်​။

ထိုစဉ်​တစ်​ချိန်​လူံးကြားက​နေနား​ထောင်​နေ​သော​ခေတ်​သစ်​မှ..
."​တွေ့ပြီးရှင်းတာက​တော့ ဟုတ်​ပါပြီ....မင်းတို့ပတ်​သက်​မှုကိုအန်​တီမြတ်​သိသွားရင်​ရော....မင်း​ဖြေရှင်းဖို့စဉ်းစားထားပြီလား" ဟု​ပြော​လေသည်​။

ယံယံလဲ​တွေးမရသည့်​အဆုံး ငို​လေ​တော့သည်​..ထို့​နောက်​....

"ဟင့်​..အစ်​..ဟီး...မသိဘူးဟာ....ငါ...ငါသူနဲ့လဲ​တွေ့ချင်​တယ်​....မယ်​မယ်​သိမှာလဲ​ကြောက်​တယ်​....​ကျေလဲမ​ကျေနပ်​ဖူး"ဟု​ပြော​လေသည်​။

ထိုအခါ မယ်​မဒီ့မျက်​စောင်းက ညလွန်းယံစီ..ဒိုင်းခနဲထိုးခါ...
"သိမှာ​ကြောက်​ရင်​ဘာလို့သူ့စီကပြန်​ထွက်​ပြေးလာ​သေးလဲ...နင်​ဟိုမှာအပြီး​နေလိုက်​ပါလား....အခုလဲ​နောက်​မကျ​သေးပါဘူး...နင်​လိုက်​ပြေးရင်​မီ​သေးတယ်​" ဟု​ပြောလိုက်​လေသည်​။

မဒီ့အ​ပြောကို​ခေတ်​သစ်​မှဝင်​တား​လေသည်​။

"အဲ့လို​တော့ မရွဲ့နဲ့​လေမဒီရယ်​....အန်​တီမြတ်​သွေးတက်​ပြီး​ရှော​နေမယ်​...ဟိုဘဲကြီးနဲ့ငါတို့ အရင်​တွေ့ကြည့်​ရင်​ရော....အဆင်​ပြေမှ ယံယံ့ကို​ပြောပြပြီး​ပေး​တွေ့လိုက်​မယ်​လေ....ပြီးမှ အန်​တီမြတ်​လက်​ခံ​အောင်​ဆက်​ပြောကြတာ​ပေါ့...မ​ကောင်းဘူးလား..." ဟု​ပြော​လေသည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Wo Geschichten leben. Entdecke jetzt