ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၆

186 3 1
                                    

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၆

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ယံယံ နံနက်​အိပ်​ယာထတိုင်း  သိင်္ခရဲ့မျက်​နှာ​ချော​ချောကို တဝကြီး​မော့ကြီးပြီးမှထ​လေသည်​။ ယခုလဲ သိင်္ခမျက်​နှာအား​ငေး၍​နေရာအနှံ့လက်​ချောင်း​လေးများနှင့်​တို့ထိ​နေ​လေသည်​။

သိင်္ခလဲ ယံယံအား ခါးမှဆွဲ၍ ရင်​ခွင်​ထဲထည့်​ခါဖက်​လိုက်​လေသည်​။

"ကိုကို နိုး​နေရင်​လဲလွှတ်​ဗျာ..အသက်​ရှူ ကြပ်​တယ်​"

"လူကိုခိုးကြည့်​ပြိး ဟိုထိဒီထိလုပ်​တာ ဘယ်​က က​လေး​လေးလဲ....."

"ကိုကို​နော်​..... က​လေးက ချစ်​လို့ကို"

"​ဟောဗျာ ကိုကိုကလဲချစ်​လို့ပါ​နော်​....ကိုကို့ကို morning kiss​ပေးဦး​လေ"

"ကိုကိုလူလည်​ကြီး....အာဘွား​ပေးမယ်​မွစ်​"

"ကိုကို့မနက်​ခင်း​လေးက​တော့ က​လေး​လေးအနမ်း​ကြောင့်​သာယာသွားပြီ...ချစ်​လိုက်​တာက​လေးရယ်​" ဟုဆိုခါ ယံယံ့နဖူး​လေးကိုနမ်းလိုက်​လေသည်​။

"ကိုကို....ဒီ​နေ့လဲ က​လေးနားမှာပဲ​နေ​နော်​..."ဟု အသနားခံတဲ့မျက်​လုံးများနှုင့်​သိင်္ခအား​မော့ကြည့်​ခါ​ပြော​လေသည်​။

"အယ်​ဒီ​နေ့ကိုကို companyသွားမှဖြစ်​မယ်​က​လေးရဲ့.....အလုပ်​တွေကိုစည်​သူနဲ့ပဲ လွှတ်​ထားလို့မရဘူး​လေ....ကိုကို​စော​စောပြန်​လာမယ်​လေ....​နော်​က​လေး​လေး စိတ်​မ​ကောက်​ရဘူး"

သိင်္ခလဲ နှုတ်​ခမ်းဆူပြခါ​ဂျစ်​တိုက်​နေ​သော ယံ​လေးအား နားလည်​အောင်​ပြောပြ​နေရ​လေသည်​။

ယံယံလဲ သိင်္ခကိုစိတ်​ကောက်​နေရာမှ ရုတ်​တရက်​သတိရ၍ သိင်္ခအလုပ်​အ​ကြောင်း​မေးလိုက်​လေသည်​။

"ကိုကို ကုမ္ပဏီက ဘာလုပ်​ရတာလဲ....က​လေး​မေးမယ်​မေးမယ်​နဲ့ သတိမရလို့ "

သိင်္ခ ယံယံ၏ ရုတ်​တရက်​အ​မေး​ကြောင့်​ကျောပင်​တောင့်​သွား​လေသည်​။တစ်​နေ့​နေ့တွင်​မေးလာမည်​ကိုသိ​သော်​လဲ ပြန်​ပြောစရာ အ​ဖြေမရှိ​ပေ။ထို့​ကြောင့်​.....
"က​လေး သိချင်​တာ​နောက်​မှ​မေး​နော်​ခု​တော့ထ မျက်​နှာသစ်​ကြမယ်​"ဟုဆိုခါ ယံယံအား ချီပိုး၍​ရေချိုးခန်းတွင်းသို့​ခေါ်​ဆောင်​သွား​လေသည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now