ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
အပိုင်း ၄
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ညလွန်းယံ စိတ်ပျက်လွန်းသဖြင့်သိင်္ခအိပ်ယာပေါ်၌မှောက်ခုံကြီးအိပ်နေလေသည်။
ဗိုက်ထဲမှအသံပေါင်းစုံမြည်နေသော်လည်း မိမိနှင့်မသိသောနေရာရောက်နေသောကြောင့်အိပ်ပျော်ရန်သာကြိုးစားလေတော့သည်။ထိုစဉ်အခန်းတံခါးဖွင့်သံကြားသဖြင့်လှည့်ကြည့်လိုက်ရာ ခန့်သိင်္ခမောင်ဝင်လာခြင်းဖြစ်ပေသည်။
" ညီ.....ယံလေး...နေ့လည်စာစားရအောင်လေ "
" မစားဘူးဗျာ...လာမခေါ်နဲ့"
ယံယံမစားဘူးဟုငြင်းပေမယ့်ဗိုက်ထဲမှ ဂွီခနဲ မြည်သွားလေသည်။
သိင်္ခ
ယံလေး ပါးစပ်ကသာ မစားဘူးငြင်းနေတာ သူ့ဗိုက်ကအသံထွက်နေတာ ကျွန်တော်ကြားတာပေါ့....ဒီကလေး သက်သက်ခေါင်းမာနေတာ...တွေ့ကြသေးတာပေါ့....သိင်္ခလဲ ယံယံကိုယ်လေးအားဆွဲလှည့်ခါ အိပ်ယာထက်မှပွေ့ချီ၍ ထရပ်လိုက်လေသည်။
"အာ....ခင်ဗျားကြီး ဘာလုပ်တာတုန်း....အောက်ချပေး..."
"ယံလေးသာ အစောထဲက ကို့စကားနားထောင်ရင်ခုလိုပွေ့ချီစရာတောင်မလိူဘူး "
သိင်္ခ ယံလေးအားပွေ့ချီကာ အပေါ်ထပ်မှဆင်းလေသည်။
ထိုကလေးက အငြိမ်မနေလှုပ်စိလှုပ်စိနှင့်....
"ငြိမ်ငြိမ်နေနော်ငါပစ်ချလိုက်မှခွေးကျ ကျသွားမယ်"
ညလွန်းယံလဲ ခန့်သိင်္ခမောင်အား မျက်စောင်းထိုးခါ လည်ပင်းအားသိုင်းဖက်၍ လက်သည်းဖြင့်ခြစ်လေသည်။
Dinning roomရှေ့သို့အရောက်တွင်ယံယံမှ......
"ဟေ့လူကြီး ကျုပ်ပါသာလမ်းလျှောက်မယ်ချပေးတော့"
"ကိုကိုလို့ခေါ်လေ ......"
"ဘာ...မခေါ်နိုင်ပါဘူး"
YOU ARE READING
ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
Romanceချစ်ခဲ့မိတာကို အပြစ်လို့ဆိုရင်ချစ်ဖို့ကောင်းအောင်နေတဲ့မင်းကတရားခံပဲ